Friday, February 3, 2012

ခရစ်တော်၏ သဘော


                                         ၂။ ခရစ်တော်၏ သဘောသဘာဝများThe Nature of  Christ
ခရစ်တော်၌ သဘောသဘာဝ နှစ်မျိုးရှိကြောင်း သမ္မာကျမ်းစာ ၌ တွေ့ ရှိရသည်။  ၎င်းတို့ မှာ ဘုရားဇာတိနှင့် လူ့ ဇာတိတို့ ဖြစ်သည်။ဤအရာကားနက်နဲလှပေသည်။ ( ၁တိ ၃း ၁၆)

က။ ဘုရားဇာတိ  The deity  of Christ
ဤအချက်၌ လူအများ ကွဲလွဲသော နားလည် သဘောပေါက်မှု ရှိကြောင်း တွေ့ ရှိရပါသည်။ ခရစ်တော်သည် အမှန်စင်စစ် ဘုရားဖြစ်ကြောင်း၊  ဓမ္မဟောင်းကျမ်း အားဖြင့်  ရှင်းလင်းစွာ တွေ့ ရှိနိုင်ပေသည်။ ( ဟေရှာယ ၉း ၆ ၊ ယေ ၂၃း ၆ ၊ မိ ၅း ၂ ၊ မာ ၃း ၁ ) ဓမ္မသစ်ကျမ်းအားဖြင့် လည်း ပိုမို၍ ပြည့်စုံစွာ သိရှိနိုင်ပေသည်။ ( မ ၁၁း ၂၇ ၊  ၁၆း ၁၆ ၊ ၂၆း ၆၃ ၊ ၆၄ ။ ယော ၁း ၁ ၊ ၁၈၊ ရော ၉း ၅ ၊ ၁ကော ၂း ၈ ၊ ၂ကော ၅း ၁၀ ၊ ဖိ ၂း ၆ ၊ ကော ၂း ၉ ၊ ဟေ ၁၁- ၃၊ ဗျာ ၁၉း ၁၆ ) ယေရှု ခရစ်သည် ဘုရားဖြစ်ကြောင်း ဘုရား၏ သဘောသဘာဝ များမှ သက်သေထူနိုင်ပါသည်။

( ၁ ) အမည်နာမ ကို ခေါ်ဆိုရာ၌ ဘုရား၏ အမည်နာမ အားဖြင့် ခေါ်ဆိုပါသည်။ ဘုရားဟူ၍ ခေါ်ထားခြင့် ခံရပါသည်။( ယော ၁း ၁ ၊ဟေ ၁း ၈ ၊ ) သားတော် ( မ ၈း ၂၉ ၊ မာ ၁း ၁ ၊ လု ၄း ၄၁ ၊ ) သခင် ( တ၄း ၃၃ ၊ လု ၂း ၁၁ ၊ ) အဦးဆုံးသောသူ  နောက်ဆုံးသောသူ ( ဗျာ ၁း ၁၇၊ ) အာလဖနှင့် ဩမေယ ( ဗျာ ၂၂း ၁၃ ၊ ) စသည့် အားဖြင့် လည်း ခေါ်ဆိုခြင်းခံရပါသည်။

( ၂ )ပြပ်ဝပ်ကိုးကွယ်မှုကို ခံယူသည်။ သမ္မာကျမ်း သွန်သင်သည်မှာ ဘုရားသာလျှင် ကိုးကွယ်ရပါမည်။ ( မဿဲ ၄း ၁၀) သူ့ အားကိုးကွယ်ခြင်းအမှုကို ခရစ်တော် သည် ခံယူကြောင်းတွေ့ ရပါသည်။ ( ယော ၄း ၁၀ ၊ မ ၁၄း ၃၃ ၊ လု ၂၄း ၅၂ ၊ ) ခပ်သိမ်းသော သတ္တဝါများ ( ဖိ ၂း ၁၀ ။ ၁၁) အားလုံးတို့ သည် ပြပ်ဝပ်ကိုးကွယ်ကြသည်။

(၃ ) ဘုရား၌ ရှိအပ်သော အရည်အချင်း အားလုံးနှင့် ပြည့်စုံသည်။ အစအဦး၌ ရှိသည်။ (ယော ၁း ၁ ၊ ၈း ၅၈ ၊ ဖိ ၂း ၆၊ ကော၁း ၁၆ ၊ ၁၇ )  အသက်ဖြစ်သည် ။ ( ယော ၁း ၄၊ ၅း ၂၁ ) ပြောင်းလဲခြင်းမရှိ ( ဟေ ၁၃း ၈ ) ဘုရား၏ ဇာတိ အဖြစ်တော် ၏ ပြည့်စုံခြင်း အပေါင်းသည် ထင်ရှားသည်။ ( ကော ၂း ၉)သမ္မာတရားဖြစ်သည်။ ( ယော ၁၄း ၆ ) သန့် ရှင်းဖြောင့်မတ်သည်။ ( တ ၃း ၁၄ )

(၄) သူ၏ လုပ်ဆောင်ချက်များ အားဖြင့် သိနိုင်သည်။ ဖန်ဆင်းရှင်ဖြစ်သည်။ ( ယော ၁း ၃ ၊ ဟေ ၁း ၁၀)  ခပ်သိမ်းသော အရာတို့ ကို မ စကူညီသည်။ ( ဟေ ၁း ၃ ၊ ) သေသောသူကို ရှင်ပြန်ထမြောက်စေသည်။ ( ယော ၆း ၃၉ ၊ ၄၀ ၊ ၅၄ ၊ ၁၁း ၂၅ )  အပြစ်ကို လွတ်သည်။ ( လု ၇း ၄၈ )  သန့် ရှင်းသောဝိ
ညာဉ်တော်ကို စေလွတ်သည်။ ( ယော ၁၅း ၂၆ ) တရားစီရင် ရသော အခွင့်အာဏာရှိသည်။ ( ယော ၅း ၂၂ ၊ မ ၂၅း ၃၁ - ၄၆ ၊ တ ၁၇း ၃၁ ။ ၂တိ ၄း ၁) 



                               မှုတော်မြတ်၌.............အတား (မိုးကုတ်လီဆူလေး)






                    

1 comment:

  1. Lucky Club - Home - Lucky Club
    Lucky Club is a brand new casino luckyclub offering the latest gaming and online gambling experience on the market. Enjoy a great welcome bonus on our exciting casino  Rating: 4.9 · ‎Review by LuckyClub.me

    ReplyDelete