Thursday, February 2, 2012

ဖန်ဆင်းခြင်းအကြောင်း ( ၄)


                                    စတုတ္ထနေ့---နေ ၊လ ၊ကြယ် (ကမ္ဘာ ၁း ၁၄ -၁၉)
စတုတ္ထနေ့ ၌ ဘုရားသခင်သည် နေ့ နှင့်ညကို ပိုင်းခြား၍ လင်းစေသည့် နေ ၊လ ၊နှင့်ကြယ်တို့ သည် အသစ်ဖန်ဆင်းသည့်
အရာများမဟုတ်ပါ။ ထိုအလင်းပေးသောအရာတို့ သည်၊ အာဒံမတိုင်မှီ ကမ္ဘာ၌ ရှိနှင့်ပြီးဖြစ်သည်။ ကမ္ဘာကြီးအဆင်းသဏ္ဍန်
မဲ့ဖြစ်သွားစဉ် ထိုအလင်းဖြစ်စေသည့်အရာများ ဖျက်ဆီးမခံရ။  (ကမ္ဘာ ၁း ၁၆) ၌ ဖန်ဆင်းသည်ဟုမသုံးဘဲ ပြုလုပ်သည်ဟု
မူရင်းကျမ်းစာ၌တွေ့ ရသည်။ (God made two great lights............He also made the stars)ဤသို့ ဘုရားသခင်စီစဉ်
ပေးသော အလင်းအိမ်များအနက်၊ နေအားဖြင့်အလင်း၊ အပူရှိန်စွမ်းအားသာမက နေ့ နှင့်ည ပိုင်းခြား၍၎င်း လ၏လည်ပတ်
မှုကြောင့်တစ်လ၊ နှစ်လ စသည့်ဖြင့် ကျွန်ုပ်တို့ ရေတွက်နိုင်သည်။ ချိန်းချက်သောအချိန် နေ့ အပိုင်းအခြား နှစ်အပိုင်းအခြား
ဖြစ်စေသည်။ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင် မြင်တော်မူသည်။

သူ၏အမှုတော်မြတ်၌ -----(အတား လီဆူ) မိုးကုတ်

No comments:

Post a Comment