Thursday, February 2, 2012

ဖန်ဆင်းခြင်းအကြောင်း (၃)

                                  
                   တတိယနေ့ ----- ကုန်းမြေ၊ပင်လယ်၊မြက်ပင်၊သစ်ပင် ( ကမ္ဘာ ၁း ၉-၁၃)
တဖန် ဘုရားသခင် က မိုးကောင်းကင်၌ ရှိသောရေစုဝေးစေ ၊ ကုန်းပေါ်စေဟု အမိန့် တော်ရှိသည့်အတိုင်းဖြစ်လေ၏။ကုန်း
ကိုမြေဟူ၍ အမည်ဖြင့်၎င်း၊ ရေစုဝေးရာကို ပင်လယ်ဟူ၍၎င်း၊ ဘုရားသခင်ခေါ်ဝေါ်သမုတ်တော်မူ၍၊ ထိုအမှုအရာကောင်း
သည်ကို ဘုရားသခင်မြင်တော်မူ၏။(ကမ္ဘာ ၁း ၉-၁၃) တတိယနေ့ ၌ ဘုရားသခင်သည် ကုန်းနှင့်ပင်လယ်ကိုခွဲခြားသည်။
ထို့ ကြောင့်နောဧလက်ထက်၊ မတိုင်မှီကပင် ရေလွှမ်းမိုးခဲ့ကြောင်းသိနိုင်သည်။ (ကမ္ဘာ၁း ၂) နောဧလက်ထက်ရေလွှမ်းမိုး
ခြင်းသည် ဒုတိယအကြိမ်ဖြစ်သည်။လူကိုမဖန်ဆင်းမှီ ရှုပ်ထွေးနေသောကမ္ဘာကြီးမှ ရေများကို စုဝေးစေ၍ ပင်လယ်နှင့် ကုန်
းမြေ၊ (Dry Land)ကို ဖြစ်ပေါ်စေသည်။ ပင်လယ်ရှိခြင်းအားဖြင့် သင်္ဘောများသွားလာနိုင်သည်။ သယ်ယူပို့ ဆောင်ရေး၌
ကုန်းနှင့်ပင်လယ်သည် တစ်မျိုးစီအကျိုးရှိသည်။ ထိုပင်လယ်နှင့်ကုန်းသည်  ဘုရားသခင်ပြင်ဆင်ပေးထားသောကြောင့်လူ
တိုင်းအခမဲ့ နေထိုင်သုံးစွဲခွင့်ရှိသည်။ သို့ သော် လူက ပိုင်ဆိုင်မှု သတ်မှတ်လိုက်သောအခါ၊ တန်ဖိုးများစွာပေးဖို့ လိုသည်။
လူပါလာလျှင် အခမဲ့မရှိပါ။ ဘုရားပေးသမျှ အခမဲ့ဖြစ်သည်။ ထို့ ကြောင့်ဘုရားသခင် မေရတ္တာကြီးမားလှကြောင်းသိရှိနိုင်ပါ
သည်။တတိယနေ့ ၌ လူနှင့် တိရိစ္ဆာန်များအတွက် မြက်ပင်၊ စပါးပင်၊အသီးပင်အမျိုးမျိုးတို့ ကို ပေါက်စေသည်။ လူသည်အ
ဘယ်သို့ စားရ၊သောက်ရ အံ့နည်းဟု ပူပင်တတ်သည်။ လူမပူပန်မှီကပင် ဘုရားသခင်သည် အစားအသောက်များကို ဖန်
ဆင်းပေးသည်။ တိရိစ္ဆာန်အတွက်မြက်ပင်၊ လူအတွက်စပါးပင်၊ သစ်သီးပင်အမျိုးမျိုးတို့ ကို ပေါက်စေသည်။ အစကနဦးက စပါးပင်၊ သစ်သီးပင်များတို့ သည်၊ မြက်ပင်ကဲ့သို့  အလေ့ကျပေါက်ပင်များဖြစ်သည်။ စိုက်ပျိုးပင်များမဟုတ်ပါ။ လူကိုဖန်
ဆင်းစက စိုက်ပျိုးလုပ်ကိုင်စားသောက်ဖို့ ရန် မဟုတ်၊သို့ သော် အပြစ်ကြောင့်မစိုက်လျှင်၊ မလုပ်လျှင် မစားမသောက်ရ။
(ကမ္ဘာ ၃း ၁၇) အစ၌ အလုပ်လုပ် ဖို့  မဖန်ဆင်းသော်လည်း ဘုရားသခင်က လူကို အပြစ်ကြောင့် အလုပ်လုပ်ဖို့ ကျိန်ဆို
သည်။ ထို့ ကြောင့်အလုပ်မလုပ်လျှင်၊ မစားထိုက်သည့်သာမက အလုပ်မလုပ်သူများသည် ပြဿနာကောင်များဖြစ်လာ
ကြသည်။ ထို့ ကြောင့်လူတိုင်းအလုပ်လုပ်ဖို့ လိုအပ်လာသည်။



             သူ၏ အမှုတော်မြတ်၌------အတား (မိုးကုတ်လီဆူ)



No comments:

Post a Comment