Friday, January 27, 2012
second coming of christ
                                              ခရစ်တော် ဒုတိယ အကြိမ်ကြွလာခြင်း
                                               The  second coming of Christ
ခရစ်တော် ပထမ အကြိမ် ကြွလာခြင်း လောက်သက်သေ အထောက်အထား ခိုင်လုံသေ သမိုင်းဖြစ်ရပ်မျိုး ဤကမ္ဘာမှာ မရှိခဲ့ပါ။  ပထမ   အကြိမ်ကြွ
လာခြင်း၌၊ မပြည့်စုံသော ပရောဖက် ပြုချက်များသည်၊ ဒုတိယ အကြိမ်ကြွလာခြင်း၌ အမှန်တကယ်ပြည့်စုံလိမ့်မည်။ ခရစ်တော်   ပထမ   အကြိမ်ကြွ
လာခြင်း၌၊ ဘာသာရေးခေါင်း ဆောင်များသည်၊ ခရစ်တော်၏ ပထမ အကြိမ်နှင့် ဒုတိယ အကြိမ်ကြွလာခြင်းကို၊ ခွဲခြား၍       မသိသောကြောင့်ခရစ်
တော်ကို ဖယ်ရှားခဲ့သည်။
ရှင်ပေတရုက “ ရှေးပရောဖက်များသည်၊ ခရစ်တော်၏ ဒုက္ခစရိယခံခြင်းနှင့်၊ ဘုန်းတော်ထင်ရှားခြင်းကို၊ နားမလည်ခဲ့” ဟုဆိုခဲ့သည်၊   ဤသို့ ဖြစ်ရခြ
င်းသည်၊ ခရစ်တော်ပထမ အကြိမ်နှင့် ဒုတိယ အကြိမ် ကြွလာခြင်းကို၊ ထင်ရှားစွာ ခွဲခြား၍မဖေါ်ပြခဲ့သော ကြောင့်ဖြစ်သည်။  သို့ သော်လည်း ကျွန်ုပ်
တို့ သည် ယခု အချိန်၌၊ ပရောဖက်ပြုချက်များ ပြည့်စုံနေပြီဖြစ်သော ကြောင့်၊ ခွဲခြား၍ သိနိုင်သည်။  မပြည့်စုံသေးသော အနာဂတ္တိ  စကားများသည်၊
အနာဂတ်ကာလ၌ အမှန်တကယ်ပြည့်စုံလိမ့်မည်ဟု၊ ယုံကြည်ရပါမည်။
ခရစ်တော်ပထမ အကြိမ်ကြွလာခြင်းသည်၊ အလွန်ပင် အရေးကြီးလှသည်။   သို့ သော်ခရစ်တော်    ပထမ အကြိမ်ကြွလာခြင်းဖြင့်၊ကျမ်းစာ အားလုံး
ပြည့်စုံလေပြီဟု မဆိုနိုင်ပါ။တချို့ တဝက်သာ ပြည့်စုံပြီး၊ ဒုတိယ အကြိမ်ကြွလာသော အခါ၊  အားလုံးပြည့်စုံပေလိမ့်မည်။   ခရစ်တော်သည် ဤလော
ကသို့ ကြွလာခြင်း နှစ်ကြိမ်ရှိသည်။ ခရစ်တော်၏ လုပ်ငန်းမှာ (ပရောဖက် အမှုဆောင်ရွက်ခြင်း၊)( ယဇ်ပရောဟိတ် အရာ၌ အယူခံ အမှု ဆောင်ရွက်
ခြင်းနှင့်)(၊ အုပ်ချုပ်သော ရှင်ဘုရင်မင်းမြတ် အမှုတော်၊ ဆောင်ရွက်ခြင်း)ဟူ၍ သုံးမျိုးရှိသည်။
တဖက်၌ ပထမ အကြိမ်ကြွလာ၍၊ လက်ဝါးကားတိုင်ကို ရည်ညွန်းပြီး၊ ကျန်တဖက်တွင် ဒုတိယ အကြိမ်ကြွလာပြီး၊ ဘုန်းတော်နှင့်ပြည့်စုံသောဦးရစ်သ
ရဖူကို ရည်ညွန်းထားသည်။ ဘိုးဘေးများ အပြစ်သို့ ကျဆင်းခြင်းနှင့်၊    ခရစ်တော် ပထမ အကြိမ်ကြွလာခြင်း၌၊   ယဇ်ပလ္လင်တစ်ခုရှိ၏။   ယဇ်ပလ္လင်
နောက်ဖက်တွင် ဘိုးဘေးများ ကျဆင်းခြင်းကို တွေ့ မြင်နိုင်သည်။ ရှေ့ ဖက်တွင် လက်ဝါးကားတိုင်ရှိ၍၊ ဒုတိယ အကြိမ်ကြွလာခြင်း၏၊နောက်တွင်စား
ပွဲတစ်လုံးရှိသည်။ စားပွဲ၏ နောက်တွင်   လက်ဝါးကပ်တိုင်ကို ညွန်းပြ၍၊ ရှေ့ ဖက်တွင်    ဒုတိယ အကြိမ်ကြွလာခြင်းကို ဖော်ပြထားသည်။ ဒုတိယအ
ကြိမ်ကြွလာခြင်းနှင့်၊ နိုင်ငံတော် ခေတ်ကာလအတွင်းတွင်၊ ရာဇ ပလ္လင်တစ်ခုရှိကြောင်းတွေ့ ရသည်။
ပလ္လင်၏ အရှေ့ ဘက်တွင်၊ ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ရည်ညွန်း၍နောက်ဘက်တွင် ခရစတော် ဒုတိယ အကြိမ်ကြွလာခြင်းကို ရည်ညွန်းထ
ားသည်။ ရှင်ပေါလုက “ ကိုယ်ကို ပူဇော်ခြင်းအားဖြင့် အပြစ်များကို သုတ်သင်ပယ်ရှင်းခြင်းငှါ၊ ပေါ်ထွန်းတော်မူ၏ “ ဟူ၍ ဟေဗြဲ ၉း ၁၆ ၌လည်းကေ
ာင်း ၂၈ ၌ “နောက်တဖန် ထိုသခင်ကို မျှော်လင့်လျက်နေသော သူတို့ ကို ကယ်တင်ခြင်း အလို့ ငှါ အပြစ်နှင့် မဆိုင်ဘဲ  ပေါ်ထွန်းတော်မူလတ္တံ” ဟူ၍
ထားသည်။
ရှင်ပေါလုသည် တိတုကို လည်း ခရစ်တော် ဒုတိယ အကြိမ်ကြွလာခြင်းနှင့် ပတ်သက်၍၊ ကြိမ်ဖန်များစွာ ပြောကြားခဲ့သည်။ခရစ်တော်သည် ပရောဖ
က်တစ်ပါးလည်း ဖြစ်သည်သာမက၊ သူ၏ဖြောင့်မတ်ခြင်း ပါရမီကို ၊ လူတိုင်းရရှိစေရန်၊သူ့ ကိုယ်သူညှင်းဆဲခြင်းငှါ၎င်း အပ်နှံခဲ့သည်။   သူသည်ယဇ်ပ
ရောဟိတ်တစ်ပါးလည်းဖြစ်၍၊ ယခုလောကသားများအတွက်၊ ခမည်းတော် ဘုရားသခင်ရှေ့ တော်မှောက်တွင်၊ အယူခံ    ဝင်ပေးလျှက်ရှိသည်။ ကျွန်
တော်တို့ အား ကယ်တင်သည် သာမကသန့် ရှင်းဖြူစင်စေသည်။
သူပြန်ကြွလာသောအခါ၊ ရှင်ဘုရင် အဖြစ် အုပ်စိုးလိမ့်မည်။ ဤအမှုအရာသည် ကျွန်တော်တို့ ၏ ဘုန်းအသရေတော်ဖြစ်၏။     ခရစ်တော် ပထမ အ
ကြိမ်ကြွလာခြင်းနှင့် ဒုတိယအကြိမ် ကြွလာခြင်းကြား၌ ကျေးဇူးတော်အားဖြင့် အသင်းတော် တည်နေခြင်းသည်လည်း၊     တိမ်းစောင်းမှားယွင်းမှုမရှိ။
ချွန်းချက်လည်းမရှိ။ ခရစ်တော် ဒုတိယ အကြိမ်ကြွလာခြင်း အားဖြင့်၊ လူကိုကယ်တင်ခြင်း အမှုနှင့် ၊ ပတ်သက်၍ ၊ ဘုရားသခင်   အကြံအစည်တော်
အားလုံး ပြီးစီးမည်ဖြစ်သည်။ ခရစ်တော် ပထမ အကြိမ်ကြွလာခြင်း သည် ကျွန်တော်တို့ ၏ ဝိညာဉ်ကို ကယ်တင်ပြီး၊ ဒုတိယ အကြိမ်ကြွလာသောအ
ခါ၊ခန္ဒာကိုယ်ကိုပါ ကယ်တင်လိမ့်မည်။ ထို နေ့ ရက်ရောက်လျှင်ခရစ်တော်၌ အိပ်ပျော်သူ အားလုံးပြန်ထမြောက်လာလိမ့်မည်။
                                        ၁၊    ဒုတိယအကြိမ်ကြွလာခြင်း၏ အထောက်အထားများ ( As to the fact )
(၁)          ခရစ်တော်ကိုယ်တိုင် မိန့် ကြားချက်  ( The testimony of Jesus Himself)
               “ လူသားသည် မိမိအဘ ခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက် ကောင်းကင်တမန်   အခြွေ အရံတို့ နှင့်ကြွလာတော်မူလတ္တံ။
               ထိုအခါ လူအသီးသီး ကျင့်သော အကျင့်နှင့် အလျှောက်       အကျိုးအပြစ်ကို   ဆပ်ပေးတော်မူလတ္တံ။ (မဿဲ ၁၆း ၂၇၊ ၂၅း ၃၁- ၃၂)
               ငါ့အဘ နေအိမ်၌ နေရာအခန်းများရှိ၏။     သို့ မဟုတ်လျှင် မဟုတ်ကြောင်းကို  သင်တို့ အား ငါမပြောဘဲမနေ၊သင်တို့ နေစရာ အရပ်ကို
               ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့ နေရာ အရပ်ကို ပြင်ဆင်ပြီးမှ တဖန်ပြန်လာ၍ငါရှိရာ အရပ်၌ သင်တို့ ရှိစေခြင်းငှါ သင်
              တို့ ကို ငါ့ထံသို့ သိမ်းဆည်းမည်။( ယော ၁၄း ၂-၃)
              “ ယေရှုက ငါကြွလာသည့် ကာလတိုင်အောင် ထိုသူကို နေစေခြင်းငှါ ငါအလိုရှိလျှင် သင်သည် အဘယ်သို့ ဆိုင်သနည်း”
               (ယော ၂၁း ၂၂ )
                                                                         ( ၁ )
No comments:
Post a Comment