Thursday, February 2, 2012

ဖန်ဆင်းခြင်းအကြောင်း ( ၆)


                                           ဆဌမနေ့ ---- ကုန်းသတ္တဝါနှင့် လူ (ကမ္ဘာ၁း ၂၄ -၃၀)
ဆဌမနေ့ ဖန်ဆင်းခြင်း၌ ဘုရားသခင်၏ လုပ်ဆောင်မှု နှစ်ခုတွေ့ ရသည်။ ပထမ ၊ ကုန်းသတ္တဝါနှင့် ဒုတိယမှာ လူကို ဖန်
ဆင်းခဲ့သည်။ ယခုကျွန်ုပ်တို့ တွေ့ မြင်နေရသည့် မြေပေါ်၌ ကျက်စားသွားလာကြသည့် တိရိစ္ဆာန် မျိုးစုံသည် မူလ ဘုရားသ
ခင်ဖန်ဆင်းထားကြောင်းသံသယရှိစရာမလိုပေ။ အချို့ သိပ္ပံပညာရှင်များပြောသည့်ဆင့်ကဲဖြစ်စဉ် ယူဆချက်( Evolutionary Theory)သည် ကျမ်းစာနှင့်မကိုက်ညီပါ။ ဆဌမနေ့ ၌ ဘုရားသခင်၏ ဒုတိယဆောင်ရွက်ချက်မှာ လူကိုဖန်
ဆင်းခြင်းဖြစ်သည်။ လူသည်မျောက်မှဆင်းသက်လာခြင်း မဟုတ်ပါ။ လူကို ဖန်ဆင်းရာ၌ ထူးခြားချက်များစွာရှိသည်။အခြာ
းကြီးမားသော မိုးကောင်းကင် ပင်လယ်၊ ကုန်းမြေ သစ်ပင်၊ တိရိစ္ဆာန် များ ဖန်ဆင်းရာတွင် တိုင်ပင်ခြင်းမရှိ။ သို့ သော်လူကို
ဖန်ဆင်းရာတွင် ခမည်းတော် သားတော် သန့် ရှင်းသော ဝိညာဉ်တော်ဘုရားတို့ သည်  ငါတို့ ပုံသဏ္ဍာန်နှင့် အညီလူကိုဖန်
ဆင်းကြစို့ ။ ဟုတိုင်ပင်ကြောင်းကို တွေ့ ရသည်။ ထို့ ကြောင့်လူကို ဖန်ဆင်းခြင်းသည် အရေးကြီး၍ အဆင့်မြင့်ပါသည်။
လူကိုဘုရားသခင်ပုံသဏ္ဍာန်နှင့် အညီဖန်ဆင်းထားခြင်းသည် အလွန်မြတ်သောအခွင်အရေးဖြစ်သည်။ လူသည်ရုပ်ချောလှ
သောသူ ဂုဏ်အသရေထင်ရှားသောသူနှင့် တူသည်ဟု အပြောခံရလျှင် ဂုဏ်ယူတတ်သည်။ ထို့ ထက် ဘုရားသခင်ပုံသဏ္ဍ
န်နှင့် တူခြင်းသည် အလွန်ဂုဏ်ယူထိုက်သည်မဟုတ်လော။ဘုရားသခင်၏ ပုံသဏ္ဍာန်ဟုဆိုရာတွင် မြင်ရသော ရုပ်ပိုင်းဆိုင်
ရာကို ပြောခြင်းမဟုတ်။ အဘယ့်ကြောင့်ဆိုသော်ဘုရားသခင်သည် နာမ် ဝိညာဉ်ဖြစ်သည်။ လူသည်တိရိစ္ဆာန်ထက်ထူး
မြတ်သောအရာမှာ အသိဥာဏ်ထူးခြားရုံသာမက ဘုရားကို သိသောဝိညာဉ်ပါရှိခြင်းဖြစ်သည်။ လူကို ဖန်ဆင်းစ၌ လူသည်
ဘုရားသခင်အကြောင်း နားလည်သည်။ ဖြောင့်မတ်သန့် ရှင်းခြင်းရှိသည်။ ထို့ ကြောင့်ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ 
နိုင်သည်။ ထို့ နောက်ထာဝရဘအရှင်ဘုရားသခင်သည် မြေမှုန့် ဖြင့်လူကိုဖန်ဆင်း၍ သူ၏ နှာခေါင်းထဲသို့ ဇီဝအသက်ကို
မှုတ်သွင်းတော်မူလျှင် လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ၏။ ( ကမ္ဘာ ၂း ၇)လူကို မြေမှုန့် ဖြင့်ဖန်ဆင်းထားသော
အချက်ကို သိပ္ပံပညာရှင်ကြီးများကလည်း အပြည့်အဝထောက်ခံထားပါသည်။ မြေမှုန့် ကိုဓါတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေး
ကြည့်ရာဓါတ်သတ္တု (၉၆)မျိုး ပါဝင်ပြီး လူ၌လည်း ထိုဓါတ်သတ္တု (၉၆)မျိုးစလုံးထပ်တူထပ်မျှ ပါဝင်ကြောင်းတွေ့ ရသည်။
ထိုဓါတ်သတ္တု (၉၆)မျိုးအနက်မှ အချို့ ကို ဖော်ပြရမည်ဆိုလျှင်၊ ကယ်လ်ဆီယမ် ၊ကာဗွန်ကလိုရင်း၊ဖလိုရင်း၊ ဟိုက်ဒရိုင်ဂျင်၊
အိုင်အိုဒင်း၊ သံဓါတ်မဂနီဆီယမ်၊ (ကြေးနီ) နိုက်ထရိုဂျင်၊ အောက်စီဂျင်၊ ဖေါ့ စဖရပ်၊ ပိုတက်စီယမ်၊(ယမ်း) ဆီလီကွန်၊ ဆိုဒီ
ယမ်တို့ ဖြစ်သည်။ သမ္မာကျမ်းစာအရ လူတွင် ခန္ဒာ၊စိတ်၊ဝိညာဉ် ဟူ၍ သုံးပိုင်းပါဝင်ကြောင်းသိရှိရသည်။( ၁သက် ၅း ၂၃)
ကိုယ်ခန္ဒာ၌ အာရုံငါးပါး၊ ( အမြင်၊ အနံ့ ၊ အကြား၊ အရသာ၊ထိတွေ့  အာရုံများ) ရှိသည်။ ခန္ဒာအားဖြင့် ပတ်ဝန်းကျင်အရာ
များကို သိနိုင်သည်။ စိတ်၌သုံးပါး ( အသိဥာဏ်၊ အလိုဆန္ဒ၊ ခံစားစိတ်) ရှိရာ စိတ်အားဖြင့် မိမိကိုယ်ကို သိနိုင်သည်။ဝိညာဉ်
အားဖြင့်ဘုရားသခင်ကို သိနိုင်သည် ဖန်ဆင်းစက လူ၏ဝိညာဉ်သည် ဘုရားနှင့် ဆက်သွယ်မှုရှိသော်လည်း အပြစ်လုပ်ပြီး လူ၏ဝိညာဉ်သည် ဘုရားနှင့် အဆက်ပြတ်သွားခဲ့သည်။ လူကို ဖန်ဆင်းခြင်းနှင့်စပ်လျဉ်း၍ ကမ္ဘာဦးကျမ်း အခန်းကြီး ( ၁) နှင့် (၂) ဖော်ပြထားချက်တို့ သည် ဆန့် ကျင်ဘက်ဖြစ်ခြင်းမရှိပါ။ (ကမ္ဘာ၁း ၂၆-၂၈) ကဖန်ဆင်းခြင်းအချက်အလက်(FACT)ကို ဖော်ပြပြီး (ကမ္ဘာ ၂း ၇) ကလူကို မည်သို့ ဖန်ဆင်းထားကြောင်း( The manner
of it) ဖော်ပြထားသည်။ (ကမ္ဘာ၁ ) ၌ ဘုရားသခင်က ဖန်ဆင်းရှင်ဘုရား (ELOHIM) အဖြစ်နှင့် (ကမ္ဘာ ၂း ၇)၌ ထာဝရဘု
(ဝါ) ယေဟောဝါ( လူနှင့်ဆက်သွယ်၍ ပဠိညာဉ်ပြုသောဘုရားနာမ) အဖြစ်တွေ့ ရသည်။ ဘုရားသခင်လူကိုဖန်ဆင်းပြီး များ
ပြားစွာ မွေးဖွားရန်နှင့် ကမ္ဘာပေါ်ရှိရေသတ္တဝါ ကုန်းသတ္တဝါ ငှက်တို့ ကို အုပ်စိုးကြလော့ဟု မိန့် တော်မူ၍ သူတို့ ကို ကောင်း
ကြီးပေးတော်မူသည်။ လူစားဘို့ ရန် မြေအသီးအနှံ၊ တိရိစ္ဆာန် တို့ စားဖို့ ရန် မြက်ပင်အမျိုးမျိုးကိုပြင်ဆင်ပေးခဲ့သည်။ဘုရား
သခင်သည် မိမိဖန်ဆင်းသမျှသော အရာအလွန်ကောင်းသည်ဟုမြင်တော်မူ၍ ညဦးနှင့်နံနက်သည် ဆဌမနေ့ ရက်ဖြစ်သည်။

       သူ၏မှုတော်မြတ်၌ ...... အတား(မိုးကုတ်လီဆူလေး)



















































No comments:

Post a Comment