Friday, February 3, 2012

ခရစ်တော်သြဝါဒ


                                                      သခင်ခရစ်တော်နှင့် ဆိုင်သော ဩဝါဒများ
                                                         The doctrine of Jesus  Christ

၁။ ယေရှုခရစ်တော်၏ အမည်နာမများ။   ( The Name of Jesus Christ. )
က။ ယေရှု ( Jesus
     ဤအမည်နာမသည် ဂရိစကားသဏ္ဍာန်အားဖြင့် ရေးထားသော်လည်း မူလစကားလုံး ဖြစ်သည့် ဟေဗြဲစကား ယောရှု ( ယောရှု ၁း ၁
ယေဇ ၃း ၁ ) မှာ တွေ့ ရှိရပါသည်။ အဓိပ္ပာယ်မှာ ကယ်တင်ရန် (to save  )ဖြစ်ပြီး ခရစ်တော်သည် ကယ်တင်ရှင်ဖြစ်ကြောင်းရည်ညွန်း
ပြလျက်ရှိသည်။ ( မဿဲ ၁း ၂၁ )

ခ။ ခရစ်တော် ( Christ )
    ဓမ္မဟောင်းကျမ်း၌ မေရှိယ (messiah) ဟူသော အမည်နာမသည်  ဓမ္မသစ်ကျမ်း၌ ခရစ်တော် (Christ ) ဟူ၍ တွေ့ ရှိရပေသည်။အဓိပ္ပါယ်
မှာ ဘိသိက်ပေးခြင်းခံရသူ  ဟူ၍ဖြစ်သည်။ ဓမ္မဟောင်းကျမ်း၌ တွေ့ ရသည့် အတိုင်း ပရောဖက်များ ( ၃ရာ ၁၉း ၁၆ ) ယဇ်ပရောဟိတ်များ(ထွ
၂၉း ၇ ) ရှင်ဘုရင်များ ( ၁ရာ ၁၀း၁) တို့ ကို ဆီအားဖြင့် လောင်းလျှက် ဘိသိက်ပေးခဲ့ကြရပါသည်.။ ထိုနည်းတူစွာ ခရစ်တော်သည်လည်း ပ
ရောဖက် အရာ ၊ ယဇ်ပရောဟိတ်အရာ၊ ရှင်ဘုရင်အရာများ၌ သန့် ရှင်းသော ဝိညာဉ်တော်အားဖြင့် ဘိသိက်ပေးခြင်းကို ခံရပါသည်။

ဂ။ လူသား ( son of man )
    ခရစ်တော်သည် လူ့ ဇာတိကို ခံယူလျက် လူသားဖြစ်လာရခြင်းကို ဖော်ကျူးသော အမည်နာမဖြစ်သည်။ ဦးစွာ( ဒံ ၇း ၁၃ ) ၌ တွေ့ ရှိရပါ
သည်။အခြားကျမ်းပိုဒ်များ၌လည်း တွေ့ ရှိရပါသည်။ ( မဿဲ၁၆း ၂၇ ။၂၆း ၆၄  လု ၂၁း ၂၇ )

ဃ။ သားတော် ( son of God)
     ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ် သမုတ်ခြင်းဖြစ်ကြောင်း ကျမ်းစာထဲမှ လေ့လာတွေ့ ရှိရပါသည်။သခင်ယေရှုသည် ရေနှစ်ခြင်းမင်္ဂလာ
ခံယူစဉ်တွင်။ ကောင်းကင်မှ အသံသည် “သင်ကားငါ နှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်။ဟု ခေါ်ဆိုခြင်းခံရပါသည်။ မာကု ၁း ၁၁ )
၎င်းအပြင် ရှင်ပေတရု (မဿဲ၁၆း ၁၆ ) တပ်မှူး ( မာကု ၁၅း ၃၉) နှင့် နတ်ဆိုးများက ဤအမည်နာမအားဖြင့် ခေါ်ဆိုလျက် အသိအမှတ်ပြု
ကြပါသည်။  

င။ ကိုယ်တော် ( Lord )
        ယေရှုခရစ်သည် အရှင် သခင်ဖြစ်တော် မူကြောင်းညွန်ပြထားသည်။ အချို့ ကျမ်းပိုဒ်များ၌ အသင်းတော်ကို ပိုင်ဆိုင်သောသူ အုပ်စိုးသော
သူ ဟူ၍ ခေါ်ဆိုတင်စားထားပါသည်။ ( ရော ၁း ၇၊ ဧဖက် ၁း ၁၇ )အချို့ ကလည်း ဘုရားသခင် ၏နေရာ၌ တင်စားခေါ်ဝေါ်ကြောင်းကိုလည်း
တွေ့ ရှိရပါသည်။ ( ၁ကော ၇း ၃၄ ၊ ဖိ ၄း ၄-၅)


                                

                                                                      ( ၁)

No comments:

Post a Comment