Wednesday, February 1, 2012

ဖန်ဆင်းခြင်းအကြောင်း (၁)


                                  ယခုကမ္ဘာ    (The Present Earth)
(ကမ္ဘာ ၁း ၃-၃၁) ၌ ဖော်ပြထားသော (၆)ရက်အတွင်း ဖန်ဆင်းထားသော ကမ္ဘာမဟုတ်ဘဲ အဆင်းသဏ္ဍန်မရှိ။ လွတ်လပ်လဟာဖြစ်သော ကမ္ဘာကို ပြန်လည်ပြုပြင်ခြင်းဖြစ်သည်။(ဆာလံ ၁၀၄း ၃၀)
ပထမနေ့ ---အလင်း (က ၁း ၃-၅)
ဘုရာသခင်က အလင်းဖြစ်စေ ဟု မိန့် တော်မူရုံဖြင့် အလင်းဖြစ်လေသည်။ ထို နေ့ ၌ အလင်းကို ဖန်ဆင်းသည်ဟုမသုံးထာ
ဘဲ ဖြစ်စေဟု သာ သုံးထားကြောင်းတွေ့ ရသည်။ (ကမ္ဘာ ၁း ၁) ကမ္ဘာဖန်ဆင်းခြင်း၌ အလင်းလည်းပါဝင်ပြီး ဖြစ်သော်
လည်း လူစီဖါ၏ ဘုရားသခင်ကို တော်လှန်လိုက်ခြင်း၏ အကျိုးဆက်အဖြစ် အဆင်းသဏ္ဍာန်မဲ့ ကမ္ဘာဖြစ်စဉ်ကာလအတွင်း
ထိုအလင်းသည် ကမ္ဘာပေါ်သို့ တရားစီရင်ခြင်း ပြီးဆုံးသည့်တိုင်အောင်၊ မပေးနိုင်ဖြစ်ခဲ့သည်။ ထိုအလင်းသည်မည်သည့်အ
လင်းဖြစ်ကြောင်းမဖေါ်ပြထားပေ။ အလင်းသည် အမျိုးမျိုးဖြစ်နိုင်သည်။ နေအားဖြင့်၎င်း၊ မီးအားဖြင့်၎င်း လျှပ်စစ်အားဖြင့်
၎င်းဘုရား၏ ဘုန်းတော်ရောင်ခြည်အားဖြင့်၎င်းဖြစ်နိုင်သည်။ ပထမနေ့ ၌ ဖြစ်ပေါ်လာသော အလင်းသည်၊ နေအလင်းမဖြစ်
နိုင်။အဘယ်ကြောင့်ဆိုသော်နေအလင်းကို စတုတ္ထနေ့ ရောက်မှသာ ကမ္ဘာကို လင်းစေခဲ့ကြောင်းတွေ့ ရှိရသည်။ ပထမနေ့ ၌ တွေ့ ရသော အလင်းသည် လောကဓါတ်အလင်း ( cosmic light) ဖြစ်နိုင်သည်။ အဘယ့်ကြောင့်အလင်းကို ပထမနေ့ ၌
ဖြစ်စေသနည်း။ မည်သည့်အလုပ်ကိစ္စ၌မဆို၊ အလင်းကို ပထမဦးဆုံးလိုအပ်သည်။ အိမ်ထောင်ညဝတ်ပြုစည်းဝေးပွဲ ပြုလုပ်
ဖို့ ပင်လျှင် ပထမဦးစွာ အလင်းရှိဘို့ လိုသည်။ အလင်းမရှိလျှင်၊ မည်သည့်ကောင်းသော အလုပ်ကိုမျှ မလုပ်နိုင်။ အလင်းမ
ရှိပဲ လုပ်နိုင်သောအရာသည် အပြစ်သာလျှင်ဖြစ်သည်။ ထို့ ကြောင့်လူတစ်ယောက်သည်လည်း ဝိညာဉ်ရေးရာ၌ နားလည်
နိုင်ဘို့ ရန် ပထမဦးစွာ ဝိညာဉ်အလင်းရဘို့ လိုသည်။ ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏။(၁ယော ၁း၅) ယေရှုခရစ်က
လည်း ငါသည် ဤလောက၏ အလင်းဖြစ်၏။ ဟုဆိုခဲ့သည်။ (ယော ၉း ၅) ထို့ ကြောင့်ခရစ်ယာန်အသက်တာ၌ ခရစ်တော်
ကိုရရှိခြင်းအားဖြင့် စတင်သည်။ ချစ်မိတ်ဆွေ သင့်အသက်တာ၌ ခရစ်တော်ရရှိထားပြီးပြီလာ။ကမ္ဘာကြီး၌ အလင်းမရှိမှီ အ
မှောင်ဖုံးလွှမ်းသည်။ ထို့ နည်းတူ လူ၌လည်း အလင်းမရှိ အမှောင်ဖုံးလွှမ်းနေသည်။ ကမ္ဘာကို ပြန်လည်ပြုပြင်ဖန်ဆင်းခြင်း၌
အမှောင်သည် အစကတည်းက ရှိနှင့်ပြီးသားဖြစ်သည် (က ၁း ၂) ကမ္ဘာ၌ အလင်းရှိစေဘို့ ပြန်လည်ဖန်ဆင်းပြုပြင်ဘို့ လို
သကဲ့သို့  ကျွန်ုပ်တို့ အသက်တာ၌ လူသစ်ဖြစ်လာခြင်းသည် ဘုရားသခင်၏ အသစ်ဖန်ဆင်းခြင်းကြောင့်သာဖြစ်လာသည်။
( ၂ ကော ၅း ၁၇) ကျွန်ုပ်တို့ လူသားများသည် မွေးကတည်းက အမှောင်သား လူဟောင်း အပြစ်သားအဖြစ် ရှိနှင့်ပြီးသား
ဖြစ်ကြသည်။ (ကော ၁း ၁၃။ တမန်၂၆း ၁၈။ ၁သက် ၅း ၅း ဧ ၅း ၈၊ ဆာလံ ၅၁း ၅) ထိုအလင်းကောင်းသည်ကို ဘု
ရားသခင်မြင်၍ အလင်းနှင့်အမှောင်ကို ပိုင်းခြားခွဲထားတော်မူသည်။ (က ၁း ၂) ခရစ်တော်၏ အလင်းကို ရရှိပြီးသူများ၏
အသက်တာသည်လည်း မှောင်မိုက်အမှုတို့ နှင့် မဆက်ဆံဘဲ သူတို့ ၏ အပြစ်ကို ပြရမည်။ သီးခြားရှိဘို့ လိုသလို၊ ခရစ်
တော်ကို ရရှိပြီး သူ့ အသက်တာသည် မှောင်မိုက်အကျင့်အတိုင်း မကျင့်ဘဲ အလင်း၏ သားကဲ့သို့ ကျင့်ရမည်။(ဧ ၅း ၇-၁၁


         မှုတော်မြတ်၌ အတား(မိုးကုတ်)

No comments:

Post a Comment