Thursday, January 26, 2012

The Jews vol, 1


                                                             ဂျူးလူမျိုး

လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ မှ စ၍ ကိုယ်ထီးကိုယ်နန်း၊ကိုယ်မြို့ ပြယဉ်ကျေးမှု၊ နှင့် ကိုယ်ပိုင်အုပ်ချုပ်မှု စည်းမျဉ်းဥပဒေများ ရှိသည့် လူမျိုး များကြားမှ သီးသန့် ထင်ရှားသော၊ လူမျိုးတစ်မျိုးမှာ ၊ အစ္စရေးလ် ဟုခေါ်သည့် ဂျူးလူမျိုးပင်ဖြစ်သည်။သူတို့ 
၏နည်းဥပဒေသနှင့် ၊   အုပ်ချုပ်မှုစနစ်သည်၊ တခြားနိုင်ငံများနှင့်မတူချေ။သူတို့ နိုင်ငံသမိုင်းသည်လည်း၊ တခြားနိုင်ငံသမိုင်း
များနှင့် လုံးဝမတူညီချေ။ သူတို့ ကို တပါးအမျိုးသားများက၊ ညှင်းပန်းနှိပ်စက်ခြင်းအမျိုးမျိုး၊ဖိနှိပ်ချုပ်ချယ်ခြင်း၊တိုင်းတပါးသို့ 
သိမ်းသွင်းခြင်း၊ ကမ္ဘာအရပ်ရပ်သို့  ကွဲလွင့်ပြန့် နှံ့ သွားခြင်း၊   စသည့်များကို ဖြတ်သန်းကျော်လွှား လာရသည့်လူမျိုးတစ်မျိုး
ဖြစ်သည်။
ဂျူးလူမျိုး၏သမိုင်းသည် ရှေးခေတ်ကာလမှ စတင်ခဲ့ပြီး၊ ကမ္ဘာပေါ်၌မည်သည့်နိုင်ငံမှ  မတည်ရှိမှီအချိန်ကပင်၊ ကိုယ်တိုင်ပိုင်
နိုင်ငံရှိနှင့်ပြီးသားဖြစ်လေသည်။  ယခုမျက်မှောက်ကာလ၌လည်း၊  သူတို့ နိုင်ငံသမိုင်းသည်၊    တမူထူးခြားလျက်ပင်ရှိသေး
သည်။ဂျူးနိုင်ငံ၏ ကြွယ်ဝချမ်းသာမှုသည်၊ ရွှေရောင်လွှမ်းသောခေတ်( Golden Age )ရောမနှင့် ဂရိခေတ်မတိုင်မှီ၊အချိန်က
ဖြစ်လေသည်။
ရောမအင်ပါယာနှင့်   ဂရိနိုင်ငံတော်၌ အတတ်ပညာရှင်များ၊သမိုင်းပညာရှင်များနှင့်၊ အနုပညာရှင်များမပေါ်ပေါက်မှီအချိန်၌
ဂျူးနိုင်ငံတွင်   စာပေနှုင့် အ တတ်ပညာရှင်များထွန်းကားခဲ့ပြီး၊  အဘက်ဘက်မှ တိုးတက်နေသော၊နိုင်ငံတစ်နိုင်ငံဖြစ်ပြီးဖြစ်
လေသည်။   သူတို့ ၏စာပေအကြီးဆုံးမှာ သမ္မာကျမ်းပင်ဖြစ်သည်။တခြားကျမ်းစာသည် ဤကဲ့သို့ တွင်ကျယ်စွာ မသုံးစွဲကြ
ချေ။အာရှုရိပြည်လည်းပျက်သုန်းပြီး၊ ရောမအင်ပါယာလည်းပြိုကွဲခဲ့ပြီ။ဗာဗုလုန်နိုင်ငံသည်လည်း ဆိတ်သုန်းခဲ့လေပြီ၊ အီဂျစ်
နိုင်ငံလည်း အင်အားချိနဲ့ နေပြီ။
သို့ သော်လည်း ဂျူးနိုင်ငံသည် ရန်သူများပတ်လည်ဝန်းရံ၍ တိုက်ခိုက်ခံနေရသော်လည်း၊မပြိုကွဲဘဲ ရပ်တည်နေနိုင်ခဲ့သည်။
သူတို့ သည် ဆင်းရဲခက်ခဲသည့်အချိန်ကာလ၌လည်း၊ကြံ့ ကြံ့ ခံကာ    မားမားမတ်မတ် ရပ်တည်နေခဲ့သည်။ထို့ ကြောင့်ဂျူး
လူမျိုးသည် အံ့ဘွယ်ကောင်းသည့် ကမ္ဘာ့လူမျိုးတစ်မျိုးဖြစ်လေသည်။သူတို့ သည် နှစ်ပေါင်းများစွာ ကမ္ဘာအရပ်ရပ်သို့ ပြန့် နှံ့
သွားခဲ့ရ၍ ဘုရင်နှင့်နိုင်ငံများ လက်လွတ်ဆုံးရှုံးပြီး၊ တိုင်းတပါးလက်အောက်သို့  ကျရောက်ခဲ့သော်လည်း၊ တခြားလူမျိုးများ
နှင့်ရောနှောသွားခြင်းမရှိချေ။
သူတို့ လူမျိုးချစ်သည့်စိတ်ပြင်းထန်ပြီး၊ သူတို့ နိုင်ငံတဖန်ပေါ်ပေါက်လာရေးကိုသာ မျှော်လင့်ရုန်းကန်ကြလေသည်။ဂျူးလူမျို
းထဲ၌ ဘုရားသခင် အမှန်တကယ်ရှိနေကြောင်းကို တွေ့ ရသည်။    ထာဝရဘုရားက ပင်လယ်နီကိုလည်း နှစ်ပိုင်းဖြစ်အောင် အံ့ဘွယ်ရာဖြစ်စေသည်။သဲကန္တာရဒေသ၌ မန္နမုန့် ကို အနှစ်လေးဆယ်ခန့် ကျွေးမွေးခဲ့သည်။နေ့ အချိန်၌တိမ်တိုက်အားဖြင့်
၎င်း ညအချိန်၌ မီးတိုင်အဖြစ်ပြောင်းလဲ၍၎င်း လမ်းပြခဲ့သည်။
သူတို့ သည် တံပိုးခရာမှုတ်သောအခါ ရန်သူများ၏ မြို့ ရိုးသည် ပြိုလဲသွားခဲ့ရသည်။  နေမင်းကြီးသည်လည်းခေတ္တရပ်တန့် 
သွားပြီးသူတို့ ၏စစ်မက်ရေးရာ၌ အောင်မြင်စေလေသည်။   ထာဝရဘုရားသည်သူတို့ ကို အစဉ်ကွယ်ကာစောင့်ရှောက်သ
ဖြင့် ကောင်းကင်တမန်တပါးကပင်လျှင်၊    အာရှုရိစစ်သူရဲများ ( ၁၈၅၀၀၀)  ကို သုတ်သင်ဖယ်ရှားပေးလေသည်။ဂျူးနိုင်ငံ
သည် ယုံကြည်ခြင်း၏ ဖခင်ဖြစ်သောအာဗြံဟံက ဦးဆောင်၍ ပညတ်တရားတော်ရေးသားသူမောရှေ၊ အီဂျစ်ပြည်၌ ပညာရှိ
ယောသပ်၊ ရှင်ဘုရင်ဖြစ်သောဒါဝိဒ်၊ဆင်ခြင်တုံတရားနှင့်ပြည့်ဝသော ရှောလမုန်တို့ ပေါ်ထွန်းခဲ့သည်။ထိုအပြင်အနာဂတ်ကို
ဟောကြားသောပရောဖက် ဟေရှာယ၊ ယေရမိ၊ ယေဇကျေလ၊ နှင့်ဒံယေလတို့ လည်းပေါ်ထွန်းခဲ့သည်။  ဤပရောဖက်များ
သည်၊သြဇာကြီးမားသောပရောဖက်များဖြစ်သည်။ ထို့ အပြင်ပရောဖက်အားလုံးအပေါ်၌ သြဇာအကြီးမားဆုံးညောင်းသူမှာ
ဂါလိလဲပြည်သား ယေရှုခရစ်တော်ပင်ဖြစ်သည်။
အေဒီ ( ၁၀၀)ခန့် တွင် သြဇာညောင်းသူမှာ ရှင်ပေါလုဖြစ်သည်။ရှင်ပေါလုထက် သာလွန်သူတစ်ဦးမျှမရှိခဲ့ပေ။ယခုခေတ်၌
ဂုဏ်အသရေရှိကြီး ထင်ရှားကျော်ကြားသောသူများးပင်လျှင် ရှေးခေတ်ယုဒပြည်၌ ထင်ရှားခဲ့သော သူများကို မမှီနိုင်ချေ။ထို
သူများ၏ သမိုင်းသည် ဒီနေ့ ထိ  ကမ္ဘာတစ်လွှား ကျော်ကြားနေသည်မှာ    အလွန်ပင်အံ့သြဘွယ်ရာဖြစ်လေသည်။ဘုရင်ဖ
ရက်ဒရစ်(Frederick)က နန်းတွင်းဒေသနာ ဆရာတပါးအား   သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းထားသော ကျမ်း
ဖြစ်ကြောင်း သက်သေပြရန် မေးမြန်းလေသည်။
ထိုဓမ္မဆရာက   ဂျူးလူမျိုး၏ အထိမ်းအမှတ်သည်  ချုံပုတ်၌မီးလောင်၍ ချုံပုတ်မှာ  မလောင်ကျွမ်းခြင်းဖြစ်သည်ဟု ပြန်ဖြေ
ကြားလေသည်။ ဂျူးလူမျိုးအား ဒီနေ့ အထိ  ဘုရားသခင်က ဤလောက၌  မားမားမတ်မတ်  ရပ်တည်နေနိုင်ခြင်းသည်၊ကြီး
မားသော အမှုကို ဆောင်ရွက်ရန်အတွက် ရည်ရွယ်၍ တည်ရှိနေစေခြင်းဖြစ်လေသည်။
ဘုရားသခင်သည် ဂျူးလူမျိုးကို ရွေးကောက်၍ ဤကမ္ဘာ၌  ထာဝရဘုရားတပါးတည်ရှိသည်ကို သက်သေခံစေသည်။အာဗြံ
ဟံခေတ်ကာလအတွင်းလူအများသည်ရုပ်ထုဆင်းတုတော်ကို ကိုးကွယ်၍   ဘုရားအများရှိသည်ဟု ယုံကြည်ကြလေသည်။
ဘီစီ ၁၉၂၁ ခုမှစ၍ အေဒီ ၃၀ အထိ ဂျူးလူမျိုးများ မှလွဲ၍   ဤကမ္ဘာပေါ်တွင်  ဘုရားတပါးတည်းရှိသည်ကို ယုံကြည်သော
လူမျိုးမရှိချေ။ ထို့ ကြောင့်ဂျူးလူမျိုးများသည် တခြားသူများကို သွန်သင်၍  ဘုရားရှင်တပါးတည်းသာရှိကြောင်းသက်သေခံ
စေသည်။
တပါးအမျိုးသားများကို ဂျူးလူမျိုးက ခေါင်းဆောင်လမ်းပြမှု ပြုမှသာ ဤကမ္ဘာ၌     ဘုရားတပါးတည်ရှိကြောင်းကို ယုံကြည်
သက်ဝင်လာမည်ဖြစ်သည်။ ဒုတိယအနေနဲ့  ဘုရားရှင်သည် ဂျူးလူမျိုးမှ တဆင့်  သူ၏နှုတ်ကပတ် သမ္မာကျမ်းကို ရေးသား
စေပြီး ထိန်းသိမ်းထားစေသည်။လူမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်၊ဤ မြင့်မြတ်လှသော   သမ္မာကျမ်းစာတော်မြတ်ကို သွန်
သင်စေသည်။
ရောမသြဝါဒ၌ ယုဒ(ဂျူး)တို့ သည် ဘုရားသခင်၏ ဗျာဒိတ်တော်ကို ခံရကြ၏ ဟုဆိုထားသည်။(ရော ၁၃း၂)ထို့ ကြောင့်သမ္မ
ာကျမ်းစာ စာမျက်နှာတိုင်းသည် ဂျူးလူမျိုးများ ရေးထားသောစာများသာဖြစ်သည်။သူတို့ သည် ကျမ်းစာ စာလုံးတစ်လုံးသာ
မက၊ အနည်းဆုံးဗိန္တုလုံးမချန် အမှားအယွင်းမခံဘဲ ဂရုစိုက်၍ ရေးသားခဲ့သည်။ကျမ်းစာကို တစ်ခေတ်ပြီးတစ်ခေတ်လုံခြုံစွာ
သိမ်းထား၍ ဘာသာပြန်သောအခါ၌လည်း၊လွန်စွာသတိထား၍ ပြန်ဆိုလေ၏။
ဂျူးလူမျိုးများသာ မဟုတ်ခဲ့လျှင် သမ္မာကျမ်းစာသည် ဒီနေ့ ထိတည်ရှိနိုင်မှာ မဟုတ်ချေ။တတိယအနေနဲ့ ဘုရားရှင်သည်ဤ
လူမျိုးမှ တဆင့်လောကလူများကို ကယ်တင်ရန် ကယ်တင်ရှင်တစ်ပါး စေလွှတ်ဘို့  အကြံစည်တော်ရှိပြီးသားဖြစ်သည်။ထို့ 
ကြောင့် ခရစ်တော်ယေရှုဘုရားသည်ဂျူးလူမျိုးဖြစ်သည်။အာဒံမှ စ၍ ယေရှုတိုင်အောင် မျိုးဆက်ကိုလည်း အသေးစိတ်ရေး
သားထားလေသည်။
စတုတ္ထအနေနဲ့ ဘုရားသခင်သည် ဂျူးလူမျိုးကို အသုံးပြု၍ ကမ္ဘာ၌ ပုပ်သိုးဆွေးမြေ့ နေသော စနစ်ကို ပြန်လည်ကောင်းမွန်
စေသည်။ကယ်တင်ခြင်း အကြောင်းသည် ယုဒ(ဂျူး) ထံမှ ရရှိနိုင်ကြောင်းရေးသားထားသည်။    (ယော၎း ၂၂)ဤအချက်
သည် ယေရှုကို ယုဒလူမျိုးမှ ပေါက်ဖွားလာခြင်းကို မဆိုလို။ယုဒလူမျိုးများ ကိုးကား၍ လောက၏ဆားဖြစ်သည်ဟုသာ မိန့် 
ဆိုထားလေသည်။ ဘုရားရှင်သည် ဂျူးလူမျိုးမှ တဆင့် ဤလောက၌ ဖြောင့်မတ်ခြင်းနှင့်ပြည့်စုံသောစနစ်များထွန်းကားစေ
ရန်ရည်ရွယ်သည်။
ယုဒလူမျိုးအား မျိုးသုန်းအောင်ဖျက်ဆီးပါက နောဧလက်ထက်၌ ကမ္ဘာကို ရေလွှမ်းမိုး၍ နောဧမိသားစုသာ ကယ်တင်ခြင်းရ
သကဲ့သို့ လောတလက်ထက်၌လည်း သောဒုံနှင့်ဂေါမောရအား ငရဲမီးကန့် အားဖြင့် မြို့ ကို   မီးမိုးရွာစေပြီး၊ဖျက်ဆီး၍ လော
တနှင့် သမီးနှစ်ဦးသာ လွတ်မြောက်သကဲ့သို့ ကမ္ဘာလူသားအားလုံးကို ဖျက်ဆီးပေလိမ့်မည်။ကျွနု်ပ်တို့ သည် ရှင်ပေတရု၏
စကား( ယာကုပ်စကားကို ကိုးကား) တော် ကို သေချာလေ့လာလျှင်( တ ၁၅း ၁၃-၁၈)ထို့ အပြင်ရှင်ပေါလု၏စကား( ရော
၁၁း ၁-၅။၁၁၊၁၂၊ ၁၅၊ ၁၇၊ ၂၃-၂၇)များကို လေ့လာလျှင် ခရစ်တော်သည် ဂျူးလူမျိုး၏    အနာဂတ်ကာလကို ရည်ရွယ်၍
ပြောဆိုခြင်းဖြစ်သည်။ဂျူးလူမျိုးများသည် လူမျိုးတကာတို့ ၏ ကံကြမ္မာအရင်းအမြစ်ဖြစ်၍   လူမျိုးတကာတို့ ကို ကယ်တင်
သောကျေးဇူးပေးရန်နှင့် လူမှုရေးပြုပြင်ပြောင်းလဲပေးသော မတ္ကိုင်သဖွယ်ဖြစ်လေသည်။လောက၌ ယခုအချိန်လူများ စာရိ
တ္တကျင့်ဝတ်များ ကျဆင်းနေရခြင်းသည် ယုဒလူမျိုး၏ ဆားအငန်ဓါတ်ပျက်ပြေသွားခြင်းကြောင့်သာဖြစ်သည်။ဂျူးလူမျိုးများ
၏ဆားအငန်ဓါတ် ဆက်လက်၍ ပျက်ပြားနေပါက လူသားများ ကျင့်ဝတ်တရားများ ကျဆင်းမှုသည်    လွန်စွာဆိုးဝါးလာပါ
လိမ့်မည်။သို့ သော်ဘုရားသခင်သည် ဂျူးလူမျိုးများးအား ပြန်လည်တဖန် ဆားဓါတ်ဖြည့်စွက်ပေး၍ နိုင်ငံတစ်နိုင်ငံပြန်လည်
ထူထောင်လာလိမ့်မည်။ ဂျူးလူမျိုးများ သမိုင်းစဉ်ကို သုံးပိုင်း  ပိုင်းခြားထားလေသည်။ ၎င်းတို့ မှာ အတိတ်ကာလ၊  ပစ္စုန်ပ္ပန်
အနာဂတ်ကာလ ဟူ၍ သုံးမျိုးခွဲခြားထားလေသည်။



                     မှုတော်မြတ်၌ ( အတား) မိုးကုတ်

No comments:

Post a Comment