Showing posts with label sermon. Show all posts
Showing posts with label sermon. Show all posts
Saturday, January 28, 2012
ကိုယ်တော်၏စကားအတိုင်း
                      ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ဖြစ်ပါစေ”
                               (ရှင်လုကာခရစ်ဝင် ၁း၃၇-၃၈)
ဘုရားသခင် တတ်နိုင်တော်မမူသော အမှုမရှိဟု ပြောဆိုလျှင်၊- မာရိက၊ အကျွန်ုပ်သည်
ထာဝရဘုရား၏ ကျွန်မ ဖြစ်ပါ၏။။ ကိုယ်တော်၏ စကားအတိုင်း အကျွန်ုပ်၌
ဖြစ်ပါစေသော ဟု ၀န်ခံပြီးမှ၊ ကောင်းကင်တမန်သည် မာရိထံမှ သွားလေ၏။
မာရိ၏ ၀န်ခံစကားမှာ အလွန်ပင် အတုယူဖွယ်ရာဖြစ်ပါသည်။ ခရစ္စမက် အချိန်ရောက်တိုင်း မာရိ၏ဘ၀အသက်တာကို ပိုမို ဆင်ခြင်မိသည်။
ကျမ်းစာပညာရှိအများစု သဘောတူကြသည်မှာ မာရိသည် ဆယ်ကျော်သက်အရွယ် အမျိုးသမီးလေးတစ်ဦးမျှသာ ဖြစ်သည်။ ခန့်မှန်းခြေဖြင့် မြင်ယောင်ကြည့်လိုလျှင် (၁၆)နှစ်အရွယ် အမျိုးသမီးလေးတစ်ဦးကို မြင်ယောင်ကြည့်နိုင်သည်။
သူမတွင် ခင်ပွန်းသည်မရှိပါ။ သို့သော် ကောင်းကင်တမန် ဂါဗြေလက သူမ၌ ပဋိသန္ဓေတည်မည်ဟူသော ဘုရားသခင်၏ စကားကို ဆင့်ဆိုခဲ့သည်။ ထိုအခါ “ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ ဖြစ်ပါစေ” ဟု ၀န်ခံခဲ့လေသည်။ အသေအခြာ သူ့နေရာမှ နေကြည့်ကာ ဆင်ခြင်လျှင် ထိုစကားပြောဖို့ဆိုသည်မှာ လွယ်ကူသော အလုပ်မဟုတ်ပါ။
သူမသည် လူငယ်လေးတစ်ဦးမျှသာဖြစ်သည်။ သူမ၏ မိဘများအတူရှိနေခဲ့လျှင် မိဘများကိုယ်တိုင်၏ ငြိုငြင်မှုကို အကြီးအကျယ်ခံရမည်။ (အချို့သော အရှေ့အလယ်ပိုင်းဒေသများတွင် ယနေ့တိုင် ထိုသို့အိမ်ထောင်မရှိဘဲ ကိုယ်ဝန်ရှိလာသော သမီးအား အသေသတ်ခွင့် ဖခင်များတွင် ရှိသည် ဟု ဖတ်ဖူးပါသည်။) မာရိ ထိုသို့ဖြစ်သည်ကို ဘာသာရေးခေါင်းဆောင်များသိလျှင် ကျောက်ခဲနှင့်ပေါက်ကာ အသတ်ခံရကိန်းလည်း ရှိသည်။ သင်သာ သူ့နေရာတွင် ရှိခဲ့လျှင် ထိုအဖြစ်အပျက်အား ကောင်းကြီးမင်္ဂလာဟု မြင်ပါမည်လား။ သို့မဟုတ် ဘုရားသခင်အား မည်သို့တုံ့ပြန်မည်နည်း။
မာရိ၏ တုံ့ပြန်မှုမှာ “ကိုယ်တော်စကားအတိုင်း အကျွန်ုပ်၌ ဖြစ်ပါစေ” ဟူ၍ဖြစ်သည်။ ယနေ့ ခရစ်များအကြားတွင် “အလိုတော်အတိုင်းပဲပေါ့” ဆိုသော စကားမှာ ကြားရဖန်များသော စကားဖြစ်သည်။ အဓိပ္ပာယ်မှာ အခြားသောဘာသာဝင်များ၏ “ကံစီမံရာပေါ့” ဆိုသော စကားနှင့် မခြားပါ။ ကျမ်းစာသင်တန်းများတွင် ဘုရားသခင်၏အလိုတော်အား သိနိုင်ပါသလား ဟု မေးသောအခါများတွင် မသိနိုင်ပါ ဟု အများစုဖြေသည်ကို ကြုံဖူးပါသည်။ ထိုသို့မဟုတ်ပါ။ သိနိုင်သောအလိုတော်ရှိပါသည်။ မရှင်းလင်းသောအလိုတော်ရှိပါသည်။
မာရိ၏ စကားမှာ “အလိုတော်အတိုင်းပဲပေါ့” ဟူ၍ မဟုတ်ပါ။ “ကိုယ်တော်၏စကားအတိုင်း” ဟူ၍ဖြစ်ပါသည်။
အဓိပ္ပာယ်မှာ မာရိသည် ကိုယ်တော်၏ စကားကိုကြားသည်။ ထိုစကားအားဖြင့်ရလာမည့် အကျိုးကျေးဇူးကို ရှင်းလင်းစွာ မြင်နိုင်ခြင်းတော့ မရှိသေးပါ။ တနည်းအားဖြင့် အလိုတော်နှစ်ဆင့်ဟု ပြောလို့ရပါသည်။
ပထမတဆင့်မှာ ဘုရားသခင်၏စကားတော်ကို ကြားခြင်းဖြင့် သိလာသော အလိုတော်ဖြစ်ပါသည်။ ၄င်းမှာ သိနိုင်သော အလိုတော်ဖြစ်ပါသည်။ ခရစ်ယာန်များအနေဖြင့် နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း၊ တရားဟောချက်များကို ကြားနာခြင်း၊ နေ့စဉ်မြင်တွေ့ ကြားသိနေရသော ပတ်ဝန်းကျင်…စသည်တို့မှ ဘုရားသခင်၏ စကားကိုကြားကာ သိနိုင်သော အလိုတော် အမြောက်အများရှိပါသည်။
အပ်ကြောင်းထပ်ကာ သိထားပြီးသော အလိုတော်ပြောရမည်ဆိုလျှင်… သင်၏ဘုရားသခင် ထာဝရဘုရားအား စိတ်နှလုံးအကြွင်းမဲ့ ချစ်လော့၊ ကိုယ်နှင့်စပ်ဆိုင်သောသူအား ကိုယ်နှင့်အမျှချစ်လော့ ဟူသော အလိုတော်ပင်ဖြစ်သည်။ ကြားဖူး သိဖူးသော်လည်း စမ်းသပ်ရကောင်းမှန်း မသိသူအမြောက်အများ ရှိပါသည်။ ရန်သူကိုချစ်ပါ ဆိုသော ဘုရားသခင်၏အလိုတော်ကိုလည်း ကြားဖူးမည် ဖြစ်သည်။
ဒုတိယအဆင့်မှာ စကားတော်ကို လိုက်လျှောက်ခြင်းဖြင့် ကြုံတွေ့ရကိန်းရှိသော ဒုက္ခများအား ရင်ဆိုင်မည်ဆိုသော အလိုတော်ကို ၀န်ခံခြင်းဖြစ်သည်။ ၄င်းအား ဘာကြောင့်မှန်းမသိသော… မရှင်းလင်းသော အလိုတော်ဟု ခေါ်ဆို၍ ရနိုင်ပါသည်။ အချို့သော အလိုတော်များကို လိုက်နာခြင်းဖြင့် လက်ငင်းအကျိုးအား မတွေ့ကြရသောအခါ မလိုက်နာလိုကြပါ။ ဥပမာ မုသားမပြောပါနှင့် ဆိုသောအလိုတော်သည် လိုက်နာလျှင် လက်ငင် ဆိုးကျိုးများစွာ ရှိနိုင်သောကြောင့် အများစု က မုသာကိုသာ ရွေးချယ်လိုက်ပါသည်။
မိတ်ဆွေ သင် “ဘုရားသခင်၏စကားတော်အတိုင်း အကျွန်ုပ်၌ဖြစ်ပါစေ” ဟု ဆိုနိုင်ဖို့ရန် အသင့်ရှိပြီလား။ အာမင်
Friday, January 27, 2012
second coming of christ
                                              ခရစ်တော် ဒုတိယ အကြိမ်ကြွလာခြင်း
                                               The  second coming of Christ
ခရစ်တော် ပထမ အကြိမ် ကြွလာခြင်း လောက်သက်သေ အထောက်အထား ခိုင်လုံသေ သမိုင်းဖြစ်ရပ်မျိုး ဤကမ္ဘာမှာ မရှိခဲ့ပါ။  ပထမ   အကြိမ်ကြွ
လာခြင်း၌၊ မပြည့်စုံသော ပရောဖက် ပြုချက်များသည်၊ ဒုတိယ အကြိမ်ကြွလာခြင်း၌ အမှန်တကယ်ပြည့်စုံလိမ့်မည်။ ခရစ်တော်   ပထမ   အကြိမ်ကြွ
လာခြင်း၌၊ ဘာသာရေးခေါင်း ဆောင်များသည်၊ ခရစ်တော်၏ ပထမ အကြိမ်နှင့် ဒုတိယ အကြိမ်ကြွလာခြင်းကို၊ ခွဲခြား၍       မသိသောကြောင့်ခရစ်
တော်ကို ဖယ်ရှားခဲ့သည်။
ရှင်ပေတရုက “ ရှေးပရောဖက်များသည်၊ ခရစ်တော်၏ ဒုက္ခစရိယခံခြင်းနှင့်၊ ဘုန်းတော်ထင်ရှားခြင်းကို၊ နားမလည်ခဲ့” ဟုဆိုခဲ့သည်၊   ဤသို့ ဖြစ်ရခြ
င်းသည်၊ ခရစ်တော်ပထမ အကြိမ်နှင့် ဒုတိယ အကြိမ် ကြွလာခြင်းကို၊ ထင်ရှားစွာ ခွဲခြား၍မဖေါ်ပြခဲ့သော ကြောင့်ဖြစ်သည်။  သို့ သော်လည်း ကျွန်ုပ်
တို့ သည် ယခု အချိန်၌၊ ပရောဖက်ပြုချက်များ ပြည့်စုံနေပြီဖြစ်သော ကြောင့်၊ ခွဲခြား၍ သိနိုင်သည်။  မပြည့်စုံသေးသော အနာဂတ္တိ  စကားများသည်၊
အနာဂတ်ကာလ၌ အမှန်တကယ်ပြည့်စုံလိမ့်မည်ဟု၊ ယုံကြည်ရပါမည်။
ခရစ်တော်ပထမ အကြိမ်ကြွလာခြင်းသည်၊ အလွန်ပင် အရေးကြီးလှသည်။   သို့ သော်ခရစ်တော်    ပထမ အကြိမ်ကြွလာခြင်းဖြင့်၊ကျမ်းစာ အားလုံး
ပြည့်စုံလေပြီဟု မဆိုနိုင်ပါ။တချို့ တဝက်သာ ပြည့်စုံပြီး၊ ဒုတိယ အကြိမ်ကြွလာသော အခါ၊  အားလုံးပြည့်စုံပေလိမ့်မည်။   ခရစ်တော်သည် ဤလော
ကသို့ ကြွလာခြင်း နှစ်ကြိမ်ရှိသည်။ ခရစ်တော်၏ လုပ်ငန်းမှာ (ပရောဖက် အမှုဆောင်ရွက်ခြင်း၊)( ယဇ်ပရောဟိတ် အရာ၌ အယူခံ အမှု ဆောင်ရွက်
ခြင်းနှင့်)(၊ အုပ်ချုပ်သော ရှင်ဘုရင်မင်းမြတ် အမှုတော်၊ ဆောင်ရွက်ခြင်း)ဟူ၍ သုံးမျိုးရှိသည်။
တဖက်၌ ပထမ အကြိမ်ကြွလာ၍၊ လက်ဝါးကားတိုင်ကို ရည်ညွန်းပြီး၊ ကျန်တဖက်တွင် ဒုတိယ အကြိမ်ကြွလာပြီး၊ ဘုန်းတော်နှင့်ပြည့်စုံသောဦးရစ်သ
ရဖူကို ရည်ညွန်းထားသည်။ ဘိုးဘေးများ အပြစ်သို့ ကျဆင်းခြင်းနှင့်၊    ခရစ်တော် ပထမ အကြိမ်ကြွလာခြင်း၌၊   ယဇ်ပလ္လင်တစ်ခုရှိ၏။   ယဇ်ပလ္လင်
နောက်ဖက်တွင် ဘိုးဘေးများ ကျဆင်းခြင်းကို တွေ့ မြင်နိုင်သည်။ ရှေ့ ဖက်တွင် လက်ဝါးကားတိုင်ရှိ၍၊ ဒုတိယ အကြိမ်ကြွလာခြင်း၏၊နောက်တွင်စား
ပွဲတစ်လုံးရှိသည်။ စားပွဲ၏ နောက်တွင်   လက်ဝါးကပ်တိုင်ကို ညွန်းပြ၍၊ ရှေ့ ဖက်တွင်    ဒုတိယ အကြိမ်ကြွလာခြင်းကို ဖော်ပြထားသည်။ ဒုတိယအ
ကြိမ်ကြွလာခြင်းနှင့်၊ နိုင်ငံတော် ခေတ်ကာလအတွင်းတွင်၊ ရာဇ ပလ္လင်တစ်ခုရှိကြောင်းတွေ့ ရသည်။
ပလ္လင်၏ အရှေ့ ဘက်တွင်၊ ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ရည်ညွန်း၍နောက်ဘက်တွင် ခရစတော် ဒုတိယ အကြိမ်ကြွလာခြင်းကို ရည်ညွန်းထ
ားသည်။ ရှင်ပေါလုက “ ကိုယ်ကို ပူဇော်ခြင်းအားဖြင့် အပြစ်များကို သုတ်သင်ပယ်ရှင်းခြင်းငှါ၊ ပေါ်ထွန်းတော်မူ၏ “ ဟူ၍ ဟေဗြဲ ၉း ၁၆ ၌လည်းကေ
ာင်း ၂၈ ၌ “နောက်တဖန် ထိုသခင်ကို မျှော်လင့်လျက်နေသော သူတို့ ကို ကယ်တင်ခြင်း အလို့ ငှါ အပြစ်နှင့် မဆိုင်ဘဲ  ပေါ်ထွန်းတော်မူလတ္တံ” ဟူ၍
ထားသည်။
ရှင်ပေါလုသည် တိတုကို လည်း ခရစ်တော် ဒုတိယ အကြိမ်ကြွလာခြင်းနှင့် ပတ်သက်၍၊ ကြိမ်ဖန်များစွာ ပြောကြားခဲ့သည်။ခရစ်တော်သည် ပရောဖ
က်တစ်ပါးလည်း ဖြစ်သည်သာမက၊ သူ၏ဖြောင့်မတ်ခြင်း ပါရမီကို ၊ လူတိုင်းရရှိစေရန်၊သူ့ ကိုယ်သူညှင်းဆဲခြင်းငှါ၎င်း အပ်နှံခဲ့သည်။   သူသည်ယဇ်ပ
ရောဟိတ်တစ်ပါးလည်းဖြစ်၍၊ ယခုလောကသားများအတွက်၊ ခမည်းတော် ဘုရားသခင်ရှေ့ တော်မှောက်တွင်၊ အယူခံ    ဝင်ပေးလျှက်ရှိသည်။ ကျွန်
တော်တို့ အား ကယ်တင်သည် သာမကသန့် ရှင်းဖြူစင်စေသည်။
သူပြန်ကြွလာသောအခါ၊ ရှင်ဘုရင် အဖြစ် အုပ်စိုးလိမ့်မည်။ ဤအမှုအရာသည် ကျွန်တော်တို့ ၏ ဘုန်းအသရေတော်ဖြစ်၏။     ခရစ်တော် ပထမ အ
ကြိမ်ကြွလာခြင်းနှင့် ဒုတိယအကြိမ် ကြွလာခြင်းကြား၌ ကျေးဇူးတော်အားဖြင့် အသင်းတော် တည်နေခြင်းသည်လည်း၊     တိမ်းစောင်းမှားယွင်းမှုမရှိ။
ချွန်းချက်လည်းမရှိ။ ခရစ်တော် ဒုတိယ အကြိမ်ကြွလာခြင်း အားဖြင့်၊ လူကိုကယ်တင်ခြင်း အမှုနှင့် ၊ ပတ်သက်၍ ၊ ဘုရားသခင်   အကြံအစည်တော်
အားလုံး ပြီးစီးမည်ဖြစ်သည်။ ခရစ်တော် ပထမ အကြိမ်ကြွလာခြင်း သည် ကျွန်တော်တို့ ၏ ဝိညာဉ်ကို ကယ်တင်ပြီး၊ ဒုတိယ အကြိမ်ကြွလာသောအ
ခါ၊ခန္ဒာကိုယ်ကိုပါ ကယ်တင်လိမ့်မည်။ ထို နေ့ ရက်ရောက်လျှင်ခရစ်တော်၌ အိပ်ပျော်သူ အားလုံးပြန်ထမြောက်လာလိမ့်မည်။
                                        ၁၊    ဒုတိယအကြိမ်ကြွလာခြင်း၏ အထောက်အထားများ ( As to the fact )
(၁)          ခရစ်တော်ကိုယ်တိုင် မိန့် ကြားချက်  ( The testimony of Jesus Himself)
               “ လူသားသည် မိမိအဘ ခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက် ကောင်းကင်တမန်   အခြွေ အရံတို့ နှင့်ကြွလာတော်မူလတ္တံ။
               ထိုအခါ လူအသီးသီး ကျင့်သော အကျင့်နှင့် အလျှောက်       အကျိုးအပြစ်ကို   ဆပ်ပေးတော်မူလတ္တံ။ (မဿဲ ၁၆း ၂၇၊ ၂၅း ၃၁- ၃၂)
               ငါ့အဘ နေအိမ်၌ နေရာအခန်းများရှိ၏။     သို့ မဟုတ်လျှင် မဟုတ်ကြောင်းကို  သင်တို့ အား ငါမပြောဘဲမနေ၊သင်တို့ နေစရာ အရပ်ကို
               ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့ နေရာ အရပ်ကို ပြင်ဆင်ပြီးမှ တဖန်ပြန်လာ၍ငါရှိရာ အရပ်၌ သင်တို့ ရှိစေခြင်းငှါ သင်
              တို့ ကို ငါ့ထံသို့ သိမ်းဆည်းမည်။( ယော ၁၄း ၂-၃)
              “ ယေရှုက ငါကြွလာသည့် ကာလတိုင်အောင် ထိုသူကို နေစေခြင်းငှါ ငါအလိုရှိလျှင် သင်သည် အဘယ်သို့ ဆိုင်သနည်း”
               (ယော ၂၁း ၂၂ )
                                                                         ( ၁ )
Thursday, January 26, 2012
တရားဟောချက်
၂။ ခရစ်တော်၏ သဘောသဘာဝများThe Nature of  Christ
ခရစ်တော်၌ သဘောသဘာဝ နှစ်မျိုးရှိကြောင်း သမ္မာကျမ်းစာ ၌ တွေ့ ရှိရသည်။  ၎င်းတို့ မှာ ဘုရားဇာတိနှင့် လူ့ ဇာတိတို့ ဖြစ်သည်။ဤအရာကားနက်နဲလှ
ပေသည်။ ( ၁တိ ၃း ၁၆)
က။ ဘုရားဇာတိ  The deity  of Christ
ဤအချက်၌ လူအများ ကွဲလွဲသော နားလည် သဘောပေါက်မှု ရှိကြောင်း တွေ့ ရှိရပါသည်။ ခရစ်တော်သည် အမှန်စင်စစ် ဘုရားဖြစ်ကြောင်း၊  ဓမ္မဟောင်း
ကျမ်း အားဖြင့်  ရှင်းလင်းစွာ တွေ့ ရှိနိုင်ပေသည်။ ( ဟေရှာယ ၉း ၆ ၊ ယေ ၂၃း ၆ ၊ မိ ၅း ၂ ၊ မာ ၃း ၁ ) ဓမ္မသစ်ကျမ်းအားဖြင့် လည်း ပိုမို၍ ပြည့်စုံစွာ သိ
ရှိနိုင်ပေသည်။ ( မ ၁၁း ၂၇ ၊  ၁၆း ၁၆ ၊ ၂၆း ၆၃ ၊ ၆၄ ။ ယော ၁း ၁ ၊ ၁၈၊ ရော ၉း ၅ ၊ ၁ကော ၂း ၈ ၊ ၂ကော ၅း ၁၀ ၊ ဖိ ၂း ၆ ၊ ကော ၂း ၉ ၊ ဟေ ၁၁- ၃၊ ဗျာ ၁၉း ၁၆ ) ယေရှု ခရစ်သည် ဘုရားဖြစ်ကြောင်း ဘုရား၏ သဘောသဘာဝ များမှ သက်သေထူနိုင်ပါသည်။
( ၁ ) အမည်နာမ ကို ခေါ်ဆိုရာ၌ ဘုရား၏ အမည်နာမ အားဖြင့် ခေါ်ဆိုပါသည်။ ဘုရားဟူ၍ ခေါ်ထားခြင့် ခံရပါသည်။( ယော ၁း ၁ ၊ဟေ ၁း ၈ ၊ ) သားတော် ( မ ၈း ၂၉ ၊ မာ ၁း ၁ ၊ လု ၄း ၄၁ ၊ ) သခင် ( တ၄း ၃၃ ၊ လု ၂း ၁၁ ၊ ) အဦးဆုံးသောသူ  နောက်ဆုံးသောသူ ( ဗျာ ၁း ၁၇၊ ) အာလဖနှင့် ဩမေယ ( ဗျာ ၂၂း ၁၃ ၊ ) စသည့် အားဖြင့် လည်း ခေါ်ဆိုခြင်းခံရပါသည်။
( ၂ )ပြပ်ဝပ်ကိုးကွယ်မှုကို ခံယူသည်။ သမ္မာကျမ်း သွန်သင်သည်မှာ ဘုရားသာလျှင် ကိုးကွယ်ရပါမည်။ ( မဿဲ ၄း ၁၀) သူ့ အားကိုးကွယ်ခြင်းအမှုကို ခရစ်တော် သည် ခံယူကြောင်းတွေ့ ရပါသည်။ ( ယော ၄း ၁၀ ၊ မ ၁၄း ၃၃ ၊ လု ၂၄း ၅၂ ၊ ) ခပ်သိမ်းသော သတ္တဝါများ ( ဖိ ၂း ၁၀ ။ ၁၁) အားလုံးတို့ သည် ပြပ်ဝပ်ကိုးကွယ်ကြသည်။
(၃ ) ဘုရား၌ ရှိအပ်သော အရည်အချင်း အားလုံးနှင့် ပြည့်စုံသည်။ အစအဦး၌ ရှိသည်။ (ယော ၁း ၁ ၊ ၈း ၅၈ ၊ ဖိ ၂း ၆၊ ကော၁း ၁၆ ၊ ၁၇ )  အသက်ဖြစ်
သည် ။ ( ယော ၁း ၄၊ ၅း ၂၁ ) ပြောင်းလဲခြင်းမရှိ ( ဟေ ၁၃း ၈ ) ဘုရား၏ ဇာတိ အဖြစ်တော် ၏ ပြည့်စုံခြင်း အပေါင်းသည် ထင်ရှားသည်။ ( ကော ၂း ၉)
သမ္မာတရားဖြစ်သည်။ ( ယော ၁၄း ၆ ) သန့် ရှင်းဖြောင့်မတ်သည်။ ( တ ၃း ၁၄ )
(၄) သူ၏ လုပ်ဆောင်ချက်များ အားဖြင့် သိနိုင်သည်။ ဖန်ဆင်းရှင်ဖြစ်သည်။ ( ယော ၁း ၃ ၊ ဟေ ၁း ၁၀)  ခပ်သိမ်းသော အရာတို့ ကို မ စကူညီသည်။ ( ဟေ ၁း ၃ ၊ ) သေသောသူကို ရှင်ပြန်ထမြောက်စေသည်။ ( ယော ၆း ၃၉ ၊ ၄၀ ၊ ၅၄ ၊ ၁၁း ၂၅ )  အပြစ်ကို လွတ်သည်။ ( လု ၇း ၄၈ )  သန့် ရှင်းသောဝိ
ညာဉ်တော်ကို စေလွတ်သည်။ ( ယော ၁၅း ၂၆ ) တရားစီရင် ရသော အခွင့်အာဏာရှိသည်။ ( ယော ၅း ၂၂ ၊ မ ၂၅း ၃၁ - ၄၆ ၊ တ ၁၇း ၃၁ ။ ၂တိ ၄း ၁)
တရားဟောချက်
မင်္ဂလာ ရှိသော မျှော်လင့်ခြင်း ( The Blessed Hope )                        18/ 11 / 2011
              ခရစ်တော် ကြွလာခြင်းကို မျှော်လင့်ခြင်းသည် မင်္ဂလာ ရှိသော မျှော်လင့်ခြင်းဖြစ်ပါသည်။
ရှင်ပေါလုက
               “ငါတို့ ကို ကယ်တင်တော်မူသော အရှင် ယေရှု ခရစ်၏ ဘုန်းတန်ခိုး အသရေတော်ပေါ်ထွန်းသော အခါ ငါတို့ သည် မျှော်လင့်လျှက် ဘုရားဝတ်၌
ပျော်မွေ့ ခြင်းကို ပြုရမည့် အကြောင်း ဆုံးမသွန်သင်တော် မူ၏ ဟု မိန့် တော်မူ၏။    ( တိတု ၂း ၁၃ )တချို့ သော ယုံကြည်သူများ မျှော်လင့်ခြင်းသည် ကယ်
တင်ခြင်း အတွက်သာ မျှော်လင့်ကြသည်။ကယ်တင်ခြင်းသည် ခရစ်တော်ကို လက်ခံရရှိသည့် နေ့ မှစ၍ ရရှိလိုက်ပြီးဖြစ်သည်။ ကျွန်တော်တို့ ရရှိပြီးသောအရာ
ကို မျှော်လင့်စရာ မလိုတော့ပါ။ ခရစ်တော်ပြန်လာခြင်းကိုသာ မျှော်လင့်ရမည်။
လူသားတို့ ၌ အပိုင်းသုံးပိုင်းရှိသည်။ ကိုယ်ခန္ဒာ ၊ စိတ်နှလုံးနှင့် ဝိညာဉ်စသည့်တို့ ဖြစ်ပါသည်။ ကိုယ်ခန္ဒာ ပျက်စီးတတ်သဖြင့် ခရစ်တော်မပြန်လာလျှင် ကိုယ်ခ
န္ဒာရှင်ပြန်ခြင်းကို မျှော်လင့်စရာ အလျဉ်းမရှိပါ။ ထို့ ကြောင့်ခရစ်တော်ကြွလာခြင်းသည် မင်္ဂလာ ရှိသော မျှော်လင့်ခြင်း အတွက်ဖြစ်သည်။ သေလွန်သောသူမျာ
ရှင်ပြန်ထမြှောက်ဘို့ အတွက်သာ မျှော်လင့်နေခြင်းကား မဟုတ်ပေ။ ခရစ်တော်ပြန်ကြွလာ သောအခါ သေလွန်သူများ အဦးဆုံး  ထမြှောက်သည်သာမက အ
သက်ရှင်နေသော ကျန်ရစ်သူ အားလုံး မျက်စိတမှိတ်တွင် ကိုယ်ခန္ဒာ ပြောင်းလဲခြင်းသို့ ရောက်ရကြလိမ့်မည်။ ဟု မျှော်လင့်ခြင်းပေတည်။
မပုပ်တတ် မသေနိုင်သော အရာ၌ ဝင်စားရကြလိမ့်မည်။ ( ၁သက် ၄း ၁၃- ၁၈ ) မင်္ဂလာရှိသော မျှော်လင့်ခြင်းသည် သန့် ရှင်းစင်ကြယ်သော မျှော်လင့်ခြင်း
လည်းဖြစ်သည်။ ထို သို့ မျှော်လင့်သော သူမည်သည်ကား ကိုယ်တော်သန့် ရှင်းတော်မူသည့်နည်းတူ ကိုယ်ကိုကိုယ် သန့် ရှင်း စေတတ်၏ ( ၁ယော ၃း ၃ )
မျှော်လင့်ခြင်းအားဖြင့် သည်းခံခြင်းကို ဖြစ်ပွားတတ်၏။ ညီအစ်ကိုတို့ သခင်ဘုရား ကြွလာတော်မူသည့်တိုင်အောင် သည်းခံလျက် စောင့်နေကြလော။အကယ်
၍ လယ်လုပ်သောသူသည် အရင်မိုး နောက်မိုးကို ရသည့်တိုင်အောင် အဘိုးထိုက်သော မြေအသီးကို     သည်းခံလျက် စောင့်နေ၍ မျှော်လင့်တတ်၏ ဟု မိန့် 
တော်မူသည်။ ( ယာ ၅း ၇ )
မျှော်လင့်ခြင်း၌ သတိဖြင့် စောင့်မျှော်ခြင်းကို ဖြစ်စေတတ်၏။
သခင်သည် ညဦးအချိန် သန်းခေါင်အချိန် ကြက်ဦးတွန်ချိန် နံနက်အချိန်တို့ တွင် အဘယ်အချိန်၌ လာမည်ကို   သင်တို့ မသိသောကြောင့် စောင့်နေကြလော့။
သို့ မဟုတ်အမှတ်တမဲ့ လာ၍ သင်တို့ အိပ်ပျော်သည်ကို တွေ့ လိမ့်မည်။ စောင့်နေကြလော့ဟု သင်တို့ အား  ငါဆိုသည့်အတိုင်း ခပ်သိမ်းသော  သူတို့ အား ငါ
တို့ သည့် မိန့် တော်မူ၏။
ခရစ်တော်ပြန်လာမည်ကို စောင့်မျှော်နေသူတိုင်းသည် သတိနှင့် စောင့်နေရမည်။ ကျွန်တော်တို့ သည်    မနေသင့်သည့်နေရာ၌ မနေထိုင်းခြင်း၊ မပြုသင့်သည့်
အလုပ်ကို မလုပ်ခြင်း၊ လောကပစ္စည်းဥစ္စာ ကို တပ်မက်ခြင်းထက် ထာဝရ အသက်ကို ပိုမို မြတ်နိုးတွယ်တာခြင်း လောကီဥစ္စာသို လှောင်ခြင်း ထက် ပိုးရွ မစာ
း သူခိုး မခိုးမဖောက်ထွင်းရာ ကောင်းကင် ဘဏ္ဍာကိုသာ ဆည်းပူးစုဆောင်းရမည်။မင်္ဂလာ ရှိသော မျှော်လင့်ခြင်းဖြင့် အထက်အရာာ ကိုမျှော်လင့်တတ်စေရန်
ဘုရားရှင် ကူညီမစလိမ့်မည်။
ဤမျှော်လင့်ခြင်း ရှိခြင်းကြောင့် ကျွန်တော်တို့ ယုံကြည်ခြင်း ခွန်အားမယုတ်လျော့သွားပါ။ ယုံကြည်ခြင်းဖြင့် အစဉ်နိုးကြားစေပြီး သခင်ဘုရား၏ အစေခံအမှုကို
ထမ်းဆောင်နိုင်လိမ့်မည်။ ဤမျှော်လင့်ခြင်း ရှိသောသူသည် စိတ်နှလုံးဖြူစင်ပြီး ကိုယ်အလိုဆန္ဒကို ငြင်းပယ်လျက် သခင်ဘုရား အတွက် စွမ်းအားရှိသမျှ အမှု
တော်ထမ်းဆောင်နိုင်ပါမည်။ ထိုမျှော်လင့်ခြင်း ခိုင်မာတည်ကြည် အမြစ်စွဲ နေသောကြောင့် ခရစ်တော် ကြွလာသော အခါ အချည်းနှီး အကျိုးနဲ အရှက်တကွဲဖြ
စ်မည်မဟုတ်ပါ။
ချစ်သားတို့ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ ငါတို့ သည် အထံတော်တို့ ရောက်လျှင် ရဲရင့်ရသော အခွင့်ရှိ၍    ရှက်ကြောက်ခြင်းနှင့် ကင်း
လွတ်မည့် အကြောင်း သားတော်၌ တည်နေကြလော့ဟု မိန့် တော်မူ၏။(၁ယော ၂း ၂၈ )  ထို့ ကြောင့်ကျွန်တော်တို့ သည်  အစဉ်သတိထား၍ နိုးကြားလျက်
အိမ်ကို သန့် ရှင်းစေပြီး ခရစ်တော်ကြွလာသော အခါ စောင့်မျှော်နေလျှင် ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။       ထို့ အပြင် သခင်ဘုရားက  ကျွန်
တော်တို့ အား သစ္စာရှိသော ငယ်သားကောင်းဟု သမုတ်ပေးလိမ့်မည်။ ( မဿဲ ၂၅း ၁၄- ၃၀)
သခင်ဘုရားသည် ဤလောက၌ အနှစ်တထောင်စိုးစံဘို့ ရန် အတွက် ကြွလာလိမ့်မည်။ ခရစ်တော်ကြွလာခြင်းသည် ယုံကြည်သူများ အဘို့ ဝမ်းမြှောက်ခြင်းနှ
င့်ပြည့်ဝစေဖို့ ရန်သာဖြစ်သည်။ထို သို့ ကောင်းကြီးပေးတော်မူစဉ် တပည့်တော်တို့ နှင့်ခွါ၍ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၏။  တပည့်တော်တို့ 
သည် ကိုယ်တော်ကို ပြပ်ဝပ်ကိုးကွယ်ပြီးမှ အလွန်ဝမ်းမြောက်ဝမ်းသာခြင်းဖြင့် ယေရုရှလင် မြို့ သို့ ပြန်သွားကြ၏။ ( လုကာ ၂၅း ၅၁- ၅၂)
သခင်ဘုရားသည် တပည့်တော်တို့ နှင့် ခွါခဲ့ပြီး ကောင်းကင်ဘုံသို့ တက်ကြွသွားသော်လည်း တပည့်တော်များ ပျော်ရွင်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် တ
ဝတ်ဖြူ ကို ဝတ်လျက် လူနှစ်ဦးသည် တမန်တော်တို့ အနားမှာ ပေါ်လာပြီး သခင်ဘုရားပြန်ကြွလာမည်   ဟု ပြောကြားသည့်အတွက်     တမန်တော်များ ဝမ်း
မြောက်ဝမ်းသာ စွာဖြင့် ယေရုရှလင် မြို့ သို့ ပြန်လာကြခြင်းဖြစ်သည်။ ( တ ၁း ၁၁ )
              ခရစ်တော်ကြွလာခြင်းကို လက်မခံသောသူများက  ကဲ့ရဲ့လျက် ခရစ်တော်ကြွလာခြင်းကို မျှော်နေသော အသင်တို့ သည် အဘယ့်ကြောင့်ဤမျှ ကြီးကျယ်ခန်းနားသော ဘုရားရှိခိုးကျောင်းများ အဆောက်အဦးများနှင့် ကျမ်းစာကျောင်းများ ဆောက်ကြသနည်း အချည်းအနှီး သက်သက်ေ ဆာက်လုပ်နေ
ပြီဟူ၍ ပြစ်တင်ဝေဖန်ကြသည်။ ချီဆောင်ခြင်းခံ ပြီး ကျန်ရစ်သူများလည်း ဤဘုရားရှိခိုးကျောင်းများ အဆောက်အဦးများ လိုအပ်နေမှာဖြစ်သည်။ ယုံကြည်သူ
များ မချီဆောင်မခြင်း အလုက်ကို ကြိုးစားလုပ်ဆောင်ကြရမည် ဖြစ်သည်။
သို့ သော်လည်း ကျွန်တော်တို့ သည် ခရစ်တော်ပြန်လာမည်ကို အမြဲသတိရအောက်မေ့၍ နိုးကြားနေရမည်။ ခရစ်တော်ကြွလာသောအခါ ယုံကြည်သူများ ဘေးဒဏ်ကာလမှ လွတ်မြှောက်စေရန် သခင်ဘုရား ဆောင်ကျဉ်းလိမ့်မည်။ ဘေးဒဏ်ကြီး ကာလလွန်သော် သခင်ဘုရားနှင့် အတူ ဤလောကသို့ တဖန်ကြွ
ဆင်းလာဦးမည်။ ထိုအချိန်၌လည်း ကျွန်တော်တို့ ဆောက်လုပ်ခဲ့သော ဘုရားကျောင်းဗိမ္မာန်နှင့် အဆောက်အဦးများ ကို ပြန်လည်တွေ့ ရလိမ့်မည်။
ခရစ်တော်မကြွလာခင်မှာ ခရစ်တော်ကြွလာမည့် အကြောင်းကို အစဉ်ဟောပြောရမည်။ လူတို့ အား နောင်တရစေရမည်။ ငါသည် အသက်ငယ်သေးသည်၊
နောင်တရရန် အချိန်များစွာ ရှိပါသေးသည် ဟု ပြန်ပြောလာကြလိမ့်မည်။ခရစ်တော်ကြွလာသော အခါ အဆင်သင့်ပြင်ဆင်ထားပြီးသားဖြစ်ရမည်ဟု သွန်သင်
ရမည်။ ထိုအခါ သူတို့ သည် နောင်တရလိမ့်မည်။
ချစ်မိတ်ဆွေ သင်သည် ခရစ်တော်ကို ယုံကြည်သူ တစ်ဦးဖြစ်ပါသလား။ ယုံကြည်သူတစ်ဦးဖြစ်ခဲ့လျှင် ဤမင်္ဂလာ ရှိသောမျှော်လင့်ခြင်းသည် သင့်ထဲ၌ အစဉ်
ရှင်သန်နေပါစေ။ ခရစ်တော်လျင်မြန်စွာ ကြွဆင်းလာမည်ကို သင်စောင့်မျှော်နေပြီလား။ သင်၏ဇာတိအမှုများဖြင့်သာ ထိုနေ့ ရက်ကို စောင့်မျှော်နေသလား။ သင်သည် ခရစ်တော်ကို လက်မခံရသေးလျှင် အချိန်မှီနောင်တ ရလျက် ထာဝရ အသက်လမ်း၌ လျှောက်လှမ်းကြပါစို့ ။ သို့ ပြုလျင် ဤလောကနှင့် ပတ်သက်
သော ဘေးဒဏ်ကြီးနှင့် ထာဝရ ပျက်စီးခြင်းမှ အမှန်ပင်လွတ်မြောက်ခြင်း ရရှိလိမ့်မည်။ ( ဗျာ ၁၃း ၁၅ -၁၇)
အားလုံးအပေါ် မှာ ဘုရားသခင် ကောင်းကြီးရှိပါစေသော်။
                 အစဉ်သဖြင့်       အားတာ ( ahtar)