Thursday, February 2, 2012

ဖန်ဆင်းခြင်းအကြောင်း (၅)


                                   ပဉ္စမနေ့ ------ရေသတ္တဝါနှင့်ငှက် (ကမ္ဘာ ၁း ၂၀-၂၃)
ပဉ္စမနေ့ ၌ ဘုရားသခင်သည်၊ ရေသတ္တဝါနှင့် ငှက်တို့ ကို ဖန်ဆင်းသည်။ ဤနေရာ၌ ဖန်ဆင်းသည်(Create)ဟူသောစကာ
းကို သုံးထားကြောင်းတွေ့ ရသည်။ ဘုရားသခင်၏ မူလဖန်ဆင်းခြင်းကို ( ကမ္ဘာ  ၁း ၁ )၌ တွေ့ ရသည်။ ထိုစဉ်ကတည်းက သက်ရှိသတ္တဝါများရှိခဲ့သော်လည်း အာဒံမတိုင်မှီ ကမ္ဘာ၌ ရှိသော သတ္တဝါများ ဖျက်ဆီးခြင်းခံရ၍ သေကြောင်းရှေးဟောင်းရု
ပ်ကြွင်းများ တူးဖော်တွေ့ ရှိသူမနုဿ ဗေဒနှင့် သမ္မာကျမ်းစာကို လေ့လာသည့် ပညာရှင်တို့ ကယုံကြည်ကြသည်။(ကမ္ဘာ ၁း ၁ ၌ ဘုရားသခင်သည် ကမ္ဘာအပါအဝင် နေစကြဝဠာကြီးကို ဖန်ဆင်းခဲ့သည်။ ဘာမျှမရှိသည့် အရာမှ ဘုရားသခင်၏
တန်ခိုးတော်အားဖြင့်ဖြစ်ပေါ်တည်ရှိလာစေသည်။ ဒုတိယဖန်ဆင်းသည့်အမှုမှာ သက်ရှိသတ္တဝါ များဖြစ်သည်။ပဉ္စမနေ့ ၌
ငါးကြီးစသော ရေသတ္တဝါ အမျိုးမျိုးနှင့် မိုးကောင်းကင်၌ပျံတတ်သော ငှက်မျိုးအပေါင်းကို ဖန်ဆင်း၍ ထိုအမှုအရာကောင်း
သည်ကို မြင်တော်မူသည်။ လူကို မဖန်ဆင်းမှီ ပင်လယ်ရေ၌ ရေသတ္တဝါများ မိုးကောင်းကင်၌ ငှက်များကို ဖန်ဆင်းခြင်းဖြင့်
ကမ္ဘာကြီးလှပသာယာစေသည်။ ရေ၌၎င်း မြေပေါ်၌၎င်းပွားများစေသတည်းဟု ထိုတိရိစ္ဆာန်တို့ ကို ကောင်းကြီးပေးတော်မူ
သည်။


                             မှုတော်မြတ်၌----အတား( မိုးကုတ်လီဆူလေး)

No comments:

Post a Comment