Friday, February 3, 2012
မျှော်လင့်ခြင်း
                                                     မင်္ဂလာ ရှိသော မျှော်လင့်ခြင်း ( The Blessed Hope )                        18/ 11 / 2011
              ခရစ်တော် ကြွလာခြင်းကို မျှော်လင့်ခြင်းသည် မင်္ဂလာ ရှိသော မျှော်လင့်ခြင်းဖြစ်ပါသည်။
ရှင်ပေါလုက
               “ငါတို့ ကို ကယ်တင်တော်မူသော အရှင် ယေရှု ခရစ်၏ ဘုန်းတန်ခိုး အသရေတော်ပေါ်ထွန်းသော အခါ ငါတို့ သည် မျှော်လင့်လျှက် ဘုရားဝတ်၌ပျော်မွေ့ ခြင်းကို ပြုရမည့် အကြောင်း ဆုံးမသွန်သင်တော် မူ၏ ဟု မိန့် တော်မူ၏။    ( တိတု ၂း ၁၃ )တချို့ သော ယုံကြည်သူများမျှော်လင့်ခြင်းသည်ကယ်တင်ခြင်းအတွက်သာမျှော်လင့်ကြသည်။ကယ်တင်ခြင်းသည် ခရစ်တော်ကို
လက်ခံရရှိသည့် နေ့ မှစ၍ ရရှိလိုက်ပြီးဖြစ်သည်။ ကျွန်တော်တို့ ရရှိပြီးသောအရာကို မျှော်လင့်စရာ မလိုတော့ပါ။ ခရစ်တော်ပြန်လာခြင်းကိုသာ မျှော်လင့်ရမည်။
လူသားတို့ ၌ အပိုင်းသုံးပိုင်းရှိသည်။ ကိုယ်ခန္ဒာ ၊ စိတ်နှလုံးနှင့် ဝိညာဉ်စသည့်တို့ ဖြစ်ပါသည်။ ကိုယ်ခန္ဒာ ပျက်စီးတတ်သဖြင့် ခရစ်တော်မပြန်လာလျှင် ကိုယ်ခန္ဒာရှင်ပြန်ခြင်းကို မျှော်လင့်စရာ အလျဉ်းမရှိပါ။ ထို့ ကြောင့်ခရစ်တော်ကြွလာခြင်းသည် မင်္ဂလာ ရှိသော မျှော်လင့်ခြင်း အတွက်ဖြစ်သည်။ သေလွန်သောသူမျာ
ရှင်ပြန်ထမြှောက်ဘို့ အတွက်သာ မျှော်လင့်နေခြင်းကား မဟုတ်ပေ။ ခရစ်တော်ပြန်ကြွလာ သောအခါ သေလွန်သူများ အဦးဆုံး  ထမြှောက်သည်သာမက အသက်ရှင်နေသော ကျန်ရစ်သူ အားလုံး မျက်စိတမှိတ်တွင် ကိုယ်ခန္ဒာ ပြောင်းလဲခြင်းသို့ ရောက်ရကြလိမ့်မည်။ ဟု မျှော်လင့်ခြင်းပေတည်။
မပုပ်တတ် မသေနိုင်သော အရာ၌ ဝင်စားရကြလိမ့်မည်။ ( ၁သက် ၄း ၁၃- ၁၈ ) မင်္ဂလာရှိသော မျှော်လင့်ခြင်းသည် သန့် ရှင်းစင်ကြယ်သော မျှော်လင့်ခြင်းလည်းဖြစ်သည်။ ထို သို့ မျှော်လင့်သော သူမည်သည်ကား ကိုယ်တော်သန့် ရှင်းတော်မူသည့်နည်းတူ ကိုယ်ကိုကိုယ် သန့် ရှင်း စေတတ်၏ ( ၁ယော ၃း ၃ )
မျှော်လင့်ခြင်းအားဖြင့် သည်းခံခြင်းကို ဖြစ်ပွားတတ်၏။ ညီအစ်ကိုတို့ သခင်ဘုရား ကြွလာတော်မူသည့်တိုင်အောင် သည်းခံလျက် စောင့်နေကြလော။အကယ်၍ လယ်လုပ်သောသူသည် အရင်မိုး နောက်မိုးကို ရသည့်တိုင်အောင် အဘိုးထိုက်သော မြေအသီးကို     သည်းခံလျက် စောင့်နေ၍ မျှော်လင့်တတ်၏ ဟု မိန့် တော်မူသည်။ ( ယာ ၅း ၇ )
မျှော်လင့်ခြင်း၌ သတိဖြင့် စောင့်မျှော်ခြင်းကို ဖြစ်စေတတ်၏။
သခင်သည် ညဦးအချိန် သန်းခေါင်အချိန် ကြက်ဦးတွန်ချိန် နံနက်အချိန်တို့ တွင် အဘယ်အချိန်၌ လာမည်ကို   သင်တို့ မသိသောကြောင့် စောင့်နေကြလော့။သို့ မဟုတ်အမှတ်တမဲ့ လာ၍ သင်တို့ အိပ်ပျော်သည်ကို တွေ့ လိမ့်မည်။ စောင့်နေကြလော့ဟု သင်တို့ အား  ငါဆိုသည့်အတိုင်း ခပ်သိမ်းသော  သူတို့ အား ငါတို့ သည့် မိန့် တော်မူ၏။
ခရစ်တော်ပြန်လာမည်ကို စောင့်မျှော်နေသူတိုင်းသည် သတိနှင့် စောင့်နေရမည်။ ကျွန်တော်တို့ သည်    မနေသင့်သည့်နေရာ၌ မနေထိုင်းခြင်း၊ မပြုသင့်သည့်အလုပ်ကို မလုပ်ခြင်း၊ လောကပစ္စည်းဥစ္စာ ကို တပ်မက်ခြင်းထက် ထာဝရ အသက်ကို ပိုမို မြတ်နိုးတွယ်တာခြင်း လောကီဥစ္စာသို လှောင်ခြင်း ထက် ပိုးရွ မစာ
း သူခိုး မခိုးမဖောက်ထွင်းရာ ကောင်းကင် ဘဏ္ဍာကိုသာ ဆည်းပူးစုဆောင်းရမည်။မင်္ဂလာ ရှိသော မျှော်လင့်ခြင်းဖြင့် အထက်အရာာ ကိုမျှော်လင့်တတ်စေရန်ဘုရားရှင် ကူညီမစလိမ့်မည်။
ဤမျှော်လင့်ခြင်း ရှိခြင်းကြောင့် ကျွန်တော်တို့ ယုံကြည်ခြင်း ခွန်အားမယုတ်လျော့သွားပါ။ ယုံကြည်ခြင်းဖြင့် အစဉ်နိုးကြားစေပြီး သခင်ဘုရား၏ အစေခံအမှုကို ထမ်းဆောင်နိုင်လိမ့်မည်။ ဤမျှော်လင့်ခြင်း ရှိသောသူသည် စိတ်နှလုံးဖြူစင်ပြီး ကိုယ်အလိုဆန္ဒကို ငြင်းပယ်လျက် သခင်ဘုရား အတွက် စွမ်းအားရှိသမျှ အမှု
တော်ထမ်းဆောင်နိုင်ပါမည်။ ထိုမျှော်လင့်ခြင်း ခိုင်မာတည်ကြည် အမြစ်စွဲ နေသောကြောင့် ခရစ်တော် ကြွလာသော အခါ အချည်းနှီး အကျိုးနဲ အရှက်တကွဲဖြစ်မည်မဟုတ်ပါ။
ချစ်သားတို့ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ ငါတို့ သည် အထံတော်တို့ ရောက်လျှင် ရဲရင့်ရသော အခွင့်ရှိ၍    ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည့် အကြောင်း သားတော်၌ တည်နေကြလော့ဟု မိန့် တော်မူ၏။(၁ယော ၂း ၂၈ )  ထို့ ကြောင့်ကျွန်တော်တို့ သည်  အစဉ်သတိထား၍ နိုးကြားလျက်အိမ်ကို သန့် ရှင်းစေပြီး ခရစ်တော်ကြွလာသော အခါ စောင့်မျှော်နေလျှင် ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။       ထို့ အပြင် သခင်ဘုရားက  ကျွန်
တော်တို့ အား သစ္စာရှိသော ငယ်သားကောင်းဟု သမုတ်ပေးလိမ့်မည်။ ( မဿဲ ၂၅း ၁၄- ၃၀)
သခင်ဘုရားသည် ဤလောက၌ အနှစ်တထောင်စိုးစံဘို့ ရန် အတွက် ကြွလာလိမ့်မည်။ ခရစ်တော်ကြွလာခြင်းသည် ယုံကြည်သူများ အဘို့ ဝမ်းမြှောက်ခြင်းနှင့်ပြည့်ဝစေဖို့ ရန်သာဖြစ်သည်။ထို သို့ ကောင်းကြီးပေးတော်မူစဉ် တပည့်တော်တို့ နှင့်ခွါ၍ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၏။  တပည့်တော်တို့ သည် ကိုယ်တော်ကို ပြပ်ဝပ်ကိုးကွယ်ပြီးမှ အလွန်ဝမ်းမြောက်ဝမ်းသာခြင်းဖြင့် ယေရုရှလင် မြို့ သို့ ပြန်သွားကြ၏။ ( လုကာ ၂၅း ၅၁- ၅၂)
မြောက်ဝမ်းသာ စွာဖြင့် ယေရုရှလင် မြို့ သို့ ပြန်လာကြခြင်းဖြစ်သည်။ ( တ ၁း ၁၁ )
  ခရစ်တော်ကြွလာခြင်းကို လက်မခံသောသူများက  ကဲ့ရဲ့လျက် ခရစ်တော်ကြွလာခြင်းကို မျှော်နေသော အသင်တို့ သည် အဘယ့်ကြောင့်ဤမျှ ကြီးကျယ်ခန်းနားသော ဘုရားရှိခိုးကျောင်းများ အဆောက်အဦးများနှင့် ကျမ်းစာကျောင်းများ ဆောက်ကြသနည်း အချည်းအနှီး သက်သက်ေ ဆာက်လုပ်နေပြီဟူ၍ ပြစ်တင်ဝေဖန်ကြသည်။ ချီဆောင်ခြင်းခံ ပြီး ကျန်ရစ်သူများလည်း ဤဘုရားရှိခိုးကျောင်းများ အဆောက်အဦးများ လိုအပ်နေမှာဖြစ်သည်။ ယုံကြည်သူ
များ မချီဆောင်မခြင်း အလုက်ကို ကြိုးစားလုပ်ဆောင်ကြရမည် ဖြစ်သည်။
သို့ သော်လည်း ကျွန်တော်တို့ သည် ခရစ်တော်ပြန်လာမည်ကို အမြဲသတိရအောက်မေ့၍ နိုးကြားနေရမည်။ ခရစ်တော်ကြွလာသောအခါ ယုံကြည်သူများ ဘေးဒဏ်ကာလမှ လွတ်မြှောက်စေရန် သခင်ဘုရား ဆောင်ကျဉ်းလိမ့်မည်။ ဘေးဒဏ်ကြီး ကာလလွန်သော် သခင်ဘုရားနှင့် အတူ ဤလောကသို့ တဖန်ကြွ
ဆင်းလာဦးမည်။ ထိုအချိန်၌လည်း ကျွန်တော်တို့ ဆောက်လုပ်ခဲ့သော ဘုရားကျောင်းဗိမ္မာန်နှင့် အဆောက်အဦးများ ကို ပြန်လည်တွေ့ ရလိမ့်မည်။
ခရစ်တော်မကြွလာခင်မှာ ခရစ်တော်ကြွလာမည့် အကြောင်းကို အစဉ်ဟောပြောရမည်။ လူတို့ အား နောင်တရစေရမည်။ ငါသည် အသက်ငယ်သေးသည်၊နောင်တရရန် အချိန်များစွာ ရှိပါသေးသည် ဟုပြန်ပြောလာကြလိမ့်မည်။ခရစ်တော်ကြွလာသော အခါ အဆင်သင့်ပြင်ဆင်ထားပြီးသားဖြစ်ရမည်ဟု သွန်သင်
ရမည်။ ထိုအခါ သူတို့ သည် နောင်တရလိမ့်မည်။
ချစ်မိတ်ဆွေ သင်သည် ခရစ်တော်ကို ယုံကြည်သူ တစ်ဦးဖြစ်ပါသလား။ ယုံကြည်သူတစ်ဦးဖြစ်ခဲ့လျှင် ဤမင်္ဂလာ ရှိသောမျှော်လင့်ခြင်းသည် သင့်ထဲ၌ အစဉ်ရှင်သန်နေပါစေ။ ခရစ်တော်လျင်မြန်စွာ ကြွဆင်းလာမည်ကို သင်စောင့်မျှော်နေပြီလား။ သင်၏ဇာတိအမှုများဖြင့်သာ ထိုနေ့ ရက်ကို စောင့်မျှော်နေသလား။ သင်သည် ခရစ်တော်ကို လက်မခံရသေးလျှင် အချိန်မှီနောင်တ ရလျက် ထာဝရ အသက်လမ်း၌ လျှောက်လှမ်းကြပါစို့ ။ သို့ ပြုလျင် ဤလောကနှင့် ပတ်သက်သော ဘေးဒဏ်ကြီးနှင့် ထာဝရ ပျက်စီးခြင်းမှ အမှန်ပင်လွတ်မြောက်ခြင်း ရရှိလိမ့်မည်။ ( ဗျာ ၁၃း ၁၅ -၁၇)
No comments:
Post a Comment