Saturday, February 4, 2012

ဆုံးမခြင်း


                                                 ဆုံးမခြင်း
ဘုရားသခင်သည် သားသမီးများကို ဆုံးမတော်မူလေ့ရှိ၏။ သို့ သော်ကိုယ်တော်၏ ဆုံးမခြင်းသည် အပြစ်ဒဏ်ပေးခြင်းမ
ဟုတ်ပါ။ ကျွန်ုပ်တို့ ၏ အပြစ်အားလုံးအတွက် အပြစ်ဒဏ်သည် ကားတိုင်ပေါ်မှာ ခရစ်တော်က ယူတင်ကာခံစားခဲ့ပြီးဖြစ်
သည်။ မျဉ်းကြောင်း၏ အပြင်ဘက်သို့ ရောက်မိကြသောအခါ အတွင်းဘက်သို့ ပြန်ရောက်ရလေအောင် ဘုရားသခင်သည်
ကျွန်ုပ်တို့ ကို ဆုံမတော်မူလေ့ရှိ၏။
ဘုရားသခင်သည် အပြစ်ကိုမုန်းသည်။ အပြစ်သည် ကျွန်ုပ်တို့ ၏အသက်တာမှာ ပျက်စီးမှု မည်မျှပြုလုပ်နိုင်ကြောင်းလည်း
ကောင်းစွာသိတော်မူ၏။ ၎င်းအပြစ်၏ တန်ခိုးအောက်မှ ကျွန်ုပ်တို့ ကို ကယ်နှုတ်လိုသော ဆန္ဒရှိတော်မူ၏။(ဟေ ၁၂း ၁-၄)
ထို့ ကြောင့်အပြစ်ကျူးလွန်သောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့ ကို အဆင့်သုံးဆင့်အားဖြင့် ဆုံးမတော်မူလေ့ရှိ၏။
၁။ သတိပေးခြင်းအားဖြင့် ဆုံးမခြင်း
သတိပေးခြင်းအားဖြင့် ဆုံးမခြင်းခံရသောသူသည် စိတ်ထဲ၌ ဝမ်းမြောက်ခြင်းမခံစားရတော့ပေ။ ပတ်ဝန်းကျင်၌ ဖြစ်ပျက်သ
မျှသော အရာများလည်း အမှားအယွင်းများပမာ ခံစားရသည်။ကျွန်ုပ်တို့ တွေ့ ကြုံခံစားနေရသော အရာသည် သတိပေးဆုံး
မခြင်းလား၊ စုံစမ်းခြင်းလားဟူသော အချက်နှစ်ချက် ကိုမူ ရှင်းလင်းစွာသိထားသင့်ပေသည်။ မိမိကိုယ်မိမိ စစ်ကြောခြင်း
အားဖြင့်သာ အသက်တာမှာ ထားသော အပြစ်ရှိမရှိ သိနိုင်သည်။ ( ၁ကော ၁၁း ၃၁ ) ရှိခဲ့လျှင်လည်း ဝန်ချတောင်းပန်ခြင်း
ပြုလုပ်ပါက ဘုရားသခင်၌ သတိပေးဆုံးမခြင်းသည် အကျိုးရှိသောဆုံးမခြင်းဖြစ်စေပါလိမ့်မည်။(ဟေဗြဲ ၁၂း ၁၁) သတိပေ
းခြင်းအားဖြင့် ဆုံးမခြင်းသည် လွယ်ကူသောအရာမဟုတ်ပါ။ ခက်ခဲနေသော်လည်း ထိုကဲ့သို့ ဘုရားသခင်၏ ဆုံးမခြင်းခံခဲ့ရ
သောအချိန်တွင် စိတ်ပျက်လက်လျှော့မရှိမိဖို့ ရန် ဟေဗြဲ ဆုံးမသြဝါဒစာရေးသားသူက မှာထားပါသည်။(ဟေဗြဲ ၁၂း ၅)
ပြစ်တင်ဆုံးမခြင်းဟူ၍ အဓိပ္ပါယ်ရသော Reproof သည် elegcho မှလာ၍ ပြစ်တင်မောင်းမဲခြင်း၊ ဝါးပြီးမှထွေးပစ်ခြင်း ဆို
မြည်ကြိမ်းမောင်းခြင်း ဟူ၍ လည်း အဓိပ္ပါယ်ရသည်။ မိဘသည် သားသမီးများကို နှုတ်လျှာပါးစပ်အားဖြင့် စည်းမျဉ်းစည်း
ကမ်းများရေးဆွဲပေးထားပြီး နာခံလိုက်လျှောက်ခြင်းမရှိကြသောအခါ နှုတ်လျှာပါးစပ်အားဖြင့်ပင်လျှင် ဆိုဆုံးမလျှက် စည်း
မျဉ်းစည်းကမ်းများကို ပြန်လည်သုံးသပ်လေ့ရှိကြသည်။ နာခံမှုမရှိသောကလေးကို ဖခင်သည် အခန်းထောင့်တစ်နေရာမှာ
တွန်းပြီး အဘယ့်ကြောင့်ထိုကဲ့သို့ လုပ်ခဲ့ရပါသနည်း။ နောက်နောင်လုပ်ရဦးမည်လောဟု ခက်ထန်ကြမ်းတမ်းစွာ ဆိုဆုံးမ
သည်မှာ ကလေး၏ အသားမနာစေလိုသောကြောင့်ဖြစ်သည်။ အလားတူစွာဘုရားသခင်သည် ကျွန်ုပ်တို့ ကို ထောင့်တစ်
နေရာမှာ ပို့ ပြီး နှုတ်ကပတ်တော် တန်ခိုးအားဖြင့် ဆုံးမတော်မူလေ့ရှိ၏။
၂။ပြင်းထန်စွာဆုံးမခြင်း
ဘုရားသခင်၏ သတိပေးဆုံးမခြင်းကို နာခံတုန့် ပြန်ခြင်းမရှိပါက၊ ပိုမိုပြင်းထန်စွာ ဆုံးမတော်မူလိမ့်မည်။ ၎င်းသည် (ဟေ
ဗြဲ ၁၂း ၆ )မှာ ဖော်ပြထားသော ပြင်းထန်သည့်ဆုံးမခြင်းပင်ဖြစ်သည်။(၎င်းကျမ်းပိုဒ်မှာ အသုံးပြုထားသော) mastigoo
ဟူသော စကားလုံးသည် ကြိမ်ဒဏ်ပေးခြင်း၊ ရိုက်ပုတ်ခြင်း၊ အရေခွံနွာခြင်း၊ စသည့်ဖြင့် အဓိပ္ပါယ်ရသည်။ ကြိမ်ဒဏ်ပေးကာ
ရိုက်ပုတ်ခြင်းသည် အလွန်နာကျင်မှုရှိသည်။ ဤအဆင့်တွင့် ကျန်းမာရေးထိခိုက်ပျက်စီးခြင်း ပစ္စည်ဥစ္စာစီးပွားကျဆင်းဆုံးရှုံး
ခြင်း ချစ်သောသူများ သေဆုံးသွားခြင်းစသည့်တို့ အထိ ပါဝင်နိုင်သည်။ အပြစ်ကို ဝန်ချတောင်းပန်လျက် မိမိကိုယ်မိမိ စီရင်
ပြုပြင်ခြင်းမရှိပါက နှစ်အတော်ကြာဤအတိုင်းဆက်လက်ခံစားနိုင်သည်။ ၎င်းပြင် သိမှတ်ဖို့ ရန် အဓိကကျသော အခြားအ
ချက်တစ်ခုသည် ပြင်းထန်စွာ ဆုံးမခြင်းသည်ပင်လျင် ချစ်ခြင်းမေတ္တာ အခြေခံလျက် ရှိသည်ဟူသော အချက်ဖြစ်သည်။
(ဗျာဒိတ် ၃း ၁၉) ဘုရားသခင်သည် ဒဏ်ခတ်ခြင်းကို ရည်ရွယ်တော်မူလေ့မရှိ။မိမိနှင့်မိတ်သဟာယပြန်လည်ဖွဲ့ နိုင်ရန်နှင့်
ကောင်းကြီးခံစားရာနေရာသို့ ပြန်လည်ရောက်ရှိစေရန်ရည်ရွယ်ပြီး ဆုံးမတော်မူခြင်းသာဖြစ်သည်။
၃။ သေခြင်းဖြင့်ဆုံးမခြင်း
ဘုရားသခင်၏ ဆုံးမတော်မူခြင်းကို နာခံမှုလုံးဝမရှိဘဲ နေရာဟောင်းမှပြန်လည်ထွက်ခွာလာခြင်းမရှိပါက ၎င်းအပြစ်ထဲမှ
သေဆုံးခြင်းသို့ ဘုရားသခင်သည် ကျွန်ုပ်တို့ ကို အိမ်တော်အရောက်ခေါ်တတ်ပေသည်။ (၁ယော ၅း ၁၆)အဆင့်အမြင့်ဆုံ
းသော ဆုံးမခြင်းသည် အပြေးပြိုင်ပွဲ မပြီးဆုံးမှီ ကျွန်ုပ်တို့ ကို ဤကမ္ဘာမှ နှုတ်ယူခြင်းပင်ဖြစ်လေသည်။ ဘုရားသခင်၏ သား
သမီးများအနေဖြင့်ဘုရားသခင်၏ ဆုံးမသြဝါဒစကားရှိသမျှကို နာခံရမည်။ ဘုရားသခင်သည် ကျွန်တော်တို့ အား ကြီးမား
သော အရာတစ်ခုခုကို လုပ်လိုသည်တိုင်အောင် ကျွန်တော်တို့ ကို ချစ်တော်မူ၏။( ဟေဗြဲ ၁၂း ၁-၁၃)

                    မှုတော်မြတ်၌ ....... အတား (မိုးကုတ်လီဆူလေး)


No comments:

Post a Comment