Wednesday, February 8, 2012

ခေတ်ကာလများ (၄ )

                                                          ပညတ်တော်ခေတ်  (Legal  Dispensation)
ဤခေတ်သည် ထွက်မြောက်ရာမှ ခရစ်တော်မွေးဖွားသည် အထိဖြစ်သည်။ ဂျူးလူမျိုးများသည် အီဂျစ်ပြည်၌ အကြီးအကျယ်ဒုက္ခရောက်သောအခါ
ဘုရားသခင်ထံအော်ဟစ်ကြ၏။ ဘုရားရှင်က သူတို့ ကို ကယ်လွှတ်ဖို့ မောရှေကိုစေလွှတ်၏။ မောရှေိဦးဆောင်မှုဖြင့် အီဂျစ်ပြည်ကျွန်ဘဝမှ   ထွက် 
မြောက်ခဲ့ကြသည်။ ဘုရားသခင်က အာဗြံဟံအား သင်၏အမျိုးအနွယ်သည် သူတပါးပိုင်သောပြည်(အီဂျစ်)၌ ဧည့်သည်ဖြစ်ကြသဖြင့် သူတပါးတို့ ၌
ကျွန်ခံခြင်း နှိပ်စက်ညှင်းဆဲခြင်းကို အနှစ်လေးရာပတ်လုံးခံရကြလိမ့်မည် ကို အမှန်သိလော့။ သူတို့ ကို စေခိုင်းသောလူမျိုး(အီဂျစ်)ကိုလည်း ငါစီရင်
မည်။ထို့ နောက်မှ သူတို့ သည် များစွာသောဥစ္စာနှင့်ထွက်ကြလိမ့်မည်။( ကမ္ဘာ ၁၅း ၁၃ -၁၄)ဟုဆို၏။ အီဂျစ်ပြည်သည် လောကနှင့်၎င်း၊ဂျူးလူမျိုး
သည် အပြစ်သားအဖြစ်၎င်း ဖာရောဘုရင်သည် နတ်ဆိုးနှင့်၎င်း မောရှေိ(ပရောဖက်၊ ယဇ်ပရောဟိတ်၊ရှင်ဘုရင်) သည် ခရစ်တော်နှင့်၎င်း ပုံဆောင်
ထားသည်။
လောကသားတိုင်းသည် လောကထဲ၌ ကျွန်ခံနေကြ၍ ဖာရောဘုရင် ကဂျူးလူမျိုးများအား နှိပ်စက်သကဲ့သို့ နတ်ဆိုးစာတန်သည် လောကသားများ
ကိုနှိပ်စက်သည်။ ဂျူးလူမျိုးများ အော်သကဲ့သို့  လောကသားများအော်သောအခါ၊ဘုရားရှင်က မောရှေကဲ့သို့ သော ခရစ်တော်ကိုလွတ်ပေးပါသည်။
ထို့ ကြောင့်မိတ်ဆွေလည်း ခရစ်တော်၏ ကယ်တင်ခြင်းကို လက်ခံလျှင်၊ စာတန်လက်မှ လွတ်မြောက်၍ ဂျူးလူမျိုးများချမ်းသာစွာ    ထွက်သကဲ့သို့ 
ချမ်းသာစွာ နှင့်ထွက်မြောက်လာလိမ့်မည်။ရှေးအခါ၌ ဘုရားသခင်သည် လူလူခြင်းအုပ်စိုးခြင်းကို လက်ခံခဲ့သော်လည်း ယခုအခါ    ပညတ်တော်နှင့်
စနစ်တကျ အုပ်ထိန်း၍ မြင်နိုင်သောဝတ်ပြုနည်းများကို နေရာချမှတ်ပေးခဲ့သည်။၎င်းမှာ ဘုရားသခင်ကိုယ်တော်တိုင်  သူရွေးကောက်သောသူအား
 ဖြင့် အုပ်ချုပ်မည်။ ဘုရားရွေးထားသောသူမှာ မောရှေဖြစ်သည်။ မောရှေသေသောအခါ ယောရှုကဆက်ခံသည်။ ယောရှုသေပြီးနောက်၊ ဂျူးလူမျိုး
များတွင် အုပ်ချုပ်သောသူမရှိ။လိုအပ်သောအခါ တရားသူကြီးများ အုပ်ချုပ်၍၊ ရန်သူများလက်မှ ကယ်လွတ်ပေးသည်။  တရားသူကြီးများလက်ထဲ
၌ နှစ်ပေါင်း( ၄၅၀) ကြာသည်။ထို့ နောက်ဂျူးလူမျိုးများသည် ဘုရားသခင်ထံရှင်ဘုရင်ပေးရန် တောင်းသောကြောင့်  ရှောလုအားပေး၍    သူသည်
နှစ်ပေါင်း(၄၀) အုပ်စိုးသွားသည်။ထို့ နောက်ဒါဝိဒ်သည် ဆက်ခံ၍ နှစ်ပေါင်း(၄၀) အုပ်စိုးပြန်သည်။ ဒါဝိဒ်မင်းလက်ထက်  ၌ ဂျူးလူမျိုးများသည်   အ
ထွဋ်အထိပ်သို့ ရောက်သောအချိန်ဖြစ်သည်။ ဂျူးလူမျိုးများသည် ခေတ်အဆက်ဆက်ယနေ့ တိုင် ထိုအချိန်ကာလမျိုးကို တောင့်တမျှော်လင့်လျက်
နေကြသည်။ ဒါဝိဒ်မင်းသေဆုံးပြီးနောက် သားတော်ရှောလမုန် သည် နှစ်ပေါင်း (၄၀)အုပ်စိုးသည်။ရှောလမုန် ဘုရင်သည် ဘုရားသခင် ကောင်းကြီး
ခံစားရ၍ ပညာ၌လည်း ကောင်းကြီးပွားသည်။ သို့ သော်လည်းမိန်းမများစွာယူ၍ ထိုမိန်းမများ၏ ရုပ်တုများကို ကိုးကွယ်ခြင်းကြောင့်    ဘုရားသခင်
သည်အမျက်တော်ထွက်၍ သူ့ လက်ထက်၌ ပြစ်ဒဏ်ပေးသော်လည်း သူသေပြီးနောက် နိုင်ငံကို နှစ်ခြမ်းခွဲလိုက်သည်။ (ဘီစီ ၉၇၅)၌ သူဆုံးပြီးရော
ဗောင်သည် ယုဒနှင့်ဗင်္ယာမိန်အမျိုးကိုသာ အုပ်စိုးလျက် ယေရုရှလင်မြို့ ၌ နန်းထိုင်သည်။ ထိုတောင်ဘက်နိုင်ငံကို ယုဒပြည်ဟုခေါ်သည်။       ကျန်
သော အမျိုး (၁၀)မျိုးကို ယေရောဗောင် အုပ်စိုး၍ က္ကုသရေလနိုင်ငံဟုခေါ်သည်။က္ကုသရေလနိုင်ငံ၏မြို့ တော်သည်  ရှမာရိမြို့ ဖြစ်၍ အုပ်စိုးသောမင်း
အားလုံးတို့ သည် ဘုရားသခင်၏ အလိုတော်သို့ မလိုက်၊ ရုပ်တုကိုးကွယ်၍ ရွံရှာဖွယ်အပြစ်လုပ်သူလည်းရှိသည်။ ထို့ ကြောင့်က္ကုသရေလပြည်ပျက်
ပြီး နှစ်ပေါင်း (၁၁၅)ဘီစီ (၆၀၆)အကြား၌ ဗာဗုလုန်လက်အောက်သို့ ဘုရားသခင်သည် အပ်လိုက်သည်။ (ဘီစီ ၅၃၆) ၌ယုဒသည် ဗာဗုလုန်ကျွန်အ
ဖြစ် အနှစ်(၇၀)ခံပြီးနောက်ပြန်လာကြသည်။ ထို သို့ ပြန်လာသောအခါ ဂျူးလူမျိုးများဟူ၍ခေါ်ဝေါ်ခြင်းဖြစ်သည်။  (ဘီစီ ၁၆၆- ၄၀)အတွင်း အက်(စ)
မိုနိယံ (Asmoneans) လက်အောက်၌ ပါလက်စတိုင်းပြည်ပြန်လည်အုပ်စိုးဘို့ ရန် ကြိုးစားသော်လည်း (ဘီစီ၄၀)၌     ရောမရှင်ဘုရင်က ဟေရုဒ် ကို
ဘုရင်ခံအဖြစ် ခန့် လိုက်သည်။ (အေဒီ ၇၀)၌ ရောမစစ်ဗိုလ်ချုပ်တိတုက ယေရုရှလင်မြို့ ကို တိုက်ခိုက်ဖျက်စီးလိုက်၍     ဂျူးလူမျိုးများကို ပါလက်စ
တိုင်းပြည်မှ နှင်ထုတ်လိုက်သည်။ဤခေတ်၌ ဘုရားသခင်သည် က္ကုသရေလနိုင်ငံနှင့် အထူးအမှုဆောင်သည်။     ပညတ်တော်အတိုင်း စီရင်သည်။
ပညတ်တော်သည် က္ကုသရေလ လူမျိုးထံ၌သာပေးသည်။ အခြားသောအမျိုး၌မပေး။ ထို့ ကြောင့်က္ကုသရေလလူမျိုးကို ပညတ်တော်လိုက်လျှောက်
မလျှောက်အပေါ်အမှီပြု၍တရားဆုံးဖြတ်သည်။ ထိုပညတ်တော်သည်(ꓚeremonial Law) သည် (အေဒီ ၇၀) ၌  ယေရုရှလင်မြို့      ပျက်သောအခါ
လိုက်လျှောက်ခြင်းကုန်သွားသည်။ပညတ်တော်ခေတ်သည် အံ့သြဖွယ်ခေတ်ဖြစ်၍ ဘုရားရှင်သည် သူ့    လူမျိုးများအတွက် အံ့သြဘွယ်အမျိုးမျိုး
ဖြင့်ပြသည်။ဂျူးလူမျိုးကို အီဂျစ်ပြည်မှ အံ့သြဘွယ်ဘေးဒုက္ခပေးပြီး နောက် ဆွဲနှုတ်၍ ပင်လယ်နီကိုလည်း ခွဲပေးလိုက်သည်။သိနာတောင်ပေါ်မှသူ
တို့ ကို စကားပြော၍ သုတို့ နှင့်အတူမိုးတိမ်တိုက်နှင့် မီးတိုင်အားဖြင့်ဦးဆောင်သည်။ တောထဲ၌ နှစ်ပေါင်း(၄၀)အတွင်းကောင်းကင်မှ            မန္နမုန့် 
ကျောက်ထဲမှ ရေဖြင့်ကျွေးမွေးသည်။ ယော်ဒန်မြစ် ကိုလည်းခွဲပေး၍ ခါနန်ပြည်သို့ အောင်မြင်စွာ ဝင်သွားကာ စစ်တိုက်ပေးသည်။      ရန်သူဘေးမှ 
ကွယ်ကာ၍ အောင်မြင်မှုပေးသော်လည်း ဘုရားသခင်ကို စွန့် ၍ ရုပ်တုကို ကိုးကွယ်သောအခါ၊ ဘုရားသခင်သည်သူတို့ ကိုစွန့် ကာရန်သူများလက်
သို့ အပ်လိုက်သည်။သားတော်ကိုစေလွတ်သောအခါ၌လည်း ယုံကြည်ခြင်းမရှိဘဲ လာကြ ထိုသူသည်အမွေခံမည့်သူဖြစ်၏ ဟုဆိုကာ သတ်လိုက်
ကြသည်။ ထို ကြောင့်ဘုရားသခင်သည် သူ၏လူမျိုးရွေးထားသော ဂျူးလူမျိုးများကို နိုင်ငံမှ နှင်ထုတ်ကာ  တိုင်းနိုင်ငံမရှိဘဲ  နိုင်ငံအနှံ့      အပြားသို့ 
ပြန့် နှံ့ စေကာ သူတို့ သည် နှိပ်စက်ညှင်းဆဲခြင်းကို ခံရကြသည်။ ဤခေတ်လည်း အရင်ခေတ်များကဲ့သို့ ပင် နိဂုံးချုပ်မကောင်းချေ။


              မှုတော်မြတ်၌........အတား (မိုးကုတ်လီဆူလေး)

























































 

1 comment:

  1. Hi Ahtar,

    Peace be with you.

    I wish to speak to you in private. Here is my email address jose.lee77@gmail.com

    Could you email a message to my email address? Thanks.


    Joseph.

    ReplyDelete