Friday, February 3, 2012

ခေတ်ကာလများ


                                    ဧဒင်ခေတ် (  The Edenic Dispinsation)
ဧဒင်ခေတ်သည် အာဒံကို ဖန်ဆင်းချိန်မှ အပြစ်ကြောင့်နှင်ထုတ်ခံရသည့်အထိဖြစ်သည်။ ကောင်းမကောင်းကိုမသိသေး
သောခေတ်ဖြစ်သည်။ လူသည်ပျော်ရွင်စရာ အကောင်းဆုံးသော ပတ်ဝန်ကျင် အခြေအနေ၌စတင်သည်။ ကမ္ဘာပေါ်၌စိမ်း
လန်းသော သစ်ပင်၊မြက်ပင်များဖြင့်၎င်း၊ တောတောင်များ၌ တိရိစ္ဆာန်အမျိုးမျိုးဖြင့်၎င်းဖုံးလွှမ်းထားသည်။မိုးကောင်းကင်၌ငှ
က်များပျံသန်း၍၊ ပန်းရနံ့ များဖြင့်မွှေးကြိုင်နေသည်။လေပြင်းမုန်တိုင်းတိုက်ခိုက်ခြင်းမရှိဘဲထာဝရဘုရားသည်မြေပြင်၌ မိုး
ကို ရွာစေတော်မမူသေး။(ကမ္ဘာ ၂း ၆ )ထာဝရဘုရားဖန်ဆင်းတော်မူသော အရာအားလုံး ပကတိအကောင်းဖြစ်ကြသည်။
ထို ကြောင့်ဘုရားသခင်သည် အလွန်ကောင်းသည်ကို မြင်တော်မူ၏။(ကမ္ဘာ၁း၃၁) ဘုရားသခင်သည် လူနေမည့်နေရာအ
တွက်ဧဒင်ဥယျာဉ်ကို စိုက်ပျိုး၍ အပင်အမျိုးမျိုးကိုလည်းပေါက်စေသည်။ဥယျာဉ်အလယ်၌ အသက်ပင်လည်းရှိ၏။ကောင်းမ
ကောင်းသိကျွမ်းရာအပင်လည်းရှိ၏။( ကမ္ဘာ ၂း ၈-၉)ထိုဥယျာဉ်ကို စိုစေလိုသောငှါ မြစ်လေးသွယ်ကိုလည်း စီးဆင်းစေ
တော်မူ၏။အာဒံသည် အဖော်မရှိဘဲ တစ်ယောက်တည်း ဖြစ်သောကြောင့် သူ့ နံရိုးထဲမှ လူမိန်းမ ဧဝကို ဖန်ဆင်းတော်မူ၏
(ကမ္ဘာ ၂း ၂၁-၂၃) အာဒံသည် ဧဝ ဘယ်ကဖြစ်သည်ကို သိ၏။ထို့ ကြောင့် ယခုဤသူသည် ငါ့အရိုးထဲက အရိုး ငါ့အသား
ထဲက အသားဖြစ်၏။လူထဲကထုတ်သောကြောင့်သူ့ ကို လူမိန်းမ ဟု ခေါ်ဝေါ် အပ်သည် ဟုဆိုလေ၏။(ကမ္ဘာ၂း ၂၅)
လူကိုဖန်ဆင်းရာ၌ လူသည် အပြစ်မဲ့ အခြေအနေမှာရှိသည်။ အလွန်သာယာလှသော ပတ်ဝန်းကျင်ရှိသည့်နေရာ၌၊ လူကို
ထား၍ ကောင်းမကောင်းသိကျွမ်းရာအပင်၏အသီးကို မစားဘို့ ရန်မြစ်တားထားရာ လူသည်လူသည်ဘုရားစကားကို နား
ထောင်ခြင်းရှိမရှိ စစ်ဆေးခြင်းခံရသည်။ လူ၌လည်းရွေးချယ်ဆုံးဖြတ်နိုင်သော၊ အခွင့်အရေးကိုလည်းပေးထားသည်။
(ကမ္ဘာ ၃း) ၌ စာတန်မရ်နတ်သည် မြွေအထဲမှ လူကို စုံစမ်းသွေးဆောင်သည်။ စာတန်သည် ဘုရားကို ဆန့် ကျင်သူဖြစ်၍
လူသည်လည်း ဘုရားကို ဆန့် ကျင်စေဘို့ ရန်အလိုရှိသည်။ ဘုရားသခင်ဖန်ဆင်းထားသောလူကို စာတန်သည်သတ်ခွင့်မ
ရှိသောကြောင့် ဘုရားစကားနားမထောင်ခြင်းအားဖြင့်၊ တော်လှန်ရန်လူကို သွေးဆောင်သည်။ အပြစ်ကို စတင်ဖြစ်စေသူ
စာတန်သည် လူမိန်းမအား ဘုရားစကားကို သံသယဖြစ်စေအောင်၊ ဤသို့ သွေးဆောင်သည်။ သင်တို့ သည် ဥယျာဉ်ရှိသ
မျှသောအပင်တို့ ၏အသီးကို စားရသောအခွင်ရှိ၏။ ဥယျာဉ်အလယ်၌ ရှိသောအသီးကိုကား သင်တို့ သည် မကိုင်မစားပဲ
နေကြလော။ သို့ မဟုတ်လျှင်သေရမည်ဟု မြွေအားဆို၏။ မြွေကလည်း သင်တို့ သည် ဧကန်အမှန်သေရမည်မဟုတ်။အ
ကြောင်းမူကားထိုအသီးကို စားသောနေ့ ၌ သင်တို့ သည်မျက်စိဖွင့်လင်းလျက် ကောင်းမကောင်းသိ၍ ဘုရားသခင်ကဲ့သို့ 
ဖြစ်ကြလတံ့သည်ကို ဘုရားသခင်သိတော်မူသည်ဟု မိန်းမအားဆို၏။ထိုအပင်သည် စားဘွယ်ကောင်းခြင်း(ဇာတိတပ်မက်
ခြင်း) အဆင်းလည်းလှခြင်း( မျက်စိတပ်မက်ခြင်း) ပညာတိုးပွားစေလိုသောငှါ(တင်းတိမ်ရောင့်ရဲမှုမရှိဘဲဝါကြွားလိုခြင်း) နှစ်
သက်ဘွယ်သော အပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင် အသီးကို ယူ၍စား၏။ မိမိခင်ပွန်းအားပေး၍သူသည်လည်းစား၏။
လူသည် ဘုရားသခင်၏ မစားရန်ပညတ်ချက် ချိုးဖျက်လိုက်သည်။ အပြစ်သွေးဆောင်ရာသို့ လိုက်ပါခြင်းဖြင့် ဘုရားစကား
နားမထောင်ခြင်း အပြစ်ရှိလာသည်။
အာဒံနှင့်ဧဝ အဘယ့်ကြောင့်အပြစ်သွေးဆောင်ရာသို့ လိုက်ပါ၍ အပြစ်ကျူးလွန်သနည်း။
(၁) ပဌမ အချက်မှာ စာတန်၏လိမ်လည်မှုကြောင့်ဖြစ်သည်။ စာတန်သည် မုသာ၏ အဘဖြစ်၏။ သူ၌သစ္စာတရားမရှိ။( ယော ၈း ၄၄ ) စာတန်သည် အာဒံနှင့်ဧဝအား ဘုရားစကားနားမထောင်ရန်လှည့်ဖြားလိုက်သည်။ ဘုရားသခင်အပေါ်သံ
သယရှိစေသည်။ယနေ့ လူများစွာလည်း လှည့်ဖြားခံရဆဲဖြစ်သည်။ ထို့ ကြောင့်မြောက်များစွာသောလူတို့ သည် ဘုရားနှင့်
သူ၏နှုတ်ကပတ်တော်အပေါ်၌ သံသယရှိကြသည်။ဘုရားသခင်သည် သူနှင့်ပုံသဏ္ဍာန် တညီတည်းလူကို ဖန်ဆင်းပြီး ဖြစ်
သော်လည်း လူသည် ဘုရားရှင်နှင့်မတူသကဲ့သို့ ပြောသည်။ယနေ့ လူသားများသည် ဘုရားရှင်နှင့်မတူသော်လည်း ဘုရား
ရှင်နှင့် တူသယောင်ယောင် လှည့်ဖြားပြန်သည်။ ထို့ ကြောင့်လူတိုင်းအနည်းငယ် အကျင့်ကျင့်ရုံနှင့် အပြစ်ဖြေလွှတ်ကာ ကောင်းကင်ရောက်မည်ဟု ထင်ကြသည်။ ကယ်တင်ခြင်းစိတ်ချမှုမရှိဘဲကျေနပ်စေသည်။စာတန်သည်လူ့ ဘဝသက်တမ်း
တလျှောက်လုံး လိမ်လည်လှည့်ဖြားသောကြောင့် အလွန်ပါးနပ်သည်။ မိတ်ဆွေလည်း လှည့်ဖြားမခံမိဘို့ သမ္မာတရားသိဘို့ လိုသည်။
(၂) အာဒံနှင့်ဧဝအနေဖြင့် (က)စကားနားမထောင်ခြင်းကြောင့်ဖြစ်သည်။ (ရောမ ၅း ၁၉) ဘုရားရှင်၏စကားထက်စာတန်
၏စကားကို ယုံကြည်ကြသည်။ ဘုရားစကားငြင်းဆန်ခြင်းသည် နတ်ဆိုးနှင့်ပေါင်းခြင်းဖြစ်သည်။(၁ရာ ၁၅း ၂၃)
(ခ) ဘုရားရှင်အပေါ်စိတ်မချခြင်းကြောင့်ဖြစ်သည်။ သူတို့ သည် အကောင်းအခြေအနေ၌ ဘုရားရှင်ဖန်ဆင်း၍ ဘုရားနှင့်ပုံ
သဏ္ဍာန်တညီတည်း ဖန်ဆင်းပြီးဖြစ်သော်လည်း စာတန်ကမတူသေးသလို လိမ်လည်သောအခါ၊ သူတို့ ၌ သံသယစိတ်ဝင်
လာသည်။ ထို့ ကြောင့်ဘုရားရှင်နှင့်တူပြီးသော အခြေနေမှ ထပ်၍တူချင်သောအခါ၊ဘုရားနှင့်မတူဖြစ်သွားသည်။ထို့ ကြောင် ဘုရားစကားအပေါ်စိတ်မချခြင်း သံသယရှိခြင်းသည် အပြစ်ဖြစ်သည်။
(ဂ) နှုတ်ကပတ်တော်ကို ထပ်ဖြည့်ခြင်း။နှုတ်ပယ်ခြင်းကြောင့်ဖြစ်သည်။ ဘုရားရှင်ပြောသည်မှာ ထိုအပင်၏အသီးကိုကားမ
စားရ။(ကမ္ဘာ၂း ၁၇) ဟူ၍သာဖြစ်သည်။သို့ သော်ဧဝက ဥယျာဉ်အလယ်၌ ရှိသောအပင်၏အသီးကိုကား သင်တို့ သည်မကို
င်မစားဘဲနေကြလော့။(ကမ္ဘာ၃း ၃) ဟူ၍မကိုင်ရ၊ဟူသောစကားထပ်ဖြည့်ထည့်သည်။ ဘုရားသခင်က စားသောနေ့ တွင်
ဧကန်အမှန်သေမည်ဟု ပြောခဲ့သော်လည်း၊ မိန်းမက သေမည် ဟူ၍သာပြောခဲ့သည်။ယနေ့ လူသားများသည် သမ္မာကျမ်း
စာကို ဖြည့်ခြင်း၊ နှုတ်ခြင်းလုပ်ကြသည်။ ထို့ ကြောင့်စာတန်လှည့်ဖြားခြင်းသို့ ရောက်ကြသည်။(ဗျာဒိတ် ၂၂း ၁၈)၌ အကြင်
သူသည် ဤအရာ (ကျမ်းစာ) တို့ ၌ ထပ်၍ အသစ်သွင်း၏။ဤစာစောင်၌ရေးသားသောဘေးဒဏ်တို့ ကို သူ့ အပေါ်သို့ ဘု
ရားသခင် သက်ရောက်စေတော်မူမည်။အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကားအချို့ ကို နှုတ်ပယ်၏။ ဤစာစောင်
၌ ရေးသားထားသော အသက်ပင်နှင့်၎င်း သန့် ရှင်းသော မြို့ တော်နှင့်၎င်း ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင်နှုတ်
ပယ်တော်မူမည်။(ဗျာဒိတ် ၂၂း ၁၈-၁၉)ကျမ်းစာကို နှုတ်ခြင်း၊ ထပ်ဖြည့်ခြင်းသည် အလွန်ကြောက်စရာကောင်းသည်။
အာဒံနှင့်ဧဝတို့ သည် အပြစ်၏အခအဖြစ်မြောက်များစွာခံစားရသည်။ထိုအပြစ်များကို သူတို့ ၏သားစဉ်မြေးဆက်များထံအ
မွေဆိုးပေးကမ်းခဲ့ကြသည်။ ခံရသောအပြစ်များမှာ.................
(က) သေခြင်းသို့ ရောက်ရသည်။
ဘုရားရှင်က ဤအသီးစားပါက သေရမည်ဟုပြောသော်လည်း သူတို့ မယုံကြည်ကြ။ ဘုရားရှင်သည်မေတ္တာရှင်ဖြစ်သော
ကြောင့် ထိုမျှလောက်ပြစ်ဒဏ်ပေးမည်ဟု မထင်ကြ။ သို့ သော်ဘုရားရှင်သည် သစ္စာရှိသည်။ ပြောသည့်အတိုင်းလုပ်သည်။
ယနေ့ လူသားများစွာကလည်း ဘုရား၏အပြစ်ဒဏ်ပေးမည့်အရာကို မယုံကြည်ကြ။သေခြင်းဟုဆိုရာ၌ ခွဲခွါခြင်းးကိုဆိုလို
သည်။ အာဒံနှင့်ဧဝတို့ သည် ယခင်ဘုရားရှင်နှင့်ဆက်သွယ်နိုင် မိတ်သဟာယဖွဲ့ နိုင်ခဲ့သော်လည်း ယခုဘရားရှင်နှင့်ခွဲခွါခဲ့ရ
ပြီ။ ဘုရားရှင်နှင့်အဆက်အသွယ်ပြတ်သွားပြီ။ ထို့ ကြောင့်ဘုရားဖက်၌ အသက်မရှင်။ စာတန်ဖက်၌သာ အသက်ရှင်ကြ
တော့သည်။ ကိုယ်ခန္ဒာလည်းသေရသည်။ မြေမှုန့် မှ ဖြစ်သောကြောင့်မြေမှုန့် သို့ ပြန်သွားရသည်။
(ခ) အပြစ်သားများဖြစ်သွားကြသည်။
အာဒံနှင့်ဧဝတို့ သည် ယခင်ကအပြစ်မဲ့သန့် ရှင်းသောသူဖြစ်ကြသော်လည်း ဘုရားစကားနားမထောင်ခြင်းကြောင့်အပြစ်
သားဘဝသို့ ရောက်သွားကြသည်။(ရောမ ၅း ၁၂၊၁၉) အပြစ်သားဖြစ်ခြင်းသည် အလွန်ရင်နာစရာဖြစ်သည်။
(ဂ)ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခြင်းခံရသည်။
ဘုရားသခင်သည် လူတို့ ကို သိပ်ချစ်သော်လည်း အပြစ်သားဖြစ်သောကြောင့် ဧဒင်ဥယျာဉ်ထဲပြန်မဝင်နိုင်အောင် အသက်
ပင်လမ်းကို စောင့်ရှောက်စေခြင်းငှါ မီးစက်လက်နက်နှင့်တကွ ခေရုဗိမ် တို့ ကို ဥယျာဉ်အရှေ့ ဘက်၌ထားတော်မူ၏။
(ကမ္ဘာ ၃း ၂၃၊၂၄)
(ဃ) ကျိန်ခြင်းခံရသည်။ မိန်းမအပေါ်၌ ကျိန်သောအရာများ
(၁) ကိုယ်ဝန်ဆောင်ခြင်းဝေဒနာများအလွန်များပြားစေမည်။
(၂) ပင်ပန်းစွာဝေဒနာခံ၍ သားဖွားရမည်။
(၃) ခင်ပွန်း၏ အုပ်စိုးခြင်းခံရမည်။
အာဒံအပေါ်ကျိန်သောအရာများ
(၁)မြေ၏အသီးကို တသက်ပတ်လုံးပင်ပန်းစွာစားရမည်။
(၂) ဆူးပင်အမျိုးမျိုးသူ့ အဖို့ ပေါက်စေမည်။
(၃) လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ ကိုစားရမည်။
(၄) ချွေးထွက်အောင် အလုပ်လုပ်စားရမည်။
(၅) မြေမှုန့် မှ ဖြစ်သဖြင့် မြေမှုန့် သို့ ပြန်ရမည်။( သေရမည်)
မြေကြီးအပေါ်၌ကျိန်ခြင်း
(၁)မြေကြီးကျိန်ခြင်းခံရသည်။ (၂) ဆူးပင်ပေါက်စေသည်။
(င) ကြောက်စိတ်ရှက်စိတ်ဝင်လာသည်။ (စိတ်ပိုင်းယိုးယွင်းသွားသည်။)
ယခင်အာဒံနှင့်ဧဝ ကြောင်ခြင်း၊ရှက်ခြင်းကင်းသော်လည်း၊ အပြစ်ကြောင့်ကြောက်စိတ်နှင့်ရှက်ခြင်းဝင်လာသည်။ဘုရားရှင်
နှင့်တွေ့ ဖို့ ရှက်ကြောက်လာသည်။ထို့ ကြောင့်ဘုရားရှင်နှင့်မတွေ့ ရဲဘဲပုန်းနေသည်။(ကမ္ဘာ၃း)ထို့ ကြောင့်မိတ်ဆွေ၌ရှိ
သောရှက်ကြောက်ခြင်းသည် အပြစ်၏အခဖြစ်သည်။
(စ) တယောက်အပေါ်တယောက်အပြစ်ဖို့ ခြင်းဖြစ်လာသည်။
ဘုရားရှင်ကလည်းသင်တို့ ၌ အဝတ်အချည်းစည်းရှိသည်ကို အဘယ်သူပြောသနည်း။ မစားရဟု ငါပညတ်သောအပင်၏အ
သီးကို စားပြီလော ဟုမေးတော်မူ၏။(ကမ္ဘာ ၃း ၁၁ ၊ ၁၂) အာဒံသည်ဘုရားအပေါ်အပြစ်တင်သည်။ဘုရားကပေးသောမိန်း
မအားဖြင့် ကျွန်တော်အပြစ်သွေးဆောင်ခံရသည် ဟုဆိုသည်။အကယ်၍ မိန်းမမပေးပါက ပြစ်မှားမည်မဟုတ်။ ထို့ ကြောင့်
ကိုယ်တော်သာအပြစ်ဖြစ်သည်ဟုဆိုလိုသည်။ ထိုထက်သာမက မိန်းမအပေါ်၌လည်း အပြစ်လွှဲချလိုက်သည်။ သူကိုယ်တိုင်
အပြစ်ဝန်ခံခြင်းမရှိ။ထိုနည်းသူလူတိုင်းမိမိအပြစ်ကိုလွှဲရှောင်ခြင်းသည် အာဒံ၏အမွေဖြစ်သည်။ထာဝရအရှင်ဘုရားသခင်က
လည်း  သင်သည်အဘယ်သို့ ပြုပြီးသနည်း မိန်းမအားမေးတော်မူလျှင် မိန်းမက  မြွေသည်ကျွန်မအားလှည့်စား၍ ကျွန်မစာ
းမိပါပြီ။ဟုလျှောက်လေ၏။(ကမ္ဘာ ၃း ၁၃) မိန်းမအနေဖြင့်လည်းအပြစ်ကို ဝန်မခံလိုပေ။မြွေအပေါ်၌ ပုံချသည်။ ဧဝသည်
သွေးဆောင်ခြင်းခံရစဉ်တွင် အပြစ်မရှိချေ။သို့ သော်လည်းသွေးဆောင်ခြင်းသို့ လိုက်ပါသွားခြင်းသည်သာ အပြစ်ကျူးလွန်
ခြင်းဖြစ်သည်။ အပြစ်သွေးဆောင်ရာသို့ မလိုက်ပါသွားခဲ့လျှင် အပြစ်မရှိဘဲပြစ်ဒဏ်လည်းခံရမည်မဟုတ်။ စာတန်သည်သူ
ကိုယ်တိုင် ဘုရားသခင်ဖြစ်လိုသောကြောင့် ဘုရားရှင်၏ရန်သူဖြစ်ကာပစ်ချခြင်းခံရသည်။ (ဟေရှာ ၁၄း ၁၂-၁၅) ထိုနည်း
တူအာဒံနှင့်ဧဝတို့ ကိုလည်း၊ ဘုရားဖြစ်ဘို့ ရန် လှည့်ဖြား၍ မြှောက်ပင့်ပေးသည်။ ထိုသို့ အားဖြင့် လူသည်ဘုရား၏မိတ်ဆွေ
မှ ရန်သူဖြစ်သွားဖို့ ရန်ရည်ရွယ်သည်။ ထိုရည်ရွယ်ချက်သည် ယနေ့ တိုင်လူသားများအပေါ်၌ အောင်မြင်နေသည်။လူသည်
ဘုရားမပါဘဲ အံ့ဖွယ်ကောင်းလောက်အောင် တိုးတက်ကြီးပွားလာသောအခါ၊ ဘုရားမရှိ၊ မိမိကိုယ်ကို ဘုရားဟုထင်လာကြ
သည်။ နောက်ဆုံး၌ အန္တိ ခရစ်ကိုလည်း ချီးမြှောက်ကာ ယေရုရှလင်မြို့ ဗိမာန်တော်၌ ဘုရားအဖြစ်ကြေညာကာ စာတန်၏
လက်ကိုင်တုတ်ဖြစ်မည့် ထိုနေ့ ရက်မရောက်မှီ ဖောက်ပြန်သင်းခွဲသည်၊ အရင်ဖြစ်၍ ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်း
၏သားပေါ်လာရလိမ့်မည်။ထိုသူသည် ဘုရားသခင် ဟူ၍၎င်း ဘုရားဟူ၍၎င်း ခေါဝေါ်သမုတ်သောအရာတို့ ကို ရန်ဘက်ပြု
၍ ကိုယ့်ကိုချီးမြှောက်သောအားဖြင့် ဘုရားသခင်၏ဗိမာန်တော်၌ ဘုရားသခင်ကဲ့သို့ ထိုင်၍ ဘုရားသခင်ဖြစ်ယောင်ဆောင်
လျက် ကိုယ်ကိုပြသသောသူဖြစ်သတည်း။ (၂သက် ၂း ၃ -၄) ယနေ့ လူများစွာတို့ လည်း ဘုရားမရှိဟုငြင်းပယ်ကာ မိမိတို့ ကိုယ်ကို ဘုရားအဖြစ်တင်မြှောက်နေကြခြင်းသည် စာတန်၏လှည့်ဖြားမှုဖြစ်သည်။ အာဒံနှင့် ဧဝတို့ သည် အပြစ်ကျူးလွန်
ပြီးပြီးခြင်းမျက်စိပွင့်လင်း၍ အဝတ်အချည်းစည်းရှိကြောင်းကို သိမြင်လာကြသောအခါ ရှက်စိတ်ဝင်လာကြသည်။ ထိုမျက်စိ
ပွင့်လင်းခြင်းသည် ကောင်းသောအရာမဟုတ်။ သူတို့ သည် ဘုရားဘက်၌ မျက်ကန်းဖြစ်၍ အပြစ်ဘက်၌ မျက်စိမြင်လာကြ
ခြင်းဖြစ်သည်။ထိုအမွေဆိုးသည် ယနေ့ အထိ မိတ်ဆွေအပေါ်ကြွင်းကျန်သေးသည်။ သူတို့ သည် ကောင်းမကောင်းသိ
တတ်လာသည်။ လူတိုင်းထင်မှတ်သည်မှာ ကောင်းမကောင်းသိတတ်ခြင်းသည် ဘုရားသခင်၏ လက်ဆောင်ဖြစ်သည်ဟု
ယူဆကြသည်။ သို့ သော်ကောင်းမကောင်းသိခြင်းသည် စာတန်အကြံအားဖြင့် ရရှိခြင်းဖြစ်သောကြောင့်မကောင်းချေ။ အရ
က်သမားများသည် အရက်သောက်ခြင်းကို မကောင်းမှန်းသိသော်လည်း မသောက်ဘဲမနေနိုင်။ ကောင်းသောအရာကိုမရွေး
နိုင်ကြ။ ထိုနည်းသူ အပြစ်လုပ်သောသူတိုင်းသည် အပြစ်မကောင်းမှန်းသိလျက်နှင့်လုပ်ကြသည်။ မသိဘဲလုပ်မိသည်အပြစ်
နည်းသည်။သိလျက်နှင့်မကောင်းသောအရာကို ရွေးလုပ်ကြသည်။ လူလင်မယားနှစ်ယောက်တို့ သည် အပြစ်ပြုလုပ်မိ
သည်နှင့် အဝတ်အချည်းစည်းရှိသောကြောင့် အရှက်လုံဘို့ ရန် သင်္ဘောသဖန်းပင် အရွက်တို့ ကို ချုပ်စပ်၍ ခါးစည်းကိုလုပ်
ကြသည်။(ကမ္ဘာ ၃း ၇) ထိုသင်္ဘောသဖန်းရွက်သည် တရက်အတွင်းခြောက်သွေ့ သွားလိမ့်မည်။ သူတို့ အပြစ်ကြောင့်ဖြစ်
ပေါ်လာသော အရှက်ကို မဖုံးကွယ်နိုင်ချေ။ လူရှေ့ မှာ ခေတ္တခဏ ဖုံးကွယ်နိုင်သော်လည်း ဘုရားရှင်ရှေ့ မှာသူတို့ သည်
ကိုယ်တုံးလုံးဖြစ်နေသည်။ ထိုနည်းတူကျွန်ုပ်တို့ အပြစ်သားများသည် ဘုရားရှင်ရှေ့ ၌ ကိုယ်တုံးလုံးဖြစ်ကြသည်။ မိမိ၏ဖြောင့်မတ်ခြင်းကို ကိုးစား၍နေပါက၊ ဘုရားရှေ့ ၌ အဝတ်ချည်းစည်း ရှိခြင်းနှင့်အတူတူပင်ဖြစ်သည်။ ထို့ ကြောင့်ခရစ်
တော်က အဝတ်အချည်းစည်းရှိ၍ သူတပါးရှေ့ တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့ ဖြူသောအဝတ် (ခရစ်တော်၏ဖြောင့်
မတ်ခြင်း)ငါ့ထံမှဝယ်လော့။ (ဗျာ ၃း ၁၈) ဟုဆိုထားပါသည်။ဘုရားသခင်က သူတို့ ဘို့ သားရေဖြင့်ဝတ်လုံကိုလုပ်၍ ဝတ်
ခြုံတော်မူ၏။(ကမ္ဘာ ၃း ၂၁) သားရေရဘို့ အပြစ်မဲ့သော တိရစ္ဆာန် တစ်ကောင်ကို သတ်ရသည်။ ထိုသားရေဝတ်လုံခြုံမှသာ
သူတို့ လုံခြုံမှုရှိသည်။ ထိုနည်းတူလူသားများ၏အပြစ်ဖုံးအုပ်ဖို့ အပြစ်မရှိသော သားတော်ယေရှုခရစ်ကို အသေသတ်ခြင်း
အားဖြင့် ကျွန်ုပ်တို့ ၏အပြစ်များကို ဖုံးလွှမ်းပေးသည်။လူသားများအနေဖြင့်လည်း အပြစ်ဖုံးအုပ်ဖို့ ရန်ကောင်းမှုကုသိုလ်ဘာ
သာတရားလိုက်စားခြင်းအားဖြင့် အမျိုးမျိုးကြိုးစားသော်လည်း ထိုအရာများသည် သင်္ဘောသဖန်းရွက်မျှသာရှိကြသည်။သို့ 
သော်ယေရှုခရစ်၏ ဖြောင့်မတ်ခြင်းမူကားထာဝရတည်မြဲသည်။ ထို့ ကြောင့်ရှင်ပေါလုက သခင်ယေရှုကို ယူတင်ဝတ်ဆောင်
ကြလော့။ (ရော ၁၃း ၁၄)ဟုဆိုထားသည်။ လူသည်အပြစ်ကြောင့်ဘုရားသခင်နှင့်ခွဲခွါရသော်လည်း ဘုရားရှင်သည်သူတို့ 
အတွက် ကယ်တင်ရှင်ပေါ်ပေးမည်ဟု ဂတိပေးခဲ့သည်။ဘုရားသခင်က မြွေအား သင်နှင့်မိန်းမကို ၎င်း သင်၏အမျိုးအနွယ်
(အန္တိခရစ်)နှင့်မိန်းမ၏ အမျိုးအနွယ် (ယေရှုခရစ်) ကို၎င်း ငါသည်ရန်ငြို့ ဖွဲ့ စေမည်။သင်သည်သူ၏ဖနှောင့်ကိုကြိတ်၍ သူ
သည်လည်း သင်၏ဦးခေါင်းကို ကြိတ်လိမ့်မည်။ (ကမ္ဘာ၃း ၁၅ ) ဟုမိန့် ဆိုခဲ့သည်။ ဤအချက်သည် ခရစ်တော်ကြွလာမည့်
အကြောင်း ပထမဆုံးဗျာဒိတ်တော်ဖြစ်သည်။ ဤလောကကို ဘုရားသခင်ကဖန်ဆင်း၍ အုပ်စိုးဘို့ ရန်အာဒံကို အပ်ထား
သည်။ သို့ သော်လည်းအာဒံသည် မိမိ၏အာဏာကို စာတန်ထံ၌လွှဲပြောင်းပေးလိုက်သဖြင့် ထိုအချိန်မှစ၍ စာတန်သည်ဤ
လောက၏မင်းဖြစ်လာသည်။ ထို့ ကြောင့်ခရစ်တော်သည် ရက်ပေါင်း (၄၀) အစာရှောင်ပြီးသောအခါ၊ စာတန်က ဤလော
က၌ ရှိသမျှသောတိုင်းနိုင်ငံတို့ ကို တခဏချင်းတွင် ပြညွန်၍ ဘုန်းတန်ခိုးအာနုဘော်တော်ရှိသမျှကို ငါ၌အပ်ခဲ့ပြီ ငါသည်ပေ
းလိုသောသူအားပေးရသည်ဖြစ်၍ ကိုယ်တော်အားပေးပါမည်။ ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့ သည် ကိုယ်တော်၏ဥစ္စဖြ
စ်လိမ့်မည်ဟု လျှောက်လေ၏။သို့ သော်ယေရှုကလက်မခံချေ။ အကြောင်းမှာ ယခုလောလောဆယ်စာတန်ပိုင်သော်လည်း
ခရစ်တော်သည် ထိုအာဏာအလုံးစုံကို ပြန်လည်ရယူမည်ဖြစ်သည်။ ခရစ်တော်ကို စာတန်သည် လက်ဝါးကပ်တိုင်၌ရိုက်သ
တ်သောအခါ၊ (ခရစ်တော်)၏ဖနှောင့်ကို ကြိတ်လိုက်၏။သို့ သော်လည်းစာတန်သည် အရှုံးနှင့်ရင်ဆိုင်ရ၏။အကြောင်းမူကာ
သူ၏လက်နက်သေမင်းကို ခရစ်တော်က အောင်မြင်ခဲ့၏။(ဟေ ၂း ၁၅) ခရစ်တော်သည် ဒုတိယအကြိမ်ကြွလာသောအခါ၊
စာတန်ကို အနက်ဆုံးသောတွင်းထဲသို့ ချပစ်ခြင်းအားဖြင့် စာတန်သည် အနှစ်တစ်ထောင်(၁၀၀၀)လုံးလုံးထောင်ကျမည်ဖြစ်
သည်။ စာတန်အကြောက်ဆုံးသော ကျမ်းစာသည် ကမ္ဘာဦးကျမ်းနှင့်ဗျာဒိတ်ကျမ်းဖြစ်သည်။အကြောင်းမှာ ကမ္ဘာဦးကျမ်း၌
စာတန်သည် မည်ကဲ့သို့ လူကိုလှည့်ဖြားကြောင်းပါရှိသည်။ အပြစ်၏အစမဖော်ထုတ်နိုင်အောင်၊ ကမ္ဘာဦးကျမ်းကိုဖယ်ထား
ချင်သည်။ထို့ ကြောင့်စာတန်သည် ခေတ်မှီ တရားဟောဆရာများမှတဆင့် ကမ္ဘာဦးကျမ်းကို ပယ်ချလျက်ရှိသည်။ ကမ္ဘာဦး
ကျမ်းသည် ပုံပြင်မျှသာဖြစ်သည်။ ထိုခေတ်တုံးကရေးသားထားခြင်းဖြစ်သောကြောင့် အမှန်မသိနိုင်ပါဟူ၍ စာတန်အတွက်
ရှေ့ နေလိုက်ကြသည်။ ဗျာဒိတ်ကျမ်းသည်လည်းမဖြစ်နိုင်တဲ့အရာတွေပါတယ်လို့ ပြောကြတယ်။ ဗျာဒိတ်ကျမ်း၌ စာတန်နှင့်
သူ့ အပေါင်းပါများ၏ နိဂုံးရေးထားသောကြောင့် စာတန်သည်လူတိုင်းကို မသိစေချင်ပါ။ လူသည်လွတ်လမ်းမရှိသော
ကြောင့်ပျက်စီးသည်မဟုတ်။ သို့ သော်ခရစ်တော်အားဖြင့် ကယ်တင်ခြင်းကို လက်မခံသောကြောင်း အပြစ်ငရဲထဲသို့ ကျရ
မည်ဖြစ်သည်။ အနာဂတ္တိကျမ်းစကားများကို သေချာစွာလေ့လာပါလျှင် စာတန်၏အစနှင့်အဆုံးအားလုံးသိရှိနိုင်သည်။(၂ပေ၁း ၁၉) ထို့ ကြောင့်စာတန်၏ အကြံအစည်များကို သိရှိနိုင်သည်။(၂ကော၂း၁၁) သို့ သော်ယုံကြည်သူများသည် အနာဂတ္တိကျမ်းများလေ့လာခြင်းကို လစ်လျူရှုသည်သာမက
စိတ်ပျက်ကြသည်။ အကြောင်းမှာ မတတ်သောသူ၊ တည်ခြင်းမရှိသောသူတို့ သည်။ ထိုအရာမှစ၍ ကြွင်းသောကျမ်းစာ၏
အနက်ကို မှောက်လှန်၍ ကိုယ့်ကိုကိုယ် ဖျက်ဆီးတတ်ကြသည်။(၂ပေ ၃း ၁၆) ထို့ ကြောင့်အနာဂတ္တိကျမ်းလေ့လာသော
အခါ အမျိုးမျိုးခြားနားခြင်းရှိ၍ မလေ့လာဘို့ ရန် တိုက်တွန်းတတ်ကြသည်။ စာတန်သည်အနာဂတ္တိကျမ်းလေ့လာခြင်းကိုစိုး
ရိမ်သည်။ထို့ ကြောင့်မလေ့လာချင်အောင်အမျိုးမျိုး အတားအဆီးလုပ်လျှက် အောင်မြင်နေသည်။


    ခရစ်တော်၏နာမ၌........အတား( မိုးကုတ်လီိဆူလေး)

No comments:

Post a Comment