Thursday, February 2, 2012

ဖန်ဆင်းခြင်းအကြောင်း (၇)


                                      သတ္တမနေ့ ------ဥပုသ်နေ့ (ကမ္ဘာ ၂း ၂-၃)
ဖန်ဆင်းခြင်းသည် (၆ )ရက်အတွင်းပြီးစီးခဲ့၍ သတ္တမနေ့ ၌ ဘုရားသခင်သည် ငြိမ်ဝပ်စွာနေကြောင်းတွေ့ ရသည်။သတ္တမနေ
ရောက်လျှင် ဘုရားသခင်သည် ဖန်ဆင်းသော အမှုကို လက်စ သပ်တော်မူပြီးသည်ဖြစ်၍ ဖန်ဆင်းသမျှသောအရာတို့ သည်
ပြီးစီးမှ ထိုသတ္တမနေ့ ၌ ငြိမ်ဝပ်စွာနေတော်မူ၏။အထက်ပါဘုရားသခင်၏ ဥပုသ်ရပ်နားခြင်းသည် မောရှေအားဖြင့် ဥပုသ်၏ အခြေခံအချက်တစ်ခုဖြစ်လာသည်။(ထွ ၂၀း ၁၁) ဘုရားသခင်၏ရွေးနုတ်ခြင်း၌ ယုံကြည်သူများ၏ ငြိမ်ဝပ်ချမ်းသာခြင်း
သည် ခရစ်တော်၌ ရရှိစေသည့် ပုံဆောင်ချက်တစ်ခုဖြစ်သည်။ ထိုသတ္တမနေ့ ကို ဘုရားသခင်သည် ကောင်းကြီးပေး၍ သန့် ရှင်းစေတော်မူ၏။ အကြောင်းမူကား ဖန်ဆင်းပြုပြင်တော်မူသော အမှုအရာအလုံးစုံတို့ သည် ပြီးစီးသောကြောင့်ထိုနေ့ ရက်
၌ ငြိမ်ဝပ်စွာနေတော်မူ၏။( ကမ္ဘာ ၂း ၃) ယုံကြည်သူများ အသက်တာ၌ ဥပုဒ်နေ့ ကို စောင့်ရမည်ဟု ပညတ်ချက်မရှိ။ထို့ 
ကြောင့်စားသောက်ခြင်းအမှု၊ ပွဲနေ့ ၊ လဆန်းနေ့ ၊ဥပုဒ်နေ့ တို့ ကို စောင့်ခြင်းအမှုသင်တို့ ကို အဘယ်သူမျှ မစစ်ကြောမစီ
ရင်နှင့်။ ထိုအရာတို့ သည် နောက်ဖြစ်လတ္တံသောအရာတို့ ၏အရိပ်ဖြစ်ကြ၏။ကိုယ်မူကား ခရစ်တော်၏ကိုယ်ဖြစ်၏။(ကော
၂း ၁၆-၁၇) ဥပုဒ် ( Sabbath) သည် ဟေဗြဲစကား (Shabbath)(ဂရိစကား Sabbaton) မှ ဖြစ်လာ၍ အလုပ်မှ ရပ်စဲခြင်း

ဧဒင်မှ သိနတောင်အထိ ကာလအတွင်း ဥပုဒ်နေ့ ကို မတွေ့ ရပါ။ ဥပုဒ်နေ့ သည် ဂျူးလူမျိုးများအတွက်ပေးသည့် ပညတ်
တော်၌ပါဝင်ပြီး သူတို့ နှင့် ဘုရားစပ်ကြား ပဠိညာဉ်လက္ခဏာသက်သေတစ်ခုဖြစ်သည်။ (ထွ ၂၀း ၈-၁၁၊ ၃၁း၁၃-၁၇)
ထို့ ကြောင့်ပညတ်တော်ခေတ်၌  ဂျူးလူမျိုးများအတွက် ပေးခဲ့သော ဥပုဒ်စောင့်ခြင်းပညတ်သည် ယခုကျေးဇူးတော်ခေတ်
၌ ရှိကြသောယုံကြည်သူများနှင့် မသက်ဆိုင်တော့ပါ။  လူသားသည် ဥပုဒ်တော်နေ့ ကို အစိုးရသည်ဟု မိန့် တော်မူခဲ့သည်။
(မဿဲ ၁၂း ၈)နေ့ ရက်စောင့်ခြင်းက ကျွန်ုပ်တို့ ကို ကယ်တင်ပါသလား။ သမ္မာဟောင်းပညတ်ကျမ်းများသည် ခရစ်တော်အသေခံခြင်းအားဖြင့် စုံလင်ပြီးဖြစ်၍ ခရစ်တော်၏လုပ်ဆောင်ခဲ့ပြီးသောအရာများ ကို ယုံကြည်အားကိုး
ရန်သာရှိသည်။ ပညတ်တော်ကျင့်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ မရောက်၊ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်
ဖြောင့်မတ်ရာသို့ ရောက်ကြသည်။ (ဂလာတိ ၂း ၁၅ -၁၆) ယုံကြည်သူသည် ပညတ်တရားလက်အောက်၌မရှိ။
ကျေးဇူးတရားလက်၌ရှိသည်။ (ရောမ ၆း ၁၄)


          သူ၏မှုတော်မြတ်၌------- အတား (မိုးကုတ်လီဆူလေး)

No comments:

Post a Comment