Wednesday, February 1, 2012

ကျေးဇူးတော်ကာလ


အသင်းတော်ခေတ် ( ကျေးဇူးတော်ကာလ)Ecclesiastical  Dispensation
ဤခေတ်သည် ကျေးဇူးတော် ကာလဖြစ်၍ ခရစ်တော်အတွက်ဆိုလျင် လက်ဝါးကပ်တိုင်မှ သရဖူအတွင်းဖြစ်သည်။ယုံ
ကြည်သူအတွက်ဆိုလျှင်၊ ပင်တေကုတ္တေနေ့ ( သန့် ရှင်းသော ဝိညာဉ်တော် ဆင်းသက်ချိန်) မှ အသင်းတော် သိမ်းဆည်း
ချိန်ထိ ဖြစ်သည်။ ကြားကလခေတ် ( Parenthetical Dispensation)ဟုလည်းခေါ်နိုင်သည်။ Israel လူမျိုးများ ကွဲလွင့်သွာ
းချိန်မှ ပြန်လည်စုစည်းသည့် ကြားကာလအချိန်ဖြစ်သည်။ ဤခေတ်၏ ရည်ရွယ်ချက်မှာ ဘုရားသခင်သည် သူ့ နာမအ
တွက် ဂျူးလူမျိုးနှင့် တစ်ပါးအမျိုးသားထဲမှ လူမျိုးတစ်မျိုး အသင်းတော် ( The Church)ကိုစုစည်းရန်ဖြစ်သည်။ ဤအကြံအ
စည်သည် ဓမ္မဟောင်းကျမ်း၌ မဖော်ပြသော ကြောင့် ဘိုးဘေးများ ပရောဖက်များ မသိကြချေ။ သခင်ခရစ်တော်ကိုယ်တိုင်
ပေတရုထံမှာ အရိပ်အမြွက်ပြောကြားသည်။ ယေရှုက ဤကျောက်ပေါ်မှာ ငါ့အသင်းကို တည်ဆောက်မည်။(မဿဲ ၁၆း
 ၁၈)ရှင်ပေါလုက ဤအရာကို ထိုနက်နဲသောအရာကို သန့် ရှင်းသော တမန်တော်တို့ နှင့် ပရောဖက်တို့ အား ယခုကာလ
၌ ဝိညာဉ်တော်အားဖြင့် ဖွင့်လှစ်တော်မူသည် နည်းတူ အခြားသော ကာလတို့ ၌ လူမျိုးတို့ အားပြတော်မမူ။ ဘုရားသခင်၌
ရှေးကပ်ကာလ ပတ်လုံး ဝှက်ထာလျက်ရှိသော ထိုနက်နဲသော အရာနှင့် စပ်ဆိုင်သော သာသနာဟု ဆိုထားသည်။(ဧဖက်
၃း ၃-၆ ၊ ၉) တပါးအမျိုးသားများ ကယ်တင်ခြင်းရမည့် အရာသည် နက်နဲသော အရာမဟုတ်ပေ(ရော ၉း ၂၄-၃၀)နက်နဲ
သောအရာမှာ ဂျူးနှင့်တစ်ပါးအမျိုးသားများ တစုတဝေးတည်း အသစ်စက်စက်ဖြစ်မည့် အရာ ခရစ်တော်၏ ကိုယ်ခန္ဒာတည်
းဟူသော အသင်းတော်ဖြစ်သည်။ ( ၁ကော ၁၂း ၁၂-၁၃) ယခုခေတ်သည် ဒါဝိဒ်၏ ပဠိညာဉ်အောက်၌ရှိသည့် အမှတ်အ
သားမှာ သားတော်(ယေရှုခရစ်)ဖြစ်သည်။ ယခုခေတ်၌ ဘုရားသခင်သည် နိုင်ငံအလိုက်မဆက်ဆံတော့ဘဲ လူတယောက်
ချင်းနှင့်ဆက်ဆံသည်။ယခုခေတ်၏ လက္ခဏာအနေဖြင့် တပါးအမျိုးသားအပေါင်းတို့ သည် အချိန်မပြည့်မှီ၊ တိုင်အောင်ဂျူး
လူမျိုးအချို့ တို့ သည် မှောင်မိုက်ဖုံးလွှမ်း၏။ (ရော ၁၁း ၂၅ ) ဘုရားသခင်သည် ဂျူးနှင့် တပါးအမျိုးသားထဲမှ လူတယော
က်ချင်းကို သန့် ရှင်းသော ဝိညာဉ်တော်အားဖြင့် ခေါ်တော်မူ၍၊ ကိုယ်ခန္ဒာသစ် ( အသင်းတော်) ကိုတည်ထောင်သည်။ ထို
အသင်းတော်သည် ဂျူးလူမျိုးနှင့် သော်လည်းကောင်း တပါးအမျိုးသားများနှင့်သော်လည်းကောင်း ထူးခြား၍ သီးသန့် ဖြစ်
သည်။ ထိုကိုယ်ခန္ဒာ သည် ပညတ်တော်အောက်၌မရှိဘဲ ကျေးဇူးတော်လက်ထဲ၌ ရှိသည်။ (ရော ၆း ၁၄)ခရစ်တော်ကို မိမိ
၏ ကယ်တင်ပိုင်ရှင် အရှင်သခင်အဖြစ်လက်ခံ မခံအပေါ်မှာ တရားဆုံးဖြတ်ရမည်ဖြစ်သည်။ ခရစ်တော်သည် ဖခမည်း
တော်၏ ပလ္လင်ပေါ်သို့  တက်သောအခါ တရားစီရင်ခြင်း ပလ္လင်သည် ကျေးဇူးတော် ပလ္လင်အဖြစ်ပြောင်းသွားကာ ဘုရားသ
ခင်သည် ငါ တို့ တွင် အဘယ်သူမျှ မပျက်စီးဘဲ ရှိသမျှတို့ သည် နောင်တရစေခြင်းငှါ အလိုတော်ရှိ၍ ငါတို့ ကို သည်းခံ
တော်မူ၏။( ၂ပေ ၃း ၉) ဤခေတ်သည် အဘယ်သို့ နိဂုံးချုပ်မည်နည်း။ ယခင်ခေတ် (၅ )ခေတ်တို့ သည် အဆိုးအားဖြင့်နိ
ဂုံးချုပ်သည်။ ဧဒင်ခေတ်သည် အပြစ်၌လဲခြင်းဖြစ်၎င်း၊ ရေမလွှမ်းမိုးမှီခေတ်သည် ရေလွှမ်းမိုးခြင်းဖြင့်၎င်း ရေလွှမ်းမိုးပြီး
ခေတ်သည် ဘာသာစကားကွဲပြားခြင်းဖြင့်၎င်း ပညတ်တော်ခေတ်သည်လည်း ခရစ်တော်ကို လက်ဝါးကပ်တိုင် ၌ကွပ်မျက်
ခြင်းအားဖြင့်၎င်း နိဂုံးချုပ်သည်။လွန်ခဲ့သော ခေတ်များကို ရာဇဝင်အားဖြင့်သိရသည်။ ယခုခေတ်၏နိဂုံးချုပ်မူကား ပရော
ဖက်ပြုခြင်းအားဖြင့် သိရှိနိုင်သည်။ သာမန်အမြင်အားဖြင့် ဆိုလျှင် ကမ္ဘာပေါ်၌ သတင်းကောင်းဟောပြောခြင်းအားဖြင့် လူ
အားလုံးပြောင်းလဲ၍ ထိုနောက်အနှစ်တထောင်နှင့်ဆက်ကာ အောင်မြင်စွာပြီးဆုံးမည်ဟု ထင်ကြသည်။ သို့ သော်သမ္မာ
ကျမ်းစာမှာ ထို သို့ မသင်ပေးပါ။သမ္မာကျမ်းစာက စပါးပင်နှင့် တောမျိုးပင်တို့ သည် စပါးရိတ်သည့်ကာလတိုင်အောင် အတူ
တူကြီးပွားမည်။ စပါးရိတ်ရာကာလသည် ယခုခေတ်အကုန်ဖြစ်သည်။(မဿဲ ၁၃း ၂၄ -၃၀) ကောင်းသောငါးနှင့်မကောင်း
သောငါးလည်း ပိုက်ကွန်တစ်ခုထည်းအုပ်မိမည်။ သိုးနှင့်ဆိတ်လည်း အတူတူကျက်စားမည်။ ပညာရှိသောသတို့ သမီးနှင့်
ပညာမဲ့သောသတို့ သမီးတို့ သည်လည်း အတူတကွအိပ်ပျော်လျက်ရှိကြမည်။ ခရစ်တော်ကိုယ်တိုင်က လူသားသည်
ကြွလာသောအခါ ယုံကြည်ခြင်းကို တွေ့ ရမည်လောဟု ဆိုခဲ့သည်။ ရှင်ပေါလုကလည်း ယခုခေတ်၏ နောက်ဆုံးအချိန်၌
ခဲယဉ်းသော ကာလဖြစ်လိမ့်မည်ဟု ဆိုခဲ့သည်။( ၂တိ ၃း ၁) ယေရှုခရစ်တော်က ယခုခေတ်၏ နောက်ဆုံးပိုင်းကို ဤကဲ့သို
ပြောသွားသည်။  လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်မည်။ ရေလွှမ်းမိုးခြင်း မဖြစ်မှီကာလ
၌ နောဧသည် သင်္ဘောထဲသို့ ဝင်သောနေ့ တိုင်အောင် လူများတို့ သည် စားသောက်လျက် ထိမ်းမြားစုံဘက်လျက် နေ၍
ရေလွှမ်းမိုးခြင်းရောက် သဖြင့် လူခပ်သိမ်းတို့ ကို သုတ်သင်ပယ်ရှားသည့်တိုင်အောင် သတိမဲ့နေကြသည့်နည်းတူ လူသား
ကြွလာသောအခါဖြစ်လိမ့်မည်။ ဟုမိန့် တော်မူ၏။ ( မဿဲ ၂၄း ၃၇-၃၉) နောဧခေတ်၏ ထူးခြားချက်များမှာ
(၁) ဘုရားသခင်၏ဆုံးမခြင်းကို မခံခြင်း (ငါ၏ဝိညာဉ်သည်လူတို့ တွင် အစဉ်မဆုံးမရ) (က ၆း ၃)
(၂) ထိမ်းမြားစုံဖက်ခြင်း၊ကာမစိတ်လွှမ်းမိုးခြင်း
(၃) စားလျက်သောက်လျက်ယဇ်မူးလျက်နေခြင်း
(၄)မြို့ ကြီးများတည်ထောင်၍ မြို့ ကြီးများ၌ လူဦးရေသိပ်သည်းစွာနေခြင်း
(၅) သိပ္ပံနှင့်ဝိဇ္ဖာအတတ်ပညာ အလွန်တိုးတက်ခြင်း
(၆) နောဧတရားဟောချက်ကို ငြင်းပယ်ခြင်း
အထက်ပါအချက်များသည် ယခုခေတ်တွင် လည်း ထင်ရှားစွာတွေ့ ရသည်။ နတ်ဆိုးဝိညာဉ်ဆိုးများနှင့်ဆက်သွယ်ခြင်း
လည်းအလွန်ခေတ်စားလာသည်။ စိတ်ပညာဟူ၍ ၎င်းလက္ခဏာပညာဟူ၍၎င်းအထက်လမ်းအောက်လမ်းများဟူ၍၎င်း
ယခုခေတ်၌ အလွန်ခေတ်စားသည်။ ခရစ်တော်ဒုတိယအကြိမ်ကြွလာမည့် အကြောင်းကိုလည်း ငြင်းပယ်ကြသည်။ ပေတ
ရုက နောက်ဆုံးသော ကာလ၌ ပျက်ရယ်ပြုတတ်သောသူတို့ သည် မိမိတို့ တပ်မက်ခြင်းအတိုင်းကျင့်နေ၍ သခင်ဘုရားကြွ
လာမည်ဟူသော ကတိတော်သည် အဘယ်မှာ ရှိသနည်း။ ဘိုးဘေးများအိပ်ပျော်ပြီးနောက် ခပ်သိမ်းသော အရာတို့ သည်
ဖန်ဆင်းစကကဲ့သို့ ဖြစ်မြဲဖြစ်ကြ၏ ဟုဆိုလျက် ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည်။( ၂ ပေ ၃း ၃-၄)ဟူ၍သတိပေး
ထားသည်။သန့် ရှင်းသော ဝိညာဉ်တော်သည် လူတို့ ကို ဆွဲဆောင်နေတော့မည်မဟုတ်။ ရေမလွမ်းမီုးမှီ၌ရပ်ထားသကဲ့သို့ 
အသင်းတော်သိမ်းဆည်းသောအခါ သန့် ရှင်းသော ဝိညာဉ်တော်လည်း ကောင်းကင်သို့ လိုက်ပါသွားပြီး ကမ္ဘာကြီးသည်တ
ရားစီရင်ဖို့ ရန် ကျန်ရစ်မည်ဖြစ်သည်။ ယခုခေတ်လည်း အရင်ခေတ်များနည်းတူ မယုံကြည်ဘဲပျက်စီးခြင်း၌ လမ်းဆုံးမည်ဖြစ်သည်။