Tuesday, February 7, 2012

ခေတ်ကာလများ ( ၂)


                     ရေမလွှမ်းမိုးမှီခေတ်ကာလ (ကောင်းမကောင်းသိသောခေတ်)The Antediluvian Age
အာဒံနှင့်ဧဝ အပြစ်ကျူးလွန်ပြီးအချိန်မှ ရေလွှမ်းမိုးခြင်း အထိ နှစ်ပေါင်း ( ၁၆၅၆)နှစ်ကာလအတွင်းဖြစ်သည်။(ကမ္ဘာ၃း ၂၂
၆း ၈) ဧဒင်ခေတ်၌ အာဒံနှင့်ဧဝတို့ သည် ကောင်းမကောင်းသိသောဥာဏ်မရှိ။ သို့ သော် ကောင်းမကောင်းသိနိုင်သော သ
စ်ပင်၏ အသီးစားသောကြောင့်ကောင်းမကောင်း သိတတ်လာကြသည်။ ဤခေတ်၌ လူသည် ကောင်းမကောင်းသိသော ဥာဏ်အားဖြင့် နေထိုင်ရမည်ဖြစ်သည်။ ကောင်းမကောင်းသိသောဥာဏ်သည် ကြောက်ခြင်းနှင့် ရှက်ခြင်းသာဖြစ်စေနိုင်သ
ည်။ လူကို မကောင်းသော အရာလုပ်ခြင်းမှ မတားမြစ်နိုင်ချေ။ အကြောင်းမှာ ကောင်းမကောင်း သိတတ်သော ဥာဏ်တန်ခို
းမရှိ။ ကောင်းမကောင်းသိသောဥာဏ်သည် လူကို အကျိုးမပေး။ လူတိုင်းထင်ကြသည်မှာ ကောင်းမကောင်း သိတတ်သော ဥာဏ်သည် ဘုရားသခင်ပေးသော အရာဖြစ်သောကြောင့် အသုံးပြုရမည် ဟုဆိုကြသည်။ ကောင်းမကောင်း သိသော ဥာဏ်သည် ဘုရားသခင်ပေးသော အရာမဟုတ်ပါ။ ဘုရားသခင်က လူတို့ အား ကောင်းမကောင်းကို မသိစေချင်ပါ။သို့ သော်စာတန်၏ လှည့်ဖြားမှုကြောင့် သစ်သီးစားခြင်း အားဖြင့်သိလာသည်။ ထို့ ကြောင့်စာတန်လက်ဆောင်ဟု ဆိုနိုင်သည်။
ကောင်းမကောင်းသိသောဥာဏ်ကြောင့် အာဒံနှင့်ဧဝတို့ သည် ဘုရားသခင်ကို ကြောက်ကြသည်။ ယနေ့ လောကီပညာရှိ
များသည် ကောင်းမကောင်း သိသောဥာဏ် အလွန်ဖွံ့ ဖြိုးသောကြောင့် ဘုရားသခင်ကို လက်မခံနိုင်ကြ။ ထို့ ကြောင့်ဘုရား
သခင်က ဘုရားမရှိဟု မိုက်သောသူထင်တတ်၏(ဆာလံ ၁၄း ၁ ၊ ၅၃း ၁) ဟုဆိုထားသည်။ ဤကောင်းမကောင်းသိသော
ဥာဏ်ပင်လျှင် လောကီသားများက ပညာဟုဆိုကြသည် မဟုတ်လော။သို့ သော်ကျမ်းစာက ပညာရှိသောသူတို့ ၏ ပညာ
ကို ငါဖျက်ဆီးမည်။ ဥာဏ်ကောင်းသောသူတို့ ၏ ဥာဏ်ကိုလည်း ငါပယ်မည် ဟုလာသတည်း။(၁ကော ၁း ၁၉)လောကိကို
ဘုရားသခင် မိုက်စေတော်မူသည် မဟုတ်လော(၁ကော ၁း ၂၀) ထို့ ကြောင့်လောကီပညာအားဖြင့် ဘုရားသခင်ကို မသိ
နိုင်။(သုတ္တံ ၃း ၅ ) ၌ ထာဝရ ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ဟုဆိုထားပါသည်။
ထို့ ကြောင့်အချုပ်အားဖြင့်ဆိုသော် ကောင်းမကောင်းသိသောဥာဏ်သညေ လောကီအရာ၌ ကောင်းသော်လည်း ဝိညာဉ်
ရေးရာ အားဖြင့်ကြည့်ပါက ဘုရားသခင်နှင့်မတွေ့ နိုင်အောင် ပညာရှိသူတိုင်းကိုဟန့် တားသောရန်သူဖြစ်သည်။ အာဒံနှင့်ဧ
ဝမပြစ်မှားခင်မှာ ကိုးကွယ်ခြင်းမှရှိ။ ဘုရားသခင်နှင့် သွားလာကြ၏။ သို့ သော်အပြစ်ကြောင့်ယဇ်ပူဇော်ခြင်း အားဖြင့် ကိုး
ကွယ်ဘို့ လိုလာသည်။ အာဒံနှင့် ဧဝ၏ သားနှစ်ယောက်ဖြစ်သော ကာက္ကုနနှင့် အာဗေလတို့ သည် ကိုးကွယ်ခြင်းအမှုကို ပြု
ကြ၏။ ကာက္ကုန သည် လယ်ထွက်သီးနှံအားဖြင့်လည်းကောင်း သူ့ ညီအာဗေလသည် သိုးအားဖြင့်လည်းကောင်း ယဇ်ပူ
ဇော်သောအခါ ဘုရားသခင်က အာဗေလ နှင့်သူ၏ ယဇ်ကိုသာလက်ခံ၏။ ကာက္ကုနနှင့်သူ၏ ပူဇော်သက္ကာကို ပမာဏမပြုး
(ကမ္ဘာ ၄း ၁ ၅) ဘုရားသခင်သည် အဘယ့်ကြောင့် ကာက္ကုန၏ ပူဇော်သက္ကာကို လက်မခံသနည်း။လူအချို့ ထင်မှတ်ကြ
သည်မှာ ညံ့သောအရာ ပေးသောကြောင့်လည်းကောင်း စိတ်စေတနာ မရှိသောကြောင့်လည်းကောင်း ဖြစ်သည်ဟုဆို
သည်။ ထို သို့ မဟုတ်ပါ။ ဘုရားသခင်ကြိုက်နှစ်သက်သောအရာသည် အသွေးအားဖြင့် ပူဇော်ခြင်းဖြစ်ပါသည်။ လူအပြစ်
ဖြေသောအရာကားအသွးဖြစ်ပါသည်။ (ဝတ်ပြု ၁၇း ၀၀) အသွေးသွန်းလောင်းခြင်းမရှိလူအပြစ်ဖြေလွတ်ခြင်းမှရှိ။(ဟေဗြဲ ၉း ၂၂)ကာက္ကုနသည် သူ၏ ပူဇော်သက္ကာကို ဘုရားသခင် လက်မခံသောအခါ စိတ်ဆိုးသည်။ ထိုအခါ ဘုရားသခင်က သင်
သည် အဘယ့်ကြောင့်စိတ်ဆိုးသနည်း။ အဘယ်ကြောင့်မျက်နှာပျက်သနည်း။ သင်သည် ကောင်းမွန်စွာပြုလျှင် အခွင့်မရ
သလော။ကောင်းမွန်စွာမပြုလျှင် အပြစ်ဖြေသော ယဇ်ကောင်သည် တံခါးနားမှာဝင်လျှက်ရှိ၏။ သူသည် သင်၏အလိုသို့ 
လိုက်၍ သင်သည် သူ့ ကို အုပ်စိုးရ၏ ဟုကာက္ကုန ကို မိန့် တော်မူ၏။ (ကမ္ဘာ ၄း ၅-၇)ကာက္ကုနသည် လယ်သများဖြစ်သော
ကြောင့်ယဇ်မရှိချေ။ ထို့ ကြောင့်လယ်ထွက်သီးနှံဖြင့်ကိုးကွယ်မည်ကို သိသောကြောင့် ဘုရားသခင်က ယဇ်ကောင်ကို ပေး
ထား၏။ မတွေ့ တွေ့ အောင် တံခါးနားမှာ ရပ်ခိုင်း၏။ သို့ သော်ကာက္ကုနသည် ဘုရားသခင်ပေးသောယဇ်ကောင်ကို ပမာဏ
မပြု။ မိမိအကြံအားဖြင့် လုပ်အားမှ ရသော သီးနှံဖြင့် ကိုးကွယ်၏။ဘုရားသခင်၏ အကြံကိုပယ်သောကြောင့် သူနှင့်သူ၏
ယဇ်ပူဇော်သက္ကာလဲပယ်ခြင်းခံရ၏။ထိုနည်းတူ ယနေ့ မြောက်များစွာသောလူတို့ သည် ဘုရားသခင် အစီအစဉ် ပေးထား
သော ယဇ်ကောင်(ခရစ်တော်)ကို ပယ်ကာ မိမိတို့ အကြံအစည်အတိုင်း ကိုယ်ကျင့်တရားနှင့် အလှူဝတ္ထုများကို အားကိုး
လျှက် ဘုရားထံချဉ်းကပ်ကြ၏။ သို့ သော်လည်း ကျမ်းစာက အကျွန်ုပ်တို့ ရှိသမျှသည် စင်ကြယ်ခြင်းမရှိပါ။ ပြုဘူးသမျှ
သော ကုသိုလ်ကောင်းမှုတို့ သည်လည်း ညစ်သောအဝတ်နှင့်တူပါသည်။(ဟေရှာ ၁း ၁၂-၁၄)အာဗေလမူကား ခရစ်တော်
၏ အသွေးကိုပုံဆောင်သော သိုးဖြင့် ပူဇော်သောအခါ ဘုရားသခင်လက်ခံ၏။ ထိုနည်းတူ မိမိအပြစ်အတွက် ခရစ်တော်၏
အသွေးကိုအားကိုးခြင်းဖြင့် ဘုရားရှင်ထံချဉ်းကပ်သောသူကို ဘုရားရှင်သည် ငြင်းပယ်တော်မမူ။ ဤနေရာ၌ဂိုဏ်းနှစ်ခုစ
တင်လေ၏။ မိမိကိုယ်ကို အားကိုးသောဂိုဏ်း၊ ကိုယ်ကျင့်တရားနှင့် အလှူကို အားကိုးသောဂိုဏ်းနှင့် အသွေးတော်ကိုအား
ကိုးသောဂိုဏ်း၊  ကာက္ကုနနှင့် အာဗေလ ဂိုဏ်း ယနေ့ ကမ္ဘာပေါ်၌ ဘာသာအမျိုးမျိုး ဂိုဏ်းဂဏအမျိုးမျိုးကွဲပြားခြားနားသော်
လည်း ဘုရားအမြင်မှာနှစ်မျိုးထဲရှိ၏။ခရစ်တော်၏ အသွေးကို အားကိုးသောသူနှင့် အားမကိုးသောသူ၊ ဖြစ်၏။ ဘုရားသခင်
သည် အာဗေလ ၏ ပူဇော်သက္ကာကို လက်ခံ၍ ကာက္ကုန၏ ပူဇော်သက္ကာကို လက်မခံသောအခါ၊  ကာက္ကုနသည် အလွန်
စိတ်ဆိုး၍သူ့ ညီကို သတ်လေ၏။( ကမ္ဘိာ ၄း ၈ ) ကမ္ဘာပေါ်ရှိ ပထမဦးဆုံးလူသတ်မှုဖြစ်၏။ အာဒံနှင့်ဧဝဘုရားစကားနားမ
ထောင်မှုကြောင့် သူတို့ ၏ သားအချင်းချင်းသတ်ကြ၏။ ကာက္ကုန၏ သားလာမက်သည်လည်း လူပျိုတယောက်ကိုသတ်၍ ဒုတိယ မြောက်လူသတ်သမားဖြစ်သည်။ ကောင်းမကောင်းသိသော်လည်း လူမသတ်အောင်မတားဆီးနိုင်။  အာဒံနှင့်ဧဝ
သည် ဧဒင်ဥယျာဉ်စိုက်ပျိုးမွေးမြူစရာ မလိုသော်လည်း အပြစ်ကြောင့်နဖူးမှ ချွေး ခြေမထိ ကျသည့်တိုင်အောင်အလုပ်လုပ်
ဖို့ လိုလာသည်။ 


           မှုတော်မြတ်၌ .. . . .  . . .အတား (မိုးကုတ်လီဆူလေး)

No comments:

Post a Comment