Tuesday, February 7, 2012

ခေတ်ကာလများ (၃)


                                     ရေလွှမ်းမိုးပြီးခေတ်။ ( post –Deluvian Dispensation)
လူသားအုပ်စိုးသောခေတ် ( Human Government Dispensation) ဟူ၍လည်းခေါ်သည်။ ကမ္ဘာပေါ်၌ နောဧတို့ မိသားစု(၈)ယောက်မှ ပြန်လည်တိုးပွားလာသော သူများဖြစ်သည်။ ဘုရားသခင်သည် လက်ရွေးစင် အဖြစ်နောဧ ကိုရွေးကောက်ခဲ့သော်လည်း သူတို့ ၏ သားစဉ်မြေးဆက်တို့ သည်၊ဘုရားမသိသော သူများဖြစ်လာကြသည်။ နောဧသည် ရေလွှမ်းမိုးပြီး
နောက် ယဇ်ပလ္လင်တည်၍ ပူဇော်ခဲ့သည်။ ထိုခေတ်၌ ဘုရားသခင် ၏ အမိန့် တော်မှာ သင်တို့ သည် သားကိုဘွား၍ များပြားကြလော့။ မြေပေါ်မှာ အလွန်မွေးဘွား၍ များပြားကြလော့ ဟု မိန့် တော်မူ၏။( ကမ္ဘာ ၉း ၇) ဘုရားရှင်သည် သူတို့ အား ကမ္ဘာပေါ်၌ ပြန့် နှံ့ ခိုင်းသော်လည်း သူတို့ သည် လာကြ အုတ်လုပ်၍ ခိုင်မာစွာဖုတ်ကြကုန်အံ့ ဟုတယောက်ကိုတယောက်
ပြောဆိုကြ၏။ လာကြ မြေကြီးတပြင်လုံး၌ အရပ်ရပ် ကွဲပြားမည်ကို စိုးရိမ်၍ မြို့ ကို၎င်း မိုဃ်းကောင်းကင်သို့ မှီသောရဲတိုက်ကို၎င်း တည်လုပ်သဖြင့် ကျော်စောကိတ္တိရှိစေခြင်း ငှါ ပြကြကုန်အံ့ ဟုပြောဆို၏။(ကမ္ဘာ ၁၁း ၃-၄)ထို ကြောင့်ဘုရားသခင်
ကသူတို့ စကားကို ကွဲပြားစေ၍ သူတို့ သည် ဆက်ဆံ၍ မရသောကြောင့်အရပ်ရပ်သို့ ကွဲပြားကုန်၏။ ဤခေတ်သည်လည်းအရင်ခေတ်များကဲ့သို့ ဘုရားစကားနားမထောင်ဘဲ ပျက်စီးခြင်းသို့ ရောက်ရကြ၏။ အမွေဆိုးအဖြစ် ယနေ့ ဘာသာစကားအမျိုးမျိုး ကွဲပြားခြင်း၏ ဒဏ်ကို ကျွန်ုပ်တို့ ခံစားရကြ၏။

                                 မှုတော်မြတ်၌ ......  အတား (မိုးကုတ်လီဆူလေး)

No comments:

Post a Comment