Tuesday, February 7, 2012

ခေတ်ကာလများ (၄)


                                           ဘိုးဘေးများခေတ် (The  Patrianchal  Dispensation )
    ဤခေတ်သည် အာဗြံဟံကို ခေါ်သောအချိန်မှ ဂျူးလူမျိုးများ အီဂျစ်ပြည်မှ ထွက်မြောက်ခြင်းအထိ ကြားကာလဖြစ်သည်
မိသားစုခေတ်ဟုလည်းခေါ်နိုင်သည်။ ဗာဗုလုန်ရဲတိုက်ဆောင်၍ ကွဲပြားသောအချိန်မှ စ၍ နောဧမှဆင်းသက်သော သားစဉ်
မြေးဆက် တို့ သည် ရုပ်တုကို ကိုးကွယ်ကြ၏။ အာဗြံဟံ၏ ဖခင်ကိုယ်တိုင်လည်း ရုပ်တုကိုးကွယ်သောသူဖြစ်၏။ ဘုရားသ
ခင်သည် အာဗြံဟံအားရွေးကောက်၍ ခေါ်တော်မူ၏။ အာဗြံဟံလည်း ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် လိုက်၏။ ထို့ 
ကြောင့် အာဗြံဟံသည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းကို ရ၏။( ကမ္ဘာ ၁၅း ၆) ဘုရားသခင်သည် အာဗြံဟံအားဖြင့်
လူမျိုးတမျိုးတည်ထောင်၍ သူ၏သက်သေဖြစ်ဘို့ ရန်ရည်ရွယ်၏။ ဘုရားသခင်သည် အာဗြံဟံအား သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့ သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည် ဟုဆို၏။(ကမ္ဘာ ၂၂း ၁၈)
 ဘုရားသခင်က သင်၏အမျိုးအနွယ်ဟု ဆိုရာ၌ က္ကုဇက်ကို ဆိုလိုခြင်းမဟုတ်။ ထိုအကြောင်းကို တမန်တော်ရှင်ပေါလုက
(ဂလာ ၃း ၁၆) ၌ ဂတိတော်အာဗြံဟံနှု့် သူ၏အမျိုးအနွယ်၌ ထားတော်မူ၏။ အမျိုးအနွယ် တို့  ဟု အများသောသူတို့ ကို
ရည်မှတ်၍ မိန့် တော်မူသည်မဟုတ်။ သင်၏အမျိုးအနွယ် ဟုတယောက်သောသူကို ရည်မှတ်၍ မိန့် တော်မူ၏။ ထို တ
ယောက်သောသူကို ရည်မှတ်၍ မိန့် တော်မူ၏။ ထိုတယောက်သောသူကားခရစ်တော်ဖြစ်သည်။ ထို့ ကြောင့်ဘုရားသခင်
သည် အာဗြံဟံထံမှ ခရစ်တော်ပေါ်ထွန်းမည့်အကြောင်း ဖော်ပြခဲ့၏။ ခရစ်တော်အားဖြင့် လူမျိုးအပေါင်း (တပါးအမျိုးသား)
မိတ်ဆွေနှင့် ကျွန်တော်အပါအဝင် ကောင်းကြီးခံစားဘို့ ရန်ဖြစ်သည်။ အာဗြံဟံသည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်း
ကိုရ၏။(ကမ္ဘာ ၁၅း ၆ ။ ရော ၄း ၂-၃) ယုံကြည်ခြင်း၏ တံဆိပ်အဖြစ် အရေဖျားလှီး မင်္ဂလာကို လည်းခံရ၏။(ရော ၄း ၁၂
 ယုံကြည်ခြင်းရှိသော သူတို့ ၏ အဘလည်းဖြစ်၏။ ဘုရားသခင်၏ အဆွေလည်းဖြစ်၏။ ဘုရားသခင်နှင့်နီးနီးကပ်ကပ်စ
ကားပြောရ၏။ ထို ကြောင်းယုံကြည်သောသူတို့ ကောင်းကင်ရောက်သောအခါ အာဗြံဟံရင်ခွင်ရောက်သည်ဟုဆိုတတ်၏
(လု ၁၆း ၂၃ ) ယုံကြည်သောသူတို့ ကို အာဗြံဟံ၏ သားတော်ဟုလည်းခေါ်၏။(ဂလာ ၃း ၇) ထိုသို့ အာဗြံဟံသည် ယုံ
ကြည်ခြင်းအားကြီးသော်လည်း သူ၏သားစဉ်မြေးဆက်တို့ သည် ဘုရားသခင်ကို မယုံကြည်၍ အီဂျစ်ပြည်၌ ကျွန်ခံရကြ၏ ဤခေတ်သည်လည်း ယခင်ခေတ်များနည်းတူ ဆုံးရှုံးခြင်းဖြင့်နိဂုံးချုပ်ရ၏။

                   မှုတော်မြတ်၌....... အတား (မိုးကုတ်လီဆူလေး)

No comments:

Post a Comment