Tuesday, January 31, 2012

ဆရာသန်လျင်ဖေသွင်


                                        ပွဲတော်မင်္ဂလာနှင့် မထိုက်တန်သူများ
အခြေပြုကျမ်းချက်၊ ။ သခင်ဘုရား၏ မုန့် ခွက်ကို မထိုက်တန်ဘဲ စားသောက်သောသူမည်သည်ကား၊ သခင်ဘုရား၏
                           ကိုယ်တော်နှင့် အသွေးတော်ကို ပြစ်မှားရာရောက်၏။ ( ၁ကော ၁၁း ၂၇)
သခင်ဘုရား၏ ပွဲတော်မင်္ဂလာနှင့်  မထိုက်တန်သောသူ ဆိုသည်မှာ မည်သို့ သောသူများကို ဆိုလိုပါသနည်း။ ထို့ အပြင်
( ၂၉)၌   မထိုက်တန်ဘဲစားသောက်သောသူသည် မိမိအပေါ်၌ အပြစ်ရောက်စေခြင်းငှါ စားသောက်သောသူဖြစ်၏ ဟူ၍
ရှင်ပေါလုက ထပ်မံ သတိပေးထားပြန်သောကြောင့်၊ ဤကိစ္စကို ပေါ့ပေါ့ဆဆ ထား၍မသင့်၊ အလေးအနက်ဖွင့်ပြီးဆင်ခြင်
လေ့လာဖို့ လိုလာပြီဖြစ်သည်။
မထိုက်တန်သောသူ ဆိုသည်မှာ မည်သို့ သော သူမျိုးကို ဆိုလိုပါသနည်း ဟူ၍ ကျွန့် တော်အနေဖြင့် တပည့်တော်အချို့ 
ကျမ်းစာကျောင်းသူကျောင်းသားများကို မေးပြီး သူတို့ နှင့်ဆွေးနွေးခဲ့ဖူးသည်။ အဖြေအမျိုးမျိုးရပါသည်။ အချို့ က မယုံ
ကြည်သောသူဟူ၍၎င်း၊ အချို့ က အရွယ်မရောက်သေး၍ ဗတ္တိဇံ (နှစ်ခြင်း)မင်္ဂလာမခံရသေးသူ ဟူ၍ ၎င်း အချို့ က အပြစ်
ပြုခဲ့၍ ၎င်းဖြေကြပါသည်။ဤအဖြေသည် မှန်သင့်သလောက်မှန်သောလည်း ပြည့်စုံခြင်းမရှိသေးပါ။
ဥပမာ၊ ။ မယုံကြည်သောသူသည် မယုံကြည်သေးခင်ကာလအတွင်း ပွဲတော်မင်္ဂလာကို မဆက်ဆံသင့်သော်လည်း ယုံ
ကြည်လာသော တစ်နေ့ တွင် ထိုက်တန် လာနိုင်ပါသည်။ ထိုနည်းတူ ဗတ္တိဇံ (နှစ်ခြင်း) ကို မခံရသေးသူများ အသင်းတော်
ဘောင်တွင်းသို့ အတည်ပြုအသင်းသားအဖြစ် ဝင်ရောက်ခွင့် ရောက်ရှိလာသူများသည်၊ ဗတ္တိဇံ(နှစ်ခြင်း)ကို ခံယူပြီးအတည်
ပြု အသင်းသားဖြစ်လာလျှင် ပွဲတော်မင်္ဂလာနှင့် ထိုက်တန်လာပြီး ထိုမင်္ဂလာကိုဆက်ဆံခွင့်ရနိုင်လာကြပါလိမ့်မည်။
ထိုနည်းတူ အသင်းသားအဖြစ်မှ ရပ်စဲခြင်း၊ အသင်းတော်အတွင်းမှ နှင်ထုတ်ခြင်းခံရသူများလည်း စစ်မှန်သောနောင်တရပြီး
အသင်းတော်ရှေ့ တွင် ဝန်ခံတောင်းပန်လိုက်၍ အသင်းတော်က ပြန်လည်လက်ခံလိုက်လျှင် ပွဲတော်မင်္ဂလာနှင့်ထိုက်တန်ပြီး
အလိုအလျောက်ဆက်ဆံခွင့် ရလာကြပါလိမ့်မည်။
ကာလအပိုင်းအခြားနှင့်သာဆိုင်ပြီး မထိုက်တန်သူ ဟူ၍ အမြဲသတ်မှတ်ထား၍မရပါ။သို့ ဖြစ်၍ ပွဲတော်မင်္ဂလာနှုင့်မထိုက်
တန်သူ ဆိုသည်မှာ မည်သို့ သောသူကို ဆိုလိုပါသနည်းအင်္ဂလိပ်ကျမ်းမူတွင် ( UNWORTH)ဟုဆိုထားပါသည်။ရှေးဦးစွာ
ရှင်ပေါလုက ဤကျမ်းပိုဒ်ကို ရေးစဉ်ကောရိန္တု အသင်းတော်၏ အခြေအနေ ကို လေ့လာဖို့ လိုလာပါပြီ။ ကောရိန္တုသြဝါဒစာ
များကို အေဒီ ၅၄ နှင့် ၅၅ ခန့် တွင် ရှင်ပေါလု ရေးသားခဲ့ပါ၏။ထိုသြဝါဒစာများကို လေ့လာကြည့်သည့်တစ်ပြိုင်နက် ကနဦး
အသင်းတော်၏ ဓလေ့ထုံးစံ တစ်ရပ်ကို ပါ သိရှိခွင့်ရခဲ့ပါသည်။ သခင်ဘုရားနေ့  ဟုခေါ်သော တနင်္ဂနွေနေ့ တွင် ယုံကြည်
သူ အသင်းသားအသင်းသူတို့ သည် တနေရာရာ သို့ မဟုတ် အိမ်တစ်အိမ်၌ စုရုံးကြပြီး မေတ္တာပြ မိတ်ဆုံစားပွဲ (Love
Feast)ကို ကျင်းပလေ့ရှိကြောင်း သိလာသည်။မိမိတို့ နေအိမ်မှ ထမင်းဟင်းများကို ယူလာပြီး ထမင်းဟင်းလျာများ လဲ
လှယ်ကာ မိတ်သဟာယဖွဲ့ ၍ အတူစားသောက်ကြခြင်းပင်ဖြစ်သည်။
ယုဒသြဝါဒစာ အခန်းငယ် ( ၁၂ ) တွင် မေတ္တာပွဲလုပ်၍ သင်တို့ စားသောက်ကြသောအခါ ဟူသော ကျမ်းစကားကို တွေ့ ရ
ပါလိမ့်မည်။ဂရိစကား DEIPNON ဟူသောစကားအရကမန်းကတန်း၊ သုတ်တီးသုတ်ဖျာ၊ စားသောက်သော ထမင်းစားပွဲမျိုး
မဟုတ်၊အေးအေးဆေးဆေး၊ တစ်ဦးနှင့်တစ်ဦး ညီရင်းအကို မောင်နှမများပမာ မိတ်ဖွဲ့ စကားစမြည်ပြောပြီး ချစ်ခင်ရင်းနှီးစွာ
စားသောက်ကြခြင်းကို ဆိုလိုပါသည်။
ကောရိန္တု အသင်းတော်၌ထို့ သို့ သော မိတ်ဆုံဖွဲ့ စားသောက်ပွဲနှင့် ပွဲတော်မင်္ဂလာဝတ်သည် ထွေးရောယှက်တင်ဒွန်တွဲနေ
သည်။ ရှင်ပေါလုက အတိအကျ မရေးသားထားသော်လည်း အတူတကွ မိတ်ဆုံစားသောက်ကြပြီး နောက်မှ ပွဲတော်မင်္ဂ
လာဝတ်ကို ဆက်ဆံပြီးမှ ပြန်သွားလေ့ရှိကြောင်း ယူဆရသည်။ သို့ သော် ထိုအသင်းတော်၌ ပြဿနာများရှိနေသည်။
(၁) အုပ်စုကွဲနေကြသည်။
အချို့ က ငါတို့ သည် ပေါလု၏တပည့်၊ ငါတို့ သည် အာပေါလု၏တပည့် ငါသည်ကေဖ၏ တပည့် ငါသည် ခရစ်တော်၏တ
ပည့် ဆိုပြီး အချင်းချင်းကွဲပြားနေကြသည်။ အုပ်စုကွဲနေသည့်အားလျောစွာ သဘောထားခြင်းလည်းကွဲပြားနေမည်မှာအ
မှန်ပင်ဖြစ်၏။ မိမိအုပ်စုလိုက်သီးခြားခွဲ၍ စားသောက်နေမည်ကိုလည်း မှန်းဆနိုင်သည်။ တစ်ဦးနှင့်တစ်ဦးခင်မင်ရင်းနှီးစွာ
ဝေမျှစားသောက်ခြင်းကွယ်ပျောက်နေနိုင်သည်။ ထို့ ကြောင့်လည်း ရှင်ပေါလုက ( ၁ကော ၁၁း ၁၈-၁၉) ၌ ပထမအ
ကြောင်းမူကား သင်တို့ သည် အသင်းတော်၌ စည်းဝေးကြသောအခါ အချင်းချင်း ကွဲပြားခြင်းရှိသည်ကို ငါကြားရ၏။ကြား
ရသည့်အတိုင်း မှန်ကောင်းမှန်လိမ့်မည်။ ဟုအတိအလင်း ရေးခဲ့ခြင်းဖြစ်၏။
(၂) လူတန်းစားခွဲခြားနေကြသည်။
ကောရိန္တု အသင်းတော်၌ ချမ်းသာကြွယ်ဝသူများရှိသကဲ့သို့ ဆင်းရဲနွမ်းပါးသူများ ရှိနေကြသည်။ လူကုံထံများသကဲ့သို့ ငွေ
ဝယ်ကျွန်များလည်းရှိနေသည်။ မြန်မာဆန်ဆန် ပြောရလျှင် အချို့ က ဘဲပေါင်း ကြက်သားဟင်း ယူလာနိုင်စေကာမူ အချို့ 
က ကန်စွန်းရွက်ချဥင်္ရည်ကလေးသာ ယူလာနိုင်သူများရှိပါလိမ့်မည်။ ချိုင့်ကြီးချိုင့်ငယ်ဖြင့် ပိုပိုလျှံလျှံ ယူလာနိုင်သူများ ရှိသ
ကဲ့သို့  ဆင်းရဲနွမ်းပါးသော ငွေဝယ်ကျွန်များအဖို့ ထို မေတ္တာပြမိတ်ဆုံစားပွဲ ကျမှ ဟင်းကောင်းထမင်းကောင်းစားနိုင်လိမ့်
မည်ဟု မျှော်လင့်ထားနိုင်သူရှိပါလိမ့်မည်။ သို့ သော် အုပ်စုကွဲ လူတန်းစားခွဲခြားနေသော အသင်းတော်အဖို့ သူဌေးသူ
ကြွယ်များသည် မိမိတို့ အုပ်စုလိုက် ပျော်ပျော်ပါးပါးစားနိုင်ကြသော်လည်း နွမ်းပါးသူတို့ အဖို့ ချမ်းသာကြွယ်ဝသူများ၏အစာ
းအစာမဆိုထားနှင့် စားပွဲနားပင်ချဉ်းကပ်နိုင်လိမ့်မည်မထင်ပါ။
(၃) စည်းမဲ့ကမ်းမဲ့ဖြစ်နေကြသည်။
အချို့ က ချိန်းချက်ထားရန်နေရာသို့ အရင်ရောက်ပြီး အိအိတို့ အုပ်စုလိုက် ထမင်းကောင်း ဟင်းကောင်းမှန်သမျှကို အဝစား
ပြီး အချို့ သူတို့ အတွက် ဖယ်ထားခြင်းမရှိပါ။ ဆင်းရဲနွမ်းပါးသူအချို့ အထူးသဖြင့်ငွေဝယ်ကျွန်များအဖို့  အနည်းနှင့်အများအ
လုပ်လုပ်ကြရသည်။ အချို့ မှာ မိမိတို့ အတွက် အစားအစာယူလာနိုင်စွမ်းမရှိ။ အသင်းတော်သို့ ရောက်လာသောအခါ သူတို့ ဖို့ စားသောက်စရာ ဘာမျှမရှိတော့ကြောင်း တွေ့ ရသဖြင့် ဝမ်းနည်းကြေကွဲနေကြရရှာ၏။အချိန်မှီရောက်လာသော ဆင်းရဲ
နွမ်းပါးသူများ အောက်တန်းလွှာများကိုလည်း လူကုံထံ၏ သူဌေးသူကြွယ်များက သူတို့ ဝိုင်းထဲသို့  အဝင်မခံဘဲ ဥပေက္ခာပြု
ခြင်း၊သို့ မဟုတ် နှင်ထုတ်ခြင်း ရှိနေပါလိမ့်မည်။ဤကိစ္စသည် စိတ်ကူးယဉ်ခြင်းမဟုတ်ပါ။ ရှင်ပေါလု၏ ၁ကော ၁၁း ၁၈-၂၁
ကို ဖတ်ရှုလျှင် ရှင်းရှင်းကြီးသိသာနိုင်ပါ၏။သင်တို့ သည် သခင်ဘုရား၏ ပွဲတော်ကို စားအံ့သောငှါ စည်းဝေးကြသည်မ
ဟုတ်။ အကြောင်းမူကား သင်တို့ စားကြသည်တွင် ကိုယ်စီကိုယ်စီ မိမိအစာကို အရင်ယူ၍ တစ်ချို့ ကား ဆာမွတ်လျက်
တစ်ချို့ ကစားသောက်ကြူးလျက်ရှိကြ၏ ဟုပြတ်ပြတ်သားသားပြောရသည်ထိ ဖြစ်လာခဲ့ပါ၏။ ဤကျမ်းပိုဒ်အားဖြင့် ကော
ရိန္တု အသင်းတော်သည် စည်းမဲ့ကမ်းမဲ့ဖြစ်နေသည်မှာ ထင်ရှားလာသည်။ ထို့ ကြောင့်ရှင်ပေါလု က ကောရိန္တု အသင်းတော်
၌ ကျင်းပနေသော မေတ္တာပြ မိတ်ဆုံစားပွဲနှင့် သန့် ရှင်းသော ပွဲတော်မင်္ဂလာ ဝတ်ကို သီးသန့် ခွဲခြားပစ်ခဲ့သည်။ ငယ် (၂၂)
ကို ဆက်ဖတ်ပါ။ သင်တို့ သည် စားသောက်စရာဖို့ ကိုယ်အိမ်မရှိသလော။ သို့ မဟုတ်လျှင် ဘုရားသခင်၏ အသင်းတော်
ကို မထီမဲ့မြင် ပြု၍ ဆင်းရဲသောသူတို့ ကို ရှက်ကြောက်စေသလော။ အဘယ်သို့ ငါဆိုရမည်နည်း။ ဤအမှုမှာ သင်တို့ ကို
ချီးမွမ်းရမည်လော။မချီးမွမ်းရ ဟု ဆက်လက် ဆုံးမပဲ့ပြင်ခဲ့ပါ၏။ ထို့ ကြောင့်ပွဲတော်မင်္ဂလာနှင့် ပတ်သက်၍ ဝိညာဉ်ရေးသင်
ခန်းစာ ထုတ်ယူကြပါစို့ ။
(၁)ပွဲတော်မင်္ဂလာနှင့်မထိုက်တန်ဘဲ စားသောက်သူဆိုသည်မှာ ထိုမင်္ဂလာဝတ်ကို ပေါ့ပေါ့တန်တန် ထား မထီမဲ့မြင်ပြု၊အ
လေးမြတ်မထားသူကို ဆိုလိုသည်။ ပွဲတော်မင်္ဂလာကို အလွန်အလေးအမြတ်ထားပြီး မှ ဆက်ဆံသင့်ပါသည်။ အမှန်ဆိုရ
လျှင်၊ ခရစ်ယာန်တို့ ၏ မင်္ဂလာဝတ်ထဲတွင် ပွဲတော်သည် အမြင့်မြတ်ဆုံးသော မင်္ဂလာဝတ်ဖြစ်ပါ၏။ အချို့ သော ဂိုဏ်းဂဏ
များအဖို့ ပွဲတော်မင်္ဂလာကို မဆက်ဆံယူမီ အပြစ်တောင်းပန်ခြင်း၊ဝတ်ကိုပင် အရင်ပြုပြီး မှ ရိုသေကျိုးနွံ ဒူးထောက်ခံယူလေ့
ရှိကြပါ၏။
အချို့ သော ဂိုဏ်းဂဏအဖို့ ကာယခန္ဒာအားဖြင့် ဒူးမထောက်စေကာမူ စိတ်နှလုံးထဲ၌ အလွန်ရိုသေကျိုးနွံသောစိတ်ထားဖြင့်
ပြင်ဆင်ပြီး မှ ဆက်ဆံလေ့ရှိကြ၏။ထို့ ကြောင့်လည်း ရှင်ပေါလုက  သို့ ဖြစ်၍ လူတိုင်းကိုယ်ကိုကိုယ် စစ်ကြောပြီးမှ မုန့် ကို
စားစေ။ ထိုနည်းတူ ခွက်ကိုလည်းသောက်စေ  ဟု သတိပေးခဲ့ခြင်းဖြစ်သည်။ မိမိကိုယ်ကို ပြင်ဆင်မှုမရှိ၊ ပွဲတော်ကို ပေါ့ပေါ့
ဆဆထားဆက်ဆံနေသောသူသည် ပွဲတော်နှင့် မထိုက်မတန်သူဟု မှတ်ယူထားစေလိုပါ၏။ မိမိကိုယ်ကို စစ်ကြောသောသူ
အနေဖြင့် မိမိတို့ ပြုခဲ့မိသောအပြစ် မပြုခဲ့မိသော အပြစ်တို့ ကို မြင်လာပြီးနောင်တသံဝေဂရလျက် ဆက်ဆံပါလျှင်၊ ပွဲတော်
မင်္ဂလာ၏ တန်ဖိုးကို မြင်လာပါလိမ့်မည်။
(၂)မထိုက်မတန်ဘဲ စားသောက်သောသူတို့ သည် သခင်ဘုရား၏ ကိုယ်တော်ကို ပိုင်းခြား၍ မသိသောသူဖြစ်၏။ ဤနေရာ
၌ သခင်ဘုရား၏ ကိုယ်တော် ဟူသော စကားလုံးကို အနက်ဖွင့်ကြည့်ဖို့ လိုပါ၏။ ခေတ်သစ်အင်္ဂလိပ်ကျမ်းမူTEV ကို ဖတ်ရှု
လျှင် ONE WHO DOES NOT KNOW THE MEANING ဟူ၍ အနက်ဖွင့်ရေးသားထားသည်ကို တွေ့ ရပါလိမ့်မည်။ ပွဲ
တော်မင်္ဂလာဝတ်ဖြစ်ပေါ်လာပုံသာမက ခရစ်တော်အသေခံတော်မူခြင်း၏ အဓိပ္ပါယ် အသားတော်၊ အသွေးတော်တို့ ၏
သန့် ရှင်းမြင့်မြတ်မှုထိုမင်္ဂလာဝတ်၏ အနှစ်သာရကို သတိမမူ အလေးဂရုမပြုဘဲ ဆက်ဆံနေသောသူကို ဆိုလိုသည်။
မှန်ပါသည်။ ပွဲတော်မင်္ဂလာကို ဆက်ဆံကြသည့်တပည့်တော်တိုင်းသည် သာမန်မုန့် ကလေးတစ်ဖဲ့ကိုသာ ကိုင်ထားကြပါ
လိမ့်မည်။ ခွက်ကိုယူဆောင်သောအခါတွင်လည်း သာမန်စပျစ်ရည်ခွက်ကလေးတစ်ခွက် မျှသာဖြစ်သည်ကို တွေ့ ရပါလိမ့်
မည်။ သို့ သော်သခင်ယေရှုသည် ရန်သူတို့ ၏ လက်သို့ အပ်နှံခြင်းခံခဲ့ရသော နေ့ ည၌ ပထမဦးဆုံးအကြီမ် ကျင်းပခဲ့သည်
နောက်ဆုံးသောညစာကို ပြန်လည်စဉ်းစားကြည့်ပါ။ ကိုယ်တော်သည် တဆေးမပါသော သန်မန်ပေါင်မုန့် ကလေးတစ်ခုကို
ကိုင်ထားစေကာမူ ဤမုန့် ကား သင်တို့ အဖို့ အလိုငှါ ချို့ ဖဲ့သောငါ၏ကိုယ်၊ ဟူ၍ မိန့် တော်မူခဲ့ပါသည်။ ခွက်ကိုလည်းယူ၍
ခွက်ထဲ၌ ရှိသော စပျစ်ရည်သည် သာမန်စပျစ်ရည် မျှသာဖြစ်စေကာမူ ဤခွက်ကားငါ၏ အသွေးဟု မိန့် တော်မူခဲ့ပါသည်။
တမန်တော်တို့ ကိုင်ထားကြသော အရာများမှာလည်း သာမန်မုန့် နှင့် စပျစ်ရည်များသာ ဖြစ်စေကာမူကိုယ်တော်က ငါ၏အ
သွေး ငါ၏အသားဟုမိန့် တော်မူခဲ့၏။
ခရစ်တော်ကိုယ်တော်တိုင်က ပုံဆောင်တင်ထား၍ ပြောခဲ့ခြင်းဖြစ်ပါသည်။ သို့ သော်ပုံဆောင်ခြင်း တင်စားပြောဆိုခြင်း ဆို
သည်မှာ မြင်တွေ့ နေရသော အရာ တစ်စုံတစ်ခုကို မမြင်ရသော ကိုင်သွယ်စမ်းသပ်၍ မရနိုင်သောအရာ တစ်ခုခုကို မြင်
တွေ့ လာစေရန်နှင့်ထိတွေ့ ခံစားလာစေရန် ပုံဆောင်တင်စားပြီး ထောက်ပြနေခြင်းသာဖြစ်ပါသည်။ကျွန်တော်တို့ အားလုံး
သည် ပုံဆောင်တင်စားထားသော အမှတ်လက္ခဏာ ပေါင်းများစွာနှင့် သက်ရှင်နေထိုင် လျက်ရှိကြရပါသည်။ ဥပမာများပြပါ
ရစေ။ လူတစ်ဦးနှင့်တွေ့ ၍ ပြုံးပြလိုက်ခြင်းသည် မမြင်မတွေ့ ရသော အတွင်းစိတ်နှလုံးသားတွင်းမှ ကျေနပ်မှု ကြည်နူးမှု
အားရမှု ကို ဖော်ပြလိုက်ခြင်းသာဖြစ်ပါသည်။ မဲ့လိုက်ခြင်းအားဖြင့် ထို မဲ့လိုက်သောမျက်နှာထားမှတစ်ဆင့် မမြင်ရသော
စိတ်နှလုံးထဲမှ မနှစ်မြို့ မှု မကျေနပ်မှုကို ပုံဆောင်ဖြစ်နေခြင်းသာဖြစ်၏။ လက်ထပ်လက်စွပ်တစ်ကွင်းသည် ပုံဆောင်ထား
သော အမှတ်လက္ခဏာ ရုပ်ပိုင်းပစ္စည်းတစ်ခုဖြစ်စေကာမူ အစမရှိ အဆုံးမရှိသော မေတ္တာသာမက လက်ထပ်ခဲ့စဉ်ကပေး
လိုက်သော ကတိသစ္စာကို ပုံဖော်ပြနေခြင်းသာဖြစ်သည်။  ထိုနည်းတူ ဆက်ဆံကြမည့် မုန့် နှင့်စပျစ်ရည်သည် သာမန်မုန့် 
နှင့် စပျစ်ရည်ဖြစ်ရုံမက ဈေးထဲ၌ လွယ်လင့်တကူ သွား၍ ဝယ်ယူနိုင်ပါသည်။ သို့ သော် ခရစ်တော်က ဤ မုန့် ကားငါ၏
ကိုယ် ဤခွက်ကားငါ၏အသွေး ဟု မိန့် တော်မူခဲ့ခြင်းကြောင့် မြင်တွေ့ ကိုင်တွယ်စမ်းသပ်၍ ရနိုင်သော မုန့် နှင့်စပျစ်ရည်
အားဖြင့် မမြင်မတွေ့ ကိုယ်တွယ်စမ်းသပ်၍ မရနိုင်သော ကိုယ်တော်၏ ကျေးဇူးတော် မေတ္တတော်၊ အပြစ်လွှတ်ခြင်း ကရု
ဏာတော် တို့ ကို ထောက်ပြနေသော ဝိညာဉ်ရေးအဓိပ္ပါယ် နှင့်တန်ဖိုးရှိနေကြောင်းအထူးသတိပြုစေလိုပါ၏။ (ယော ၅း ၅၆) တွင် ငါ၏အသားနှင့် အသွေးကို ဆက်ဆံသောသူသည်ငါ၌တည်၏။ ထိုသူ၌လည်း ငါတည်မည်။ဟူသော ကတိတော်
အားဖြင့် ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်သွားစေနိုင်သည့် တန်ခိုးအာနိသင်ကို ပါသတိရစေလိုပါသည်။ မာတင်လူ
သာပြောခဲ့သော စကားကို ဤနေရာ၌ ကိုးကားချင်ပါသည်။ သခင်ခရစ်တော်ကိုယ်တော်တိုင်က ထို သို့ မိန့် တော်မူခဲ့သည်။
အကယ်ပင်လှိုက်လှဲစွာမိန့် တော်မူပြီး မိမိ၏ စွန့် လှူပူဇော်ခြင်း အဓိပ္ပါယ်ကိုထောက်ပြနေသောကြောင့် ကျွန်တော်တို့ သည်
ထိုမုန့် နှင့်စပျစ်ရည်ကို ရိုသေကျိုးနွံစွာ ဒူးထောက်လက်ခံယူသင့်ကြပါသည် ဟုဆိုခဲ့ပါ၏။
(၃)သခင်ဘုရား၏ ကိုယ်တော်ကို ပိုင်းခြား၍မသိသောသူငည် မထိုက်မတန်သောဖြစ်သွားနိုင်ပါသည်။ ခရစ်တော်၏ ကိုယ်
တော်ဟူသော စကား၏ ဒုတိယ အဓိပ္ပါယ်မှာ အသင်းတော်လည်းဖြစ်ပါ၏။(၁ကော ၁၂း ၁၂ )တွင် ရှင်ပေါလုက ခရစ်တော်
၏တစ်ခုတည်းသော ကိုယ်ဖြစ်သည့် အသင်းတော်၌ ကျွန်ုပ်တို့ သည် အင်္ဂါခြင်းဖြစ်ကြောင်းသတိပေးပြီးမှ ၂၇ တွင်သင်တို့ 
သည် ခရစ်တော်၏ ကိုယ်ဖြစ်ကြ၏ ဟု အတိအလင်းဆိုခဲ့ပါသည်။ ခရစ်တော်၏ ခန္ဒာကိုယ်တည်းဟူသော အသင်းတော်၌
လူတန်းစား လူ့ အလွှာအဆင့်အတန်း ခွဲခြားမှုလုံးဝမရှိပါ။သခင်ဘုရား၏ စားပွဲတော်၌ လူကုံထံ ငွေဝယ်ကျွန်သူဌေးသူ
ကြွယ်ဆင်းရဲနွမ်းပါးသူ အသားမည်း အသားဖြူဟူ၍ ခွဲခြားနေမှုမရှိပါ။ ကားတိုင်၏ ခြေရင်းတော်သည် တစ်ပြေးညီဖြစ်သည်
အသင်းတော်၌ လူတန်းစားခွဲခြား အုပ်စုကွဲပြားဂုဏ်တုဂုဏ်ပြိုင်လုပ်နေသောသူသည် အပြစ်သား အားလုံးအတွက် အသေ
ခံခဲ့သော အရှင်ကို မထီမဲ့မြင်ပြုနေရာရောက်၍ သခင်ဘုရား၏ ကိုယ်တော်တည်းဟူသော အသင်းတော်၏စည်းလုံးညီ
ညွတ်မှု ပျက်ပြားအောင်လုပ်နေသူဖြစ်၏။ မင်းညီမင်းသားမှ အစ ငွေဝယ်ကျွန် အထိ တညီတည်းဖြစ်ပါ၏။ရှင်ပေါလုက
(၁ကော ၁၀း ၁၇) တွင် မုန့် တစ်လုံးတည်း ရှိသည်ဖြစ်၍ ငါတို့ ရှိသမျှသည် တစ်လုံးတစ်ဝတည်းဖြစ်သော ထို မုန့် ကို
ဆက်ဆံခံယူသောကြောင့် အများဖြစ်သော ငါတို့ သည် တစ်လုံးတစ်ဝတည်းဖြစ်ကြ၏ ဟူ၍ သတိပေးခဲ့ပါ၏။ထို့ ကြောင့်ခ
ရစ်တော်ထံ ကိုယ်တည်းဟူသော အသင်းတော်ကို တမင်တကာဖျက်လိုဖျက်ဆီး ကွဲပြားခြားနား ပျက်ပြားစေရန် ကြိုးပမ်း
နေသောသူသည် သခင်ဘုရား၏ ပွဲတော်မင်္ဂလာ နှင့် မထိုက်မတန်သောသူဖြစ်ပါ၏။




ဝန်ခံချက်။ ဆရာ သန်လျင်ဖေသွင် ၏ တရားဒေသနာ အမှန်ဖြစ်ပါသည်။