Showing posts with label myanmar. Show all posts
Showing posts with label myanmar. Show all posts

Sunday, January 29, 2012

တရားဟောချက်


                                                      ယုံကြည်သူ၌ ရှိအပ်သောတာဝန်သုံးရပ်။

ဤကမ္ဘာသို့  မိမိပြန်လည် ကြွမလာမချင်း မျှော်လင့်ချက်မရှိဘဲ ရော်ရွက်ဝါပမာပျံလွင့်ကာ ခြေဦးတည့်ရာ လျှောက်သွားရန် ဘုရားသခင်သည် ကျွန်ုပ်တို့ ကို
ကယ်တင်တော်မမူ။ ကယ်တင်ခြင်းရလျင် ရချင်းတာဝန်သုံးရပ်ပေးခြင်းခံလျက်ရှိသည်။ ၎င်းတာဝန်များက ကျွန်ုပ်တို့ အသက်တာ၏ အဓိပ္ပါယ်ကို    ဖေါ်ပြပြီး၊
တွေ့ ကြုံရသော လူသူတိုင်း မည်ကဲ့သို့ ဆက်ဆံရမည်ကို လည်း ပြောပြလျက်ရှိ၏။ ငါအဘယ့်ကြောင့်ဤနေရာရောက်နေပါသနည်း ဟူ၍ ယုံကြည်သူသည်အံ့
သြနေစရာမလိုပါ။ယုံကြည်သူတိုင်း၌ ရှိသော တာဝန်သုံးရပ်တို့ သည်

၁။ ယဇ်ပုရောဟိတ်ဖြစ်ခြင်း  ။ ဘုရားသခင်နှင့် ကျွန်ုပ်တို့ ၏ ပေါင်းသင်းဆက်ဆံရေး( ၁ပေ ၂း ၅- ၉) ယုံကြည်သူ အသီးသီးတို့ သည်     ဘုရားသခင်ထံသို့ 
ယဇ်ပုရောဟိတ်များဖြစ်ကြရာ၊ ကျေးဇူးတော် ပလ္လင်ရှေ့ မှာ မိမိကို မိမိ ကိုယ်စားပြုပိုင်ခွင့်ရှိကြသည်။ ( ဟေဗြဲ၁၀း ၁၉-၂၂)သည် ဘုရားသခင်နှင့် သာ၍နီးရန်
ကျွန်ုပ်တို့ ကို အကြံပေးလျက်ရှိ၏။

ဂရိစကားလုံး ( proserchomai ) သည် မျက်နှာချင်းဆိုင်ဆုံတွေ့ ခြင်း ဟူ၍ အဓိပ္ပါယ်ရသည်။ ကျွန်ုပ်တို့ ဘုရားသခင်ကို ဝန်ချတောင်းပန်ခြင်းအားဖြင့် ချဉ်းက
ပ်လျက်ရှိသည့်အတိုင်း အပြစ်ရှိသမျှအတွက် အဖိုးအခပေးပြီး ကျွန်ုပ်တို့ ကို ကယ်နှုတ်တော်မူပြီးဖြစ်ကြောင်း သိကြပါသောကြောင့် ပလ္လင်တော်ရှေ့ တွင် ရဲရင့်
စွာ လျှောက်သွားနိုင်ခြင်းဖြစ်သည်။( ဟေ ၄း ၁၆)ဘုရားသခင်သည် ကျွန်ုပ်တို့ ကို မိမိနှင့် မျက်နှာချင်းဆိုင် နေစေရန် ဆန္ဒရှိတော်မူ၏။

ကျွန်ုပ်တို့ ၏ ယဇ်ပုရောဟိတ်ဖြစ်ခြင်းသည် ကာယကံရှင် နှင့် ဘုရားသခင်နှင့်သာ သက်ဆိုင်သည်။ အခြားယုံကြည်သူနှင့် ဘုရားသခင်အကြားမှာ မည်ကဲ့သို့ 
သော ဆက်ဆံရေး အဆင့်ရှိကြောင်း မည်သူမျှ မသိရပါ။ နှုတ်ကပတ်တော်ကို လေ့လာခြင်း အားဖြင့် ကျွန်ုပ်တို့ သည် (ယဇ်ပုရောဟိတ်များဖြစ်ကြောင်းသိရ၍
ယဇ်ပုရောဟိတ်ကဲ့သို့ လှုပ်ရှားကြရသည်။ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့ ကို ဘုရားသခင် က စကားပြောခြင်းဖြစ်ရာ ဆုတောင်းခြင်းသည် ကျွန်ုပ်တို့ ကဘု
ရားသခင်ကို စကားပြောခြင်း ဆက်ဆံခြင်းဖြစ်သည်။

ကျွန်ုပ်တို့ ၏ တာဝန်သည် ( က) ဘုရားသခင်နှင့် အစဉ်မိတ်သဟာယဖွဲ့ ခြင်း( ၁ကော ၁၁း ၂၈-၃၂၊ ၁ယော ၁း ၇-၉) (ခ) ဆုတောင်းရန်(ဟေ ၁၃း ၁၅၊၁သ
က်၅း ၁၇-၁၉) နှင့် (ဂ) ကျေးဇူးတော်၌၎င်း ငါတို့ ကို ကယ်တင်တော်မူသောအရှင် သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌၎င်း ကြီးပွါးရန်ဖြစ်ပါသည်။(၂ပေ၃း ၁၈)

၂။ သံတမန်ဖြစ်ခြင်း။ ။ မယုံကြည်သူများနှင့် ကျွန်ုပ်တို့ ၏ ပေါင်းသင်းဆက်ဆံရေး(၂ကော ၅း ၁၇- ၂၀)  ဘုရားသခင်သည် ကျွန်ုပ်တို့ ကို ပြန်လည် သင့်မြတ်
စေရေး အမှုတော်ထမ်းရွက်ရန် တာဝန်ပေးထားတော်မူပါသဖြင့် သံတမန် များအဖြစ် အစေခံကြရလိမ့်မည်။ ကယ်တင်ခြင်းမရရှိသေးသောသူများနှင့်      ပတ်
သက်၍ ကျွန်ုပ်တို့ မှာ တာဝန်ရှိသည်။ ( တ ၁း ၈) ယေရှု ကြွလာတော်မူခြင်းသည် ပျောက်သောသူရှာရန်ဖြစ်သည်။ ( လု ၁၉း ၁၀) ကိုယ်တော်တိုင်အမှုတေ
ာ်မြတ်ကို စတင်ခဲ့ပြီး ယနေ့ ကျွန်ုပ်တို့ အားဖြင့် ဆက်လက်ထမ်းဆောင်တော်မူလျက် ရှိ၏။

( တ ၁း ၁ ) ခရစ်တော်၏သံတမန်အနေဖြင့်  လူသားများကို ဘုရားသခင်နှင့် ပြန်လည် သင့်မြတ်စေရေးသည် ကျွန်ုပ်တို့ ၏တာဝန်ဖြစ်သည်။(ဟေ ၁၀း ၂၃)
မျှော်လင့်ခြင်း အကြောင်းကို ဝန်ခံ၍ မတိမ်းမယိမ်း မရွေ့ မလျော့ဘဲ တည်ကြည်စွာ နေရန် သွန်သင်၏။ katecho သည် သင်္ဘောသားသုံးစကားလုံးဖြစ်ရာ ရည်မှန်းထားသောနေရာသို့  တည့်မတ်စွာမောင်းခြင်း ဟူ၍ အဓိပ္ပါယ်ရသည်။

Elpis သည် အလွန်သေချာသောအရာကို မျှော်လင့်ခြင်း ဟူ၍ အဓိပ္ပါယ်ရသည် ။ ဘုရားသခင်၌ စိတ်ချမှုရှိခြင်းသည် လူတို့ ၏ ရှေ့ ၌ ဇွဲသတ္တိရှိစေသည်။ယဇ်ပု
ရောဟိတ်အနေဖြင့် ကျွန်ုပ်တို့ ၏ လှုပ်ရှားမှုများသည် ဘုရားသခင်နှင့် အကျွမ်းဝင်မှုကို တိုးပွားလာစေပြီး သံတမန်အနေဖြင့် ကျွန်ုပ်တို့ ၏ လှုပ်ရှားမှုများသည်
သာ၍ထိရောက်မှုရှိသည်။

၃။ အမှုဆောင်ခြင်း။  ။ ယုံကြည်သူများနှင့် ကျွန်ုပ်တို့ ၏ ပေါင်းသင်းဆက်ဆံရေး( ၁ကော၁၂း ၇၊၁၁။ ရော ၁၂း ၁-၈) ကျွန်ုပ်တို့ အသီးသီးသည် ယုံကြည်သူ
အသီးသီးထံသို့  အစေတော်ခံရန် ခေါ်တော်မူသော သူများဖြစ်ကြသည်။ ရရှိသော ဆုကျေးဇူးများက မည်သည့်အမှုတော်ကို သာ၍အာရုံပြုသင့်ကြောင်းဖေါ်
ပြလျက်ရှိသည်။ ကယ်တင်ရသည့်အချိန်မှာ ယုံကြည်မှု အသီးသီးတို့ သည် ဆုကျေးဇူးများပေးလျက်ရှိရာ ၎င်းအားဖြင့် ခရစ်တော်၏ ခန္ဒာကိုယ်(ယုံကြည်သူ
များ) ကို အစေခံရန်ဖြစ်သည်။

ဝိညာဉ်တော်က အလိုတော်ရှိသည့်အတိုင်း ပေးတော်မူသော ထိုဆုကျေးဇူးက ကျွန်ုပ်တို့ ၏ အသက်တာအတွက် ဘုရားသခင် ၏ အကြံအစည်တော်ကိုထင်
ရှားစေသည်။ အသင်းတော်သည် ဝိညာဉ်တော်ဆု ကျေးဇူးအားဖြင့် တည်ဆောက်လျက် ခွန်အားပေးခြင်း ခံရသည်။ (ဟေ၁၀း ၂၄-၂၅ ) သည် မေတ္တာစိတ်ရှိ
ရန် ကောင်းသောအကျင့်ကျင့်ရန်၊ တစ်ဦးနှင့် တစ်ဦး တိုက်တွန်းနှိုးဆော်ရန် ကျွန်ုပ်တို့ ကို သွန်သင်လျက်ရှိ၏။ (စဉ်းစားဆင်ခြင်သည်) ဟု အဓိပ္ပါယ် ပြန်လေ့ရှိ
သော katanoeo သည် စိတ်နှလုံးအားဖြင့် သိရှိမှတ်သားထားခြင်း အာရုံပြုခြင်း၊ အဓိပ္ပါယ်ရသည်။

ဝိညာဉ်ဆုကျေးဇူးများကို လက်တွေ့ အသုံချရာတွင် အထူးအာရုံစိုက်ခြင်း သူတစ်ပါးနှင့်၎င်းတို့ ၏ လိုအပ်ချက်များကို စဉ်းစားရာတွင် စိတ်နှလုံးစွမ်းအားကိုလ
ည်းအသုံးပြုတတ်ရမည်။ မိမိကိုမိမိ အစဉ်မေးအပ်သော မေးခွန်းသည် ( ဝိညာဉ်တော်ခွန်အားဖြင့် အသက်ရှင်ရန် တစ်စုံတစ်ယောက်သောသူကို ကျွန်ုပ်မည်
ကဲ့သို့ စိတ်လှုပ်ရှားစေနိုင်ပါမည်နည်း ဝိညာဉ်ဆုကျေးဇူးကို ယနေ့ တစ်ဦးတစ်ယောက်သောသူအား ခွန်အားပေးနှိုးဆော်ရန် ကျွန်ုပ်မည်ကဲ့သို့ အသုံးချမည်န
ည်းဟူသောမေးခွန်းဖြစ်ပါသည်။



ဆရာအတား(မိုးကုတ်)