Saturday, February 4, 2012

ရင့်ကျက်သောအသက်တာ


                                                      ကားတိုင်မှ သရဖူ သို့ 
ကယ်တင်ခြင်းဆိုသည်မှာဘုရားသခင်သည်လူသားများအတွက်အကြံတော်၏အစသာရှိသေးသည်။ကယ်တင်ခြင်းသို့ 
ရောက်ပြီးမှ၊ဝိညာဉ်တော် ကြီးထွားရှင်သန်မှုလမ်းစဉ် အဆင့်ဆင့် အတိုင်း ကားတိုင်မှ သရဖူသို့ တိုင်အောင်၊ဆက်လက်ချီတက်ရန် ယုံကြည်သူများအတွက်၊ ရည်မှန်းချက်ရှိတော်မူ၏။အဆင့်တိုင်းတွင် ယုံကြည်သူသည်စုံစမ်းခြင်းအမျိုးမျိုးတွေ့ 
ကြုံရမည် ဖြစ်ပြီး၊ ၎င်းပြသနာ အသီးသီးတို့ ကို ယုံကြည်ခြင်းဖြင့်သာ ကျော်လွှာနိုင်မည်ဖြစ်သည်။(ရောမ ၁း ၁၇)မှာ ယုံကြည်သူသည် ယုံကြည်ခြင်းမှ ယုံကြည်ခြင်းသို့ (  from faith to faith)ရှင်သန်ကြီးထွားရမည်ဟု ပေါလုက သွန်သင်ထားသည်။ ယုံကြည်ခြင်း ဟူသော ဟေဗြဲစကားလုံးငါးလုံးက ဓမ္မသစ်လာ ရှင်သန်ကြီးထွားခြင်းအဆင့်ငါးဆင့်ကို သရုပ်ဖေါ်လျက်ရှိ၏။
၁။ ကလေးသူငယ်အဆင့် (၁ပေ ၂း ၂) ယုံကြည်သူအားလုံးဘုရားသခင်၏ မိသားစုဝင်အဖြစ် ကလေးသူငယ်အဆင့်ဖြင့်ဝင်ရောက်လာကြပြီး သခင်ခရစ်တော်၌ ယုံကြည်ခြင်းကို အလေ့အကျင့်လုပ်ရင်း ရှင်သန်ကြီးထွားလာကြရသည်။ အမှောင်ခန်းဖြစ်သော (မိခင်ဝမ်ထဲ)မှ အလင်းရောင်ရှိရာ (ဤလောကသို့ ) ခက်ခဲစွာ တွန်းပို့ မွေးဖွားခြင်းခံကြရသည်။ ကလေးသူငယ်များအတွက် အဓိကလိုအပ်သော အရာသည် အစာအဟာရပင်ဖြစ်သည်။ အလားတူ ဝိညာဉ်ကလေးအတွက် အဓိက
လိုအပ်ချက်သည် ကြီးထွားရှင်သန်ခြင်းဖြစ်သည်။ တစ်နှစ်သား ကလေးငယ်သည် စားခြင်း၊ငိုခြင်း၊အိပ်ခြင်းနှင့် လက်ဆော့ခြင်းမှ အပ၊ အခြားလုပ်နိုင်သော အရာမရှိသေးချေ။ မိမိဝတ်ဖို့ စားဖို့ မပြင်ဆင်တတ်ခြင်းကြောင့် မိဘများစိတ်ဓါတ်ကျလေ့မရှိ။အလားတူ ဝိညာဉ်ရေးရာ ကလေးများသည်လည်း မိမိအတွက်မိမိ ဘာမျှ လုပ်နိုင်ခြင်းမရှိကြသေးသဖြင့် ပြုစုစောင့်ရှောက်ခြင်း ခွန်အားပေးခြင် နှင့် လမ်းညွန်ခြင်းလိုအပ်ကြပေသည်။ဝိညာဉ်ရေးရာ၌ ကလေးဆန်ခြင်းသည် (ကမ္ဘာ၁၅း ၆
လာ amen ခေါ် မှီခိုအားထားသော ယုံကြည်ခြင်း ကသရုပ်ဖေါ်လျက်ရှိ၏။
၂။ မီးကောင်ပေါက်စအရွယ်အဆင့်။ (၁ယော ၂း ၁၃-၁၄) မီးကောင်ပေါက်စအရွယ်အဆင့်ရှိသော ယုံကြည်သူများကို ရှင်ပေါလုက ငယ်ရွယ်သော ခွန်အားရှိသော စိတ်အားထက်သန်သောသူများဟု ဖေါ်ညွန်းထားသည်။ဤအဆင့်ရှိယုံကြည်သူများသည် သမ္မာတရားဆိုင်ရာယုံကြည်ခြင်းဆိုင်ရာမူအချို့ ကို တော်တန်ရုံနားလည်သဘောပေါက်ကြပြီဖြစ်သည့်အပြင်၊ အ
သက်တာမှာလည်း လက်တွေ့ အကောင်အထည် စတင်ဖေါ်ထုတ်လျက်ရှိနေပါပြီ။ သို့ သော်အခြား(မယုံကြည်သူ) မီးကောင်ပေါက်စအရွယ်များကဲ့သို့ စိတ်မောက်မာလျက် အုပ်စိုးသောသူများ (မိဘများအပါအဝင်) အားတော်လှန်ပုန်ကန်လိုသော စိတ်ရှိတတ်ကြသည်။ ၎င်းပြင် မိမိသဘောဖြင့် မိမိလှုပ်ရှားလိုသော စိတ်ဆန္ဒထက်သန်သောအခါလည်းရှိ၍ ပြသနာ
ကြုံတတ်ကြသည်။ ၎င်းတို့ ၌ ရှိသော အသိပညာ( အနည်းငယ်) ကိုအလိမ္မာထင်တတ်ကြသောအခါလည်းရှိ၏။သို့ သော်
အတွေ့ အကြုံကိုမူမရှိကြသေးချေ။ သူတစ်ပါး၏အသက်တာမှာ သမ္မာတရားကို လက်တွေ့ အကောင်အထည်ဖေါ်လိုသောဆန္ဒပြင်းပြကြသည်။ မီးကောင်ပေါက်စအရွယ်ဆိုသည်မှာ ပြဿနာပေါများသည့်အစွမ်းဖြစ်ပါသော်လည်း အလုပ်တွင် စိတ်
မပါခြင်းကို မူ မရှိလှကြပေ။၎င်းတို့ ၏ ခွန်အားကို ပုံမှန်အသုံးပြုစေနိုင်ရေးအတွက် ဇွဲရှိရှိသင်ကြားပို့ ချရန် လိုအပ်သည်။မီးကောင်ပေါက်အရွယ်အဆင့်ကို ဖြတ်သန်းမသွားဘဲ မည်သူမျှ ရင့်ကျက်သော အသက်တာမရကြချေ။ ဝိညာဉ်ရေးရာမှာ မီးကောင်ပေါက်စအရွယ်အဆင့်ကို (ဆာလံ ၃၇း ၃ )မှာ batach ခေါ်လုံးပန်းသော ယုံကြည်ခြင်း ကသရုပ်ဖေါ်လျက်ရှိ၏။
၃။ရင့်ကျက်သောအသက်တာ။ (ဟေဗြဲ ၅း ၁၄ ၊ ၆း ၁) ရင့်ကျက်သော ယုံကြည်သူသည် အဆင့်မြင့်နှုတ်ကပတ်တော်မူဝါ
ဒဆိုင်ရာ စားဖွယ်ဟင်းလျာများကို ပြင်ဆင်တတ်နေပါပြီ။ ဤအဆင့်ရောက် ယုံကြည်သူများသည် မိမိခရစ်ယာန်အသက်တာအတွက် သမ္မာကျမ်းစာကို တော်တန်ရုံအသုံးချတတ်နေပါပြီ။ ပြဿနာကြုံသောအခါ၌လည်း ဖြေရှင်းတတ်နေပါပြီ။တစ်
ပါးသူ၏ပြဿနာကို ဖြေရှင်းပေးပါရန်၊ အသင့်မရှိသည်တိုင်အောင် မိမိပြဿနာကို မိမိဖြေရှင်းတတ်နေပါပြီ။ မိမိအသက်တာမှာ ဘုရားသခင်သည် အကြံတော်တစ်ခုရှိကြောင်း ထိုသူသည် သဘောပေါက်လျက် ထိုအကြံတော်အောင်မြင်ရေးအတွက် ဝင်ရောက်လုံးပန်းတတ်နေပါပြီ။ မိမိကိုယ်မိမိ သင်ကြားပို့ ချခြင်း၊ စည်းကမ်းလိုက်နာခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် ဝိညာဉ်ရေးရာကြွက်သားများထွားကြိုင်အောင်ပြုလုပ်ခြင်းများ လုပ်တတ်နေပါပြီ။ ဝိညာဉ်ရေးရာရင့်ကျက်မှုကို(ဆာလံ၅၇း ၁ )လာ chasah ခေါ် စိတ်ချမှုရှိသောယုံကြည်ခြင်း ကသရုပ်ဖေါ်လျက်ရှိ၏။
၎။ယုံကြည်ခြင်းသူရဲကောင်း။ (ဟေရှာ ၅၃း ၁၂ ။ ဟေဗြဲ ၁၁း) ရင့်ကျက်သောအသက်တာကိုကျော်လွန်လျက် အောင်မြင်စွာ ဝိညာဉ်ရေးရာ) စစ်တိုက်ကျွမ်းကျင်သည့် ယောင်္ကျားမိန်းမမျာကို ယုံကြည်ခြင်းသူရဲကောင်းများဟုခေါ်သည်။ မိမိအသက်တာအတွက် လိုအပ်သောတာဝန်ဝတ္တရားများသာမကဘဲ၊ အခြားသောသူများအတွက် လည်းအသက်ရှင်
တတ်ကြပြီ။ မိမိဘေးပတ်ဝန်းကျင်မှာလဲနေသောသွေးသောက်မိတ်ဆွေများကိုလည်း ထူမပြီး ၎င်းတို့ ၏ အနာများကိုကုသကာ၊ ခွန်အားပေးရင်း လိုအပ်သောအရာများကို ပံ့ပိုးနိုင်ကြပြီ။ ယုံကြည်ခြင်းသူရဲကောင်းများသည်ပင်လျှင် မှားတတ်ကြသည်။ ဆုံးရှုံးတတ်ကြသည်။ သို့ သော်ချက်ချင်းပြန်ထပြီး စစ်မြေပြင်သို့ ချက်ချင်းအရောက်သွားတတ်ကြ၏
ယုံကြည်ခြင်းသူရဲကောင်းတို့ ၏ အသက်တာသည်(ယောဘ ၁၃း ၁၃ လာ) yachat ခေါ် အနာရောဂါငြိမ်းစေနိုင်သောယုံကြည်ခြင်း ကသရုပ်ဖော်လျက်ရှိ၏။
၅။ဘုရားသခင်၏မိတ်ဆွေ။ (ယာကုပ် ၂း ၂၅) လူ့ အသက်တာမှာ အမြင့်ဆုံးသော အောင်မြင်မှုသည် ဘုရားသခင်၏မိတ်ဆွေဖြစ်ခြင်းပင်ဖြစ်ပေသည်။ယုံကြည်သူအသီးသီး၌ ဤအဆင့်ကို ရောက်ရှိနိုင်သည့်အလားအလာကောင်းရှိကြပါသော်လည်း ခရစ်ယာန်အနည်းငယ်ကသာ ဤအဆင့်ကို ရောက်နိုင်၏။ဇွဲနပဲရှိရန်နှင့် စွဲမြဲစွာ ဆုပ်ကိုင်ရန်လိုအပ်သည်။
မည်မျှပင်ခက်ခဲစေကာမူ လက်မြှောက်အရှုံးပေးခြင်းမရှိသောသူများသာ ဤအဆင့်သို့ ရောက်ကြ၏။ဘုရားသခင်၏မိတ်ဆွေဖြစ်ခြင်းသည် (ဟေရှာ ၄၀း ၃၁)လာ qawah ခေါ် စွဲမြဲသောယုံကြည်ခြင်းက သရုပ်ဖော်လျက်ရှိ၏။



              မှုတော်မြတ်၌ ......... အတား(မိုးကုတ်လီဆူလေး)

No comments:

Post a Comment