Thursday, February 2, 2012

ဖန်ဆင်းခြင်းအကြောင်း(၂)


                                ဒုတိယနေ့ ----မိုးမျက်နှာကြက်( ကမ္ဘာ ၁း ၆ ၈)
ဒုတိယနေ့ ၌ မိုးမျက်နှာကျက်အောက်၌ရှိသောရေနှင့် မိုးမျက်နှာကျက်အပေါ်၌ ရှိသောရေကို ပိုင်းခြားသည်။ မျက်နှာကျက်
ကိုလည်း မိုးကောင်းကင်ဟု ခေါ်သည်။( ကမ္ဘာ ၁း ၂ ) ၌ ရှုပ်ထွေးပျက်စီးသွားသော ကမ္ဘာကြီး ကို ပြန်လည်ဖန်ဆင်းခြင်း
(Re-creation)ဖြစ်သည်။ ဘုရားသခင်ပြန်လည်ဖန်ဆင်းခြင်းသည် အလွန်ပင်ဆန်းကြယ်လှသည်။ အဘယ့်ကြောင့်ဆို
သော်လူ့ ပညာ၊သိပ္ပံပညာသည် ယခုခေတ်၌ အလွန်တိုးတက်လာသော်လည်း ဘုရားသခင်၏ ပညာကို မမှီနိုင်ပါ။လူသည်
ရေစဉ်ကြီးလုပ်၍ ရေပန်းများဖြင့် ၎င်း အချို့ မိုးမရွာသည့်ဒေသများကို မိုးရွာစေလို၍ လေယာဉ်ဖြင့်မိုးတိမ်အတုလုပ်၍ ၎င်း
ရေကို အထက်သို့ ရောက်စေနိုင်သော်လည်း အတိုင်းအတာအလွန်နည်းသည်။ ဘုရားသခင်သည် အထက်သို့ ရေစင်မရှိ။
တိုင်မရှိ၊ ပိုက်မရှိ၊ စက်ကိရိယာမပါဘဲနှင့် ရေတင်နိုင်သည်။ တန်ဖိုးလည်းပေးစရာမလို၊ လူတင်သောရေသည် လူတိုင်းမရ
သည့်သာမက တန်ဖိုးပေးရန်လိုသည်။ မိုးရေရရှိခြင်းဖြင့် ဘုရားသခင်၏ကျေးဇူး မေတ္တာတော်ကြီးမားကြောင်းတွေ့ နိုင်သည်
အထက်မိုးမျက်နှာကျက်(ကောင်းကင်) ဆိုသည်မှာ ငှက်သတ္တဝါ ကမ္ဘာ( Chaotic Earth)၌ လေထုသို့ မဟုတ်မိုးတိမ်မရှိသ
ဖြင့် အထက်မိုးကောင်းကင်၌ ရေနှင့်မြေကြီးပေါ်၌ ရေကိုရရှိစေရန် ဘုရားသခင်က ပိုင်းခြားတည်ရှိစေခြင်းဖြစ်သည်။ ထိုအ
မှုအရာ ကောင်းသည်ကို ဘုရားသခင် မြင်တော်မူသည် ဟူ၍ အခြားဖန်ဆင်းနေ့ များ ၌ ပြောသကဲ့သို့  ဤဒုတိယနေ့ ၌ဖေါ်
ပြထားခြင်းမတွေ့ ရ။ ဤသို့ မဖေါ်ပြထားရခြင်းမှာ (ဧ ၂း ၂) ၌ စာတန်သည် အာကာသကောင်းကင်၏ တန်ခိုးကို အစိုးရ
သောမင်း (ဧ ၆း ၁၂ ) ၌ လောကီမှောင်မိုက်ကို အစိုးရသောမင်း မိုးကောင်းကင်၌ နေသောနတ်ဆိုးတို့ ၏ ခေါင်းဆောင်အ
ဖြစ် အာကာသကောင်းကင်နှင့် လေထုအတွင်းကျင်လည်သွားလာသဖြင့် ဘုရားသခင်က ကောင်းသည်ဟု မပြောခဲ့ခြင်းဖြစ်
နိုင်ပါသည်။

                   ခရစ်တော်၏နာမတော်မြတ်၌       အတား(မိုးကုတ်လီဆူ)

No comments:

Post a Comment