ဧဒင်ခေတ်၏ ထူးခြားချက်
ဧဒင်ခေတ်သည် အပြစ်မရှိသောကြောင့်၊ ဘုရားရှင်နှင့်သွားလာလို့ ရသည်။ ဤခေတ်မျိုးသည် ကမ္ဘာသစ်၌ ဘုရားသခင်၏
တဲတော်သည် လူတို့ အကြား၌ တည်ရှိ၍ ဘုရားကိုယ်တော်တိုင်ပါရှိသော အခါ၊ ပြန်လည်တွေ့ ရမည်ဖြစ်သည်။( ဗျာ ၂၁း၃
ဧဒင်ခေတ်၌ ဘုရားသခင်သည် လူအာဒံနှင့်ပေါင်းဖော်ခဲ့သည်။ထိုကဲ့သို့ ပေါင်းဖော်ခြင်းသည် ကမ္ဘာပေါ်မှ အပြစ်ကျိန်ခြင်းကို
ဖယ်ရှားပြီးမှသာ ဖြစ်နိုင်မည်။ လူသည်အပြစ်စီရင်ခြင်းခံရပြီးသူဖြစ်သည်။(ယော၃း ၁၈) ထို့ ကြောင်းဘုရားသခင်သည်လူ
ကို အပြစ်သားပျက်စီးသွားသောအရာ ပျောက်သွားသောသူအဖြစ်ဆက်ဆံဖို့ လိုသည်။ပျက်စီးသွားသောအပြစ်သားဖြစ်ရုံမ
ကပျက်စီးသော ဖန်ဆင်းအပ်သော အရာဖြစ်သည်။လူ၌ကောင်းသောအရာတစ်ခုမှမရှိ။ဘုရား၏ရန်သူဖြစ်သည်။ ဘုရားသ
ခင်သည် အာဒံနှင့် ဧဝအသက်ပင်ကို ပြန်စားမည် စိုးရိမ်သောကြောင့်ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခဲ့သည်။ဧဒင်ခေတ်သည်အဆို
းဖြင့် အဆုံးသတ်သည်။လူသည်အပြစ်စီရင်ခြင်းခံရ၍တကမ္ဘာလုံးကျိန်ခြင်းခံရသည်။အပြစ်ကင်း၍ ပတ်ဝန်းကျင်ကောင်းခြင်
းသည်အပြစ်လုပ်ဖို့ ရန် အကာအကွယ်ပေးနိုင်သည်ဟု ဆိုကြသော်လည်း ဧဒင်ခေတ်ကိုကြည့်ခြင်းအားဖြင့်ထိုအဆိုမမှန်
ကြောင်းတွေ့ ရသည်။ဧဒင်ခေတ်(အပြစ်ကင်းခြင်းခေတ်) သည် မည်မျှကြာသည်ကို ကျွန်ုပ်တို့ မသိခဲ့ရပါ။
မှုတော်မြတ်၌ ....... အတား (မိုးကုတ်လီဆူလေး)
No comments:
Post a Comment