Wednesday, February 8, 2012

ခေတ်ကာလများ (၄ )

                                                          ပညတ်တော်ခေတ်  (Legal  Dispensation)
ဤခေတ်သည် ထွက်မြောက်ရာမှ ခရစ်တော်မွေးဖွားသည် အထိဖြစ်သည်။ ဂျူးလူမျိုးများသည် အီဂျစ်ပြည်၌ အကြီးအကျယ်ဒုက္ခရောက်သောအခါ
ဘုရားသခင်ထံအော်ဟစ်ကြ၏။ ဘုရားရှင်က သူတို့ ကို ကယ်လွှတ်ဖို့ မောရှေကိုစေလွှတ်၏။ မောရှေိဦးဆောင်မှုဖြင့် အီဂျစ်ပြည်ကျွန်ဘဝမှ   ထွက် 
မြောက်ခဲ့ကြသည်။ ဘုရားသခင်က အာဗြံဟံအား သင်၏အမျိုးအနွယ်သည် သူတပါးပိုင်သောပြည်(အီဂျစ်)၌ ဧည့်သည်ဖြစ်ကြသဖြင့် သူတပါးတို့ ၌
ကျွန်ခံခြင်း နှိပ်စက်ညှင်းဆဲခြင်းကို အနှစ်လေးရာပတ်လုံးခံရကြလိမ့်မည် ကို အမှန်သိလော့။ သူတို့ ကို စေခိုင်းသောလူမျိုး(အီဂျစ်)ကိုလည်း ငါစီရင်
မည်။ထို့ နောက်မှ သူတို့ သည် များစွာသောဥစ္စာနှင့်ထွက်ကြလိမ့်မည်။( ကမ္ဘာ ၁၅း ၁၃ -၁၄)ဟုဆို၏။ အီဂျစ်ပြည်သည် လောကနှင့်၎င်း၊ဂျူးလူမျိုး
သည် အပြစ်သားအဖြစ်၎င်း ဖာရောဘုရင်သည် နတ်ဆိုးနှင့်၎င်း မောရှေိ(ပရောဖက်၊ ယဇ်ပရောဟိတ်၊ရှင်ဘုရင်) သည် ခရစ်တော်နှင့်၎င်း ပုံဆောင်
ထားသည်။
လောကသားတိုင်းသည် လောကထဲ၌ ကျွန်ခံနေကြ၍ ဖာရောဘုရင် ကဂျူးလူမျိုးများအား နှိပ်စက်သကဲ့သို့ နတ်ဆိုးစာတန်သည် လောကသားများ
ကိုနှိပ်စက်သည်။ ဂျူးလူမျိုးများ အော်သကဲ့သို့  လောကသားများအော်သောအခါ၊ဘုရားရှင်က မောရှေကဲ့သို့ သော ခရစ်တော်ကိုလွတ်ပေးပါသည်။
ထို့ ကြောင့်မိတ်ဆွေလည်း ခရစ်တော်၏ ကယ်တင်ခြင်းကို လက်ခံလျှင်၊ စာတန်လက်မှ လွတ်မြောက်၍ ဂျူးလူမျိုးများချမ်းသာစွာ    ထွက်သကဲ့သို့ 
ချမ်းသာစွာ နှင့်ထွက်မြောက်လာလိမ့်မည်။ရှေးအခါ၌ ဘုရားသခင်သည် လူလူခြင်းအုပ်စိုးခြင်းကို လက်ခံခဲ့သော်လည်း ယခုအခါ    ပညတ်တော်နှင့်
စနစ်တကျ အုပ်ထိန်း၍ မြင်နိုင်သောဝတ်ပြုနည်းများကို နေရာချမှတ်ပေးခဲ့သည်။၎င်းမှာ ဘုရားသခင်ကိုယ်တော်တိုင်  သူရွေးကောက်သောသူအား
 ဖြင့် အုပ်ချုပ်မည်။ ဘုရားရွေးထားသောသူမှာ မောရှေဖြစ်သည်။ မောရှေသေသောအခါ ယောရှုကဆက်ခံသည်။ ယောရှုသေပြီးနောက်၊ ဂျူးလူမျိုး
များတွင် အုပ်ချုပ်သောသူမရှိ။လိုအပ်သောအခါ တရားသူကြီးများ အုပ်ချုပ်၍၊ ရန်သူများလက်မှ ကယ်လွတ်ပေးသည်။  တရားသူကြီးများလက်ထဲ
၌ နှစ်ပေါင်း( ၄၅၀) ကြာသည်။ထို့ နောက်ဂျူးလူမျိုးများသည် ဘုရားသခင်ထံရှင်ဘုရင်ပေးရန် တောင်းသောကြောင့်  ရှောလုအားပေး၍    သူသည်
နှစ်ပေါင်း(၄၀) အုပ်စိုးသွားသည်။ထို့ နောက်ဒါဝိဒ်သည် ဆက်ခံ၍ နှစ်ပေါင်း(၄၀) အုပ်စိုးပြန်သည်။ ဒါဝိဒ်မင်းလက်ထက်  ၌ ဂျူးလူမျိုးများသည်   အ
ထွဋ်အထိပ်သို့ ရောက်သောအချိန်ဖြစ်သည်။ ဂျူးလူမျိုးများသည် ခေတ်အဆက်ဆက်ယနေ့ တိုင် ထိုအချိန်ကာလမျိုးကို တောင့်တမျှော်လင့်လျက်
နေကြသည်။ ဒါဝိဒ်မင်းသေဆုံးပြီးနောက် သားတော်ရှောလမုန် သည် နှစ်ပေါင်း (၄၀)အုပ်စိုးသည်။ရှောလမုန် ဘုရင်သည် ဘုရားသခင် ကောင်းကြီး
ခံစားရ၍ ပညာ၌လည်း ကောင်းကြီးပွားသည်။ သို့ သော်လည်းမိန်းမများစွာယူ၍ ထိုမိန်းမများ၏ ရုပ်တုများကို ကိုးကွယ်ခြင်းကြောင့်    ဘုရားသခင်
သည်အမျက်တော်ထွက်၍ သူ့ လက်ထက်၌ ပြစ်ဒဏ်ပေးသော်လည်း သူသေပြီးနောက် နိုင်ငံကို နှစ်ခြမ်းခွဲလိုက်သည်။ (ဘီစီ ၉၇၅)၌ သူဆုံးပြီးရော
ဗောင်သည် ယုဒနှင့်ဗင်္ယာမိန်အမျိုးကိုသာ အုပ်စိုးလျက် ယေရုရှလင်မြို့ ၌ နန်းထိုင်သည်။ ထိုတောင်ဘက်နိုင်ငံကို ယုဒပြည်ဟုခေါ်သည်။       ကျန်
သော အမျိုး (၁၀)မျိုးကို ယေရောဗောင် အုပ်စိုး၍ က္ကုသရေလနိုင်ငံဟုခေါ်သည်။က္ကုသရေလနိုင်ငံ၏မြို့ တော်သည်  ရှမာရိမြို့ ဖြစ်၍ အုပ်စိုးသောမင်း
အားလုံးတို့ သည် ဘုရားသခင်၏ အလိုတော်သို့ မလိုက်၊ ရုပ်တုကိုးကွယ်၍ ရွံရှာဖွယ်အပြစ်လုပ်သူလည်းရှိသည်။ ထို့ ကြောင့်က္ကုသရေလပြည်ပျက်
ပြီး နှစ်ပေါင်း (၁၁၅)ဘီစီ (၆၀၆)အကြား၌ ဗာဗုလုန်လက်အောက်သို့ ဘုရားသခင်သည် အပ်လိုက်သည်။ (ဘီစီ ၅၃၆) ၌ယုဒသည် ဗာဗုလုန်ကျွန်အ
ဖြစ် အနှစ်(၇၀)ခံပြီးနောက်ပြန်လာကြသည်။ ထို သို့ ပြန်လာသောအခါ ဂျူးလူမျိုးများဟူ၍ခေါ်ဝေါ်ခြင်းဖြစ်သည်။  (ဘီစီ ၁၆၆- ၄၀)အတွင်း အက်(စ)
မိုနိယံ (Asmoneans) လက်အောက်၌ ပါလက်စတိုင်းပြည်ပြန်လည်အုပ်စိုးဘို့ ရန် ကြိုးစားသော်လည်း (ဘီစီ၄၀)၌     ရောမရှင်ဘုရင်က ဟေရုဒ် ကို
ဘုရင်ခံအဖြစ် ခန့် လိုက်သည်။ (အေဒီ ၇၀)၌ ရောမစစ်ဗိုလ်ချုပ်တိတုက ယေရုရှလင်မြို့ ကို တိုက်ခိုက်ဖျက်စီးလိုက်၍     ဂျူးလူမျိုးများကို ပါလက်စ
တိုင်းပြည်မှ နှင်ထုတ်လိုက်သည်။ဤခေတ်၌ ဘုရားသခင်သည် က္ကုသရေလနိုင်ငံနှင့် အထူးအမှုဆောင်သည်။     ပညတ်တော်အတိုင်း စီရင်သည်။
ပညတ်တော်သည် က္ကုသရေလ လူမျိုးထံ၌သာပေးသည်။ အခြားသောအမျိုး၌မပေး။ ထို့ ကြောင့်က္ကုသရေလလူမျိုးကို ပညတ်တော်လိုက်လျှောက်
မလျှောက်အပေါ်အမှီပြု၍တရားဆုံးဖြတ်သည်။ ထိုပညတ်တော်သည်(ꓚeremonial Law) သည် (အေဒီ ၇၀) ၌  ယေရုရှလင်မြို့      ပျက်သောအခါ
လိုက်လျှောက်ခြင်းကုန်သွားသည်။ပညတ်တော်ခေတ်သည် အံ့သြဖွယ်ခေတ်ဖြစ်၍ ဘုရားရှင်သည် သူ့    လူမျိုးများအတွက် အံ့သြဘွယ်အမျိုးမျိုး
ဖြင့်ပြသည်။ဂျူးလူမျိုးကို အီဂျစ်ပြည်မှ အံ့သြဘွယ်ဘေးဒုက္ခပေးပြီး နောက် ဆွဲနှုတ်၍ ပင်လယ်နီကိုလည်း ခွဲပေးလိုက်သည်။သိနာတောင်ပေါ်မှသူ
တို့ ကို စကားပြော၍ သုတို့ နှင့်အတူမိုးတိမ်တိုက်နှင့် မီးတိုင်အားဖြင့်ဦးဆောင်သည်။ တောထဲ၌ နှစ်ပေါင်း(၄၀)အတွင်းကောင်းကင်မှ            မန္နမုန့် 
ကျောက်ထဲမှ ရေဖြင့်ကျွေးမွေးသည်။ ယော်ဒန်မြစ် ကိုလည်းခွဲပေး၍ ခါနန်ပြည်သို့ အောင်မြင်စွာ ဝင်သွားကာ စစ်တိုက်ပေးသည်။      ရန်သူဘေးမှ 
ကွယ်ကာ၍ အောင်မြင်မှုပေးသော်လည်း ဘုရားသခင်ကို စွန့် ၍ ရုပ်တုကို ကိုးကွယ်သောအခါ၊ ဘုရားသခင်သည်သူတို့ ကိုစွန့် ကာရန်သူများလက်
သို့ အပ်လိုက်သည်။သားတော်ကိုစေလွတ်သောအခါ၌လည်း ယုံကြည်ခြင်းမရှိဘဲ လာကြ ထိုသူသည်အမွေခံမည့်သူဖြစ်၏ ဟုဆိုကာ သတ်လိုက်
ကြသည်။ ထို ကြောင့်ဘုရားသခင်သည် သူ၏လူမျိုးရွေးထားသော ဂျူးလူမျိုးများကို နိုင်ငံမှ နှင်ထုတ်ကာ  တိုင်းနိုင်ငံမရှိဘဲ  နိုင်ငံအနှံ့      အပြားသို့ 
ပြန့် နှံ့ စေကာ သူတို့ သည် နှိပ်စက်ညှင်းဆဲခြင်းကို ခံရကြသည်။ ဤခေတ်လည်း အရင်ခေတ်များကဲ့သို့ ပင် နိဂုံးချုပ်မကောင်းချေ။


              မှုတော်မြတ်၌........အတား (မိုးကုတ်လီဆူလေး)

























































 

Tuesday, February 7, 2012

ခေတ်ကာလများ (၄)


                                           ဘိုးဘေးများခေတ် (The  Patrianchal  Dispensation )
    ဤခေတ်သည် အာဗြံဟံကို ခေါ်သောအချိန်မှ ဂျူးလူမျိုးများ အီဂျစ်ပြည်မှ ထွက်မြောက်ခြင်းအထိ ကြားကာလဖြစ်သည်
မိသားစုခေတ်ဟုလည်းခေါ်နိုင်သည်။ ဗာဗုလုန်ရဲတိုက်ဆောင်၍ ကွဲပြားသောအချိန်မှ စ၍ နောဧမှဆင်းသက်သော သားစဉ်
မြေးဆက် တို့ သည် ရုပ်တုကို ကိုးကွယ်ကြ၏။ အာဗြံဟံ၏ ဖခင်ကိုယ်တိုင်လည်း ရုပ်တုကိုးကွယ်သောသူဖြစ်၏။ ဘုရားသ
ခင်သည် အာဗြံဟံအားရွေးကောက်၍ ခေါ်တော်မူ၏။ အာဗြံဟံလည်း ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် လိုက်၏။ ထို့ 
ကြောင့် အာဗြံဟံသည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းကို ရ၏။( ကမ္ဘာ ၁၅း ၆) ဘုရားသခင်သည် အာဗြံဟံအားဖြင့်
လူမျိုးတမျိုးတည်ထောင်၍ သူ၏သက်သေဖြစ်ဘို့ ရန်ရည်ရွယ်၏။ ဘုရားသခင်သည် အာဗြံဟံအား သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့ သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည် ဟုဆို၏။(ကမ္ဘာ ၂၂း ၁၈)
 ဘုရားသခင်က သင်၏အမျိုးအနွယ်ဟု ဆိုရာ၌ က္ကုဇက်ကို ဆိုလိုခြင်းမဟုတ်။ ထိုအကြောင်းကို တမန်တော်ရှင်ပေါလုက
(ဂလာ ၃း ၁၆) ၌ ဂတိတော်အာဗြံဟံနှု့် သူ၏အမျိုးအနွယ်၌ ထားတော်မူ၏။ အမျိုးအနွယ် တို့  ဟု အများသောသူတို့ ကို
ရည်မှတ်၍ မိန့် တော်မူသည်မဟုတ်။ သင်၏အမျိုးအနွယ် ဟုတယောက်သောသူကို ရည်မှတ်၍ မိန့် တော်မူ၏။ ထို တ
ယောက်သောသူကို ရည်မှတ်၍ မိန့် တော်မူ၏။ ထိုတယောက်သောသူကားခရစ်တော်ဖြစ်သည်။ ထို့ ကြောင့်ဘုရားသခင်
သည် အာဗြံဟံထံမှ ခရစ်တော်ပေါ်ထွန်းမည့်အကြောင်း ဖော်ပြခဲ့၏။ ခရစ်တော်အားဖြင့် လူမျိုးအပေါင်း (တပါးအမျိုးသား)
မိတ်ဆွေနှင့် ကျွန်တော်အပါအဝင် ကောင်းကြီးခံစားဘို့ ရန်ဖြစ်သည်။ အာဗြံဟံသည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်း
ကိုရ၏။(ကမ္ဘာ ၁၅း ၆ ။ ရော ၄း ၂-၃) ယုံကြည်ခြင်း၏ တံဆိပ်အဖြစ် အရေဖျားလှီး မင်္ဂလာကို လည်းခံရ၏။(ရော ၄း ၁၂
 ယုံကြည်ခြင်းရှိသော သူတို့ ၏ အဘလည်းဖြစ်၏။ ဘုရားသခင်၏ အဆွေလည်းဖြစ်၏။ ဘုရားသခင်နှင့်နီးနီးကပ်ကပ်စ
ကားပြောရ၏။ ထို ကြောင်းယုံကြည်သောသူတို့ ကောင်းကင်ရောက်သောအခါ အာဗြံဟံရင်ခွင်ရောက်သည်ဟုဆိုတတ်၏
(လု ၁၆း ၂၃ ) ယုံကြည်သောသူတို့ ကို အာဗြံဟံ၏ သားတော်ဟုလည်းခေါ်၏။(ဂလာ ၃း ၇) ထိုသို့ အာဗြံဟံသည် ယုံ
ကြည်ခြင်းအားကြီးသော်လည်း သူ၏သားစဉ်မြေးဆက်တို့ သည် ဘုရားသခင်ကို မယုံကြည်၍ အီဂျစ်ပြည်၌ ကျွန်ခံရကြ၏ ဤခေတ်သည်လည်း ယခင်ခေတ်များနည်းတူ ဆုံးရှုံးခြင်းဖြင့်နိဂုံးချုပ်ရ၏။

                   မှုတော်မြတ်၌....... အတား (မိုးကုတ်လီဆူလေး)

ခေတ်ကာလများ (၃)


                                     ရေလွှမ်းမိုးပြီးခေတ်။ ( post –Deluvian Dispensation)
လူသားအုပ်စိုးသောခေတ် ( Human Government Dispensation) ဟူ၍လည်းခေါ်သည်။ ကမ္ဘာပေါ်၌ နောဧတို့ မိသားစု(၈)ယောက်မှ ပြန်လည်တိုးပွားလာသော သူများဖြစ်သည်။ ဘုရားသခင်သည် လက်ရွေးစင် အဖြစ်နောဧ ကိုရွေးကောက်ခဲ့သော်လည်း သူတို့ ၏ သားစဉ်မြေးဆက်တို့ သည်၊ဘုရားမသိသော သူများဖြစ်လာကြသည်။ နောဧသည် ရေလွှမ်းမိုးပြီး
နောက် ယဇ်ပလ္လင်တည်၍ ပူဇော်ခဲ့သည်။ ထိုခေတ်၌ ဘုရားသခင် ၏ အမိန့် တော်မှာ သင်တို့ သည် သားကိုဘွား၍ များပြားကြလော့။ မြေပေါ်မှာ အလွန်မွေးဘွား၍ များပြားကြလော့ ဟု မိန့် တော်မူ၏။( ကမ္ဘာ ၉း ၇) ဘုရားရှင်သည် သူတို့ အား ကမ္ဘာပေါ်၌ ပြန့် နှံ့ ခိုင်းသော်လည်း သူတို့ သည် လာကြ အုတ်လုပ်၍ ခိုင်မာစွာဖုတ်ကြကုန်အံ့ ဟုတယောက်ကိုတယောက်
ပြောဆိုကြ၏။ လာကြ မြေကြီးတပြင်လုံး၌ အရပ်ရပ် ကွဲပြားမည်ကို စိုးရိမ်၍ မြို့ ကို၎င်း မိုဃ်းကောင်းကင်သို့ မှီသောရဲတိုက်ကို၎င်း တည်လုပ်သဖြင့် ကျော်စောကိတ္တိရှိစေခြင်း ငှါ ပြကြကုန်အံ့ ဟုပြောဆို၏။(ကမ္ဘာ ၁၁း ၃-၄)ထို ကြောင့်ဘုရားသခင်
ကသူတို့ စကားကို ကွဲပြားစေ၍ သူတို့ သည် ဆက်ဆံ၍ မရသောကြောင့်အရပ်ရပ်သို့ ကွဲပြားကုန်၏။ ဤခေတ်သည်လည်းအရင်ခေတ်များကဲ့သို့ ဘုရားစကားနားမထောင်ဘဲ ပျက်စီးခြင်းသို့ ရောက်ရကြ၏။ အမွေဆိုးအဖြစ် ယနေ့ ဘာသာစကားအမျိုးမျိုး ကွဲပြားခြင်း၏ ဒဏ်ကို ကျွန်ုပ်တို့ ခံစားရကြ၏။

                                 မှုတော်မြတ်၌ ......  အတား (မိုးကုတ်လီဆူလေး)

ခေတ်ကာလများ ( ၂)


                     ရေမလွှမ်းမိုးမှီခေတ်ကာလ (ကောင်းမကောင်းသိသောခေတ်)The Antediluvian Age
အာဒံနှင့်ဧဝ အပြစ်ကျူးလွန်ပြီးအချိန်မှ ရေလွှမ်းမိုးခြင်း အထိ နှစ်ပေါင်း ( ၁၆၅၆)နှစ်ကာလအတွင်းဖြစ်သည်။(ကမ္ဘာ၃း ၂၂
၆း ၈) ဧဒင်ခေတ်၌ အာဒံနှင့်ဧဝတို့ သည် ကောင်းမကောင်းသိသောဥာဏ်မရှိ။ သို့ သော် ကောင်းမကောင်းသိနိုင်သော သ
စ်ပင်၏ အသီးစားသောကြောင့်ကောင်းမကောင်း သိတတ်လာကြသည်။ ဤခေတ်၌ လူသည် ကောင်းမကောင်းသိသော ဥာဏ်အားဖြင့် နေထိုင်ရမည်ဖြစ်သည်။ ကောင်းမကောင်းသိသောဥာဏ်သည် ကြောက်ခြင်းနှင့် ရှက်ခြင်းသာဖြစ်စေနိုင်သ
ည်။ လူကို မကောင်းသော အရာလုပ်ခြင်းမှ မတားမြစ်နိုင်ချေ။ အကြောင်းမှာ ကောင်းမကောင်း သိတတ်သော ဥာဏ်တန်ခို
းမရှိ။ ကောင်းမကောင်းသိသောဥာဏ်သည် လူကို အကျိုးမပေး။ လူတိုင်းထင်ကြသည်မှာ ကောင်းမကောင်း သိတတ်သော ဥာဏ်သည် ဘုရားသခင်ပေးသော အရာဖြစ်သောကြောင့် အသုံးပြုရမည် ဟုဆိုကြသည်။ ကောင်းမကောင်း သိသော ဥာဏ်သည် ဘုရားသခင်ပေးသော အရာမဟုတ်ပါ။ ဘုရားသခင်က လူတို့ အား ကောင်းမကောင်းကို မသိစေချင်ပါ။သို့ သော်စာတန်၏ လှည့်ဖြားမှုကြောင့် သစ်သီးစားခြင်း အားဖြင့်သိလာသည်။ ထို့ ကြောင့်စာတန်လက်ဆောင်ဟု ဆိုနိုင်သည်။
ကောင်းမကောင်းသိသောဥာဏ်ကြောင့် အာဒံနှင့်ဧဝတို့ သည် ဘုရားသခင်ကို ကြောက်ကြသည်။ ယနေ့ လောကီပညာရှိ
များသည် ကောင်းမကောင်း သိသောဥာဏ် အလွန်ဖွံ့ ဖြိုးသောကြောင့် ဘုရားသခင်ကို လက်မခံနိုင်ကြ။ ထို့ ကြောင့်ဘုရား
သခင်က ဘုရားမရှိဟု မိုက်သောသူထင်တတ်၏(ဆာလံ ၁၄း ၁ ၊ ၅၃း ၁) ဟုဆိုထားသည်။ ဤကောင်းမကောင်းသိသော
ဥာဏ်ပင်လျှင် လောကီသားများက ပညာဟုဆိုကြသည် မဟုတ်လော။သို့ သော်ကျမ်းစာက ပညာရှိသောသူတို့ ၏ ပညာ
ကို ငါဖျက်ဆီးမည်။ ဥာဏ်ကောင်းသောသူတို့ ၏ ဥာဏ်ကိုလည်း ငါပယ်မည် ဟုလာသတည်း။(၁ကော ၁း ၁၉)လောကိကို
ဘုရားသခင် မိုက်စေတော်မူသည် မဟုတ်လော(၁ကော ၁း ၂၀) ထို့ ကြောင့်လောကီပညာအားဖြင့် ဘုရားသခင်ကို မသိ
နိုင်။(သုတ္တံ ၃း ၅ ) ၌ ထာဝရ ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ဟုဆိုထားပါသည်။
ထို့ ကြောင့်အချုပ်အားဖြင့်ဆိုသော် ကောင်းမကောင်းသိသောဥာဏ်သညေ လောကီအရာ၌ ကောင်းသော်လည်း ဝိညာဉ်
ရေးရာ အားဖြင့်ကြည့်ပါက ဘုရားသခင်နှင့်မတွေ့ နိုင်အောင် ပညာရှိသူတိုင်းကိုဟန့် တားသောရန်သူဖြစ်သည်။ အာဒံနှင့်ဧ
ဝမပြစ်မှားခင်မှာ ကိုးကွယ်ခြင်းမှရှိ။ ဘုရားသခင်နှင့် သွားလာကြ၏။ သို့ သော်အပြစ်ကြောင့်ယဇ်ပူဇော်ခြင်း အားဖြင့် ကိုး
ကွယ်ဘို့ လိုလာသည်။ အာဒံနှင့် ဧဝ၏ သားနှစ်ယောက်ဖြစ်သော ကာက္ကုနနှင့် အာဗေလတို့ သည် ကိုးကွယ်ခြင်းအမှုကို ပြု
ကြ၏။ ကာက္ကုန သည် လယ်ထွက်သီးနှံအားဖြင့်လည်းကောင်း သူ့ ညီအာဗေလသည် သိုးအားဖြင့်လည်းကောင်း ယဇ်ပူ
ဇော်သောအခါ ဘုရားသခင်က အာဗေလ နှင့်သူ၏ ယဇ်ကိုသာလက်ခံ၏။ ကာက္ကုနနှင့်သူ၏ ပူဇော်သက္ကာကို ပမာဏမပြုး
(ကမ္ဘာ ၄း ၁ ၅) ဘုရားသခင်သည် အဘယ့်ကြောင့် ကာက္ကုန၏ ပူဇော်သက္ကာကို လက်မခံသနည်း။လူအချို့ ထင်မှတ်ကြ
သည်မှာ ညံ့သောအရာ ပေးသောကြောင့်လည်းကောင်း စိတ်စေတနာ မရှိသောကြောင့်လည်းကောင်း ဖြစ်သည်ဟုဆို
သည်။ ထို သို့ မဟုတ်ပါ။ ဘုရားသခင်ကြိုက်နှစ်သက်သောအရာသည် အသွေးအားဖြင့် ပူဇော်ခြင်းဖြစ်ပါသည်။ လူအပြစ်
ဖြေသောအရာကားအသွးဖြစ်ပါသည်။ (ဝတ်ပြု ၁၇း ၀၀) အသွေးသွန်းလောင်းခြင်းမရှိလူအပြစ်ဖြေလွတ်ခြင်းမှရှိ။(ဟေဗြဲ ၉း ၂၂)ကာက္ကုနသည် သူ၏ ပူဇော်သက္ကာကို ဘုရားသခင် လက်မခံသောအခါ စိတ်ဆိုးသည်။ ထိုအခါ ဘုရားသခင်က သင်
သည် အဘယ့်ကြောင့်စိတ်ဆိုးသနည်း။ အဘယ်ကြောင့်မျက်နှာပျက်သနည်း။ သင်သည် ကောင်းမွန်စွာပြုလျှင် အခွင့်မရ
သလော။ကောင်းမွန်စွာမပြုလျှင် အပြစ်ဖြေသော ယဇ်ကောင်သည် တံခါးနားမှာဝင်လျှက်ရှိ၏။ သူသည် သင်၏အလိုသို့ 
လိုက်၍ သင်သည် သူ့ ကို အုပ်စိုးရ၏ ဟုကာက္ကုန ကို မိန့် တော်မူ၏။ (ကမ္ဘာ ၄း ၅-၇)ကာက္ကုနသည် လယ်သများဖြစ်သော
ကြောင့်ယဇ်မရှိချေ။ ထို့ ကြောင့်လယ်ထွက်သီးနှံဖြင့်ကိုးကွယ်မည်ကို သိသောကြောင့် ဘုရားသခင်က ယဇ်ကောင်ကို ပေး
ထား၏။ မတွေ့ တွေ့ အောင် တံခါးနားမှာ ရပ်ခိုင်း၏။ သို့ သော်ကာက္ကုနသည် ဘုရားသခင်ပေးသောယဇ်ကောင်ကို ပမာဏ
မပြု။ မိမိအကြံအားဖြင့် လုပ်အားမှ ရသော သီးနှံဖြင့် ကိုးကွယ်၏။ဘုရားသခင်၏ အကြံကိုပယ်သောကြောင့် သူနှင့်သူ၏
ယဇ်ပူဇော်သက္ကာလဲပယ်ခြင်းခံရ၏။ထိုနည်းတူ ယနေ့ မြောက်များစွာသောလူတို့ သည် ဘုရားသခင် အစီအစဉ် ပေးထား
သော ယဇ်ကောင်(ခရစ်တော်)ကို ပယ်ကာ မိမိတို့ အကြံအစည်အတိုင်း ကိုယ်ကျင့်တရားနှင့် အလှူဝတ္ထုများကို အားကိုး
လျှက် ဘုရားထံချဉ်းကပ်ကြ၏။ သို့ သော်လည်း ကျမ်းစာက အကျွန်ုပ်တို့ ရှိသမျှသည် စင်ကြယ်ခြင်းမရှိပါ။ ပြုဘူးသမျှ
သော ကုသိုလ်ကောင်းမှုတို့ သည်လည်း ညစ်သောအဝတ်နှင့်တူပါသည်။(ဟေရှာ ၁း ၁၂-၁၄)အာဗေလမူကား ခရစ်တော်
၏ အသွေးကိုပုံဆောင်သော သိုးဖြင့် ပူဇော်သောအခါ ဘုရားသခင်လက်ခံ၏။ ထိုနည်းတူ မိမိအပြစ်အတွက် ခရစ်တော်၏
အသွေးကိုအားကိုးခြင်းဖြင့် ဘုရားရှင်ထံချဉ်းကပ်သောသူကို ဘုရားရှင်သည် ငြင်းပယ်တော်မမူ။ ဤနေရာ၌ဂိုဏ်းနှစ်ခုစ
တင်လေ၏။ မိမိကိုယ်ကို အားကိုးသောဂိုဏ်း၊ ကိုယ်ကျင့်တရားနှင့် အလှူကို အားကိုးသောဂိုဏ်းနှင့် အသွေးတော်ကိုအား
ကိုးသောဂိုဏ်း၊  ကာက္ကုနနှင့် အာဗေလ ဂိုဏ်း ယနေ့ ကမ္ဘာပေါ်၌ ဘာသာအမျိုးမျိုး ဂိုဏ်းဂဏအမျိုးမျိုးကွဲပြားခြားနားသော်
လည်း ဘုရားအမြင်မှာနှစ်မျိုးထဲရှိ၏။ခရစ်တော်၏ အသွေးကို အားကိုးသောသူနှင့် အားမကိုးသောသူ၊ ဖြစ်၏။ ဘုရားသခင်
သည် အာဗေလ ၏ ပူဇော်သက္ကာကို လက်ခံ၍ ကာက္ကုန၏ ပူဇော်သက္ကာကို လက်မခံသောအခါ၊  ကာက္ကုနသည် အလွန်
စိတ်ဆိုး၍သူ့ ညီကို သတ်လေ၏။( ကမ္ဘိာ ၄း ၈ ) ကမ္ဘာပေါ်ရှိ ပထမဦးဆုံးလူသတ်မှုဖြစ်၏။ အာဒံနှင့်ဧဝဘုရားစကားနားမ
ထောင်မှုကြောင့် သူတို့ ၏ သားအချင်းချင်းသတ်ကြ၏။ ကာက္ကုန၏ သားလာမက်သည်လည်း လူပျိုတယောက်ကိုသတ်၍ ဒုတိယ မြောက်လူသတ်သမားဖြစ်သည်။ ကောင်းမကောင်းသိသော်လည်း လူမသတ်အောင်မတားဆီးနိုင်။  အာဒံနှင့်ဧဝ
သည် ဧဒင်ဥယျာဉ်စိုက်ပျိုးမွေးမြူစရာ မလိုသော်လည်း အပြစ်ကြောင့်နဖူးမှ ချွေး ခြေမထိ ကျသည့်တိုင်အောင်အလုပ်လုပ်
ဖို့ လိုလာသည်။ 


           မှုတော်မြတ်၌ .. . . .  . . .အတား (မိုးကုတ်လီဆူလေး)

Monday, February 6, 2012

ꓰternity


Eternity


     There is only one of two places in eternity that we can go: Heaven or Hell.  Each one of us will be placed in one of these two places on Judgment Day to be there forever and ever.  Our Lord in speaking of eternity in Matthew 25:46 says, "And these will go away into everlasting punishment, but the righteous into eternal life".  Notice that the duration of the lost in Hell is exactly the same as the duration of the saved in Heaven, "forever and ever".  It is hard for us as mortals to grasp how long eternity will be, but after we have been there a billion years, eternity will have just begun.
     According to the U. S. News & World Report, January 31, 2000, 36% of people do not believe in Hell.  But Hell is a real place.  To say there is no Hell is to make God a liar.  “Let God be true and every man a liar” (Romans 3:4).  Satan does not want you to believe in Hell.  Satan is accomplishing his purpose since there is very seldom any teaching on Hell today.  It is not a “politically correct” subject.  A person who does not believe Hell is real will most likely go there.  Ignoring or scoffing at Hell will not do away with it. 
      We do not like to think about eternal punishment.  But it evidently must be very important or God would not have told us about it.  Let's first consider what the Lord says about eternal punishment of Hell and then we will turn our attention to a more pleasant thought, Heaven.  Jesus spoke as much about the eternal punishment of Hell as He did any other subject.  He took our punishment and gave His life to keep us out of Hell.  In His attempt to persuade us not to go there, He has given us numerous warnings in His word.
     Our Lord in describing how horrible that Hell will be for the many who will end up going there, says in Matthew 13:42, "And will cast them into the furnace of fire.  There will be wailing and gnashing of teeth".  This definitely will be a horrible and terrible place beyond description. Jesus says in Mark 9:43-48 concerning those who are lost, that they will be "cast into Hell, into the fire that shall never be quenched: where their worm does not die, and the fire is not quenched".
     Jesus tells us if there is anything in our life that is going to cause us to be lost, to correct it or to get rid of it now.  Notice Jesus says a person is cast or thrown into Hell.  The worm is a flesh-eating maggot that does not die, but will continuously feed forever and ever on the lost in Hell.  In Hell, one is burning over every square inch of his body and even all on the inside but is never consumed.  The continuous fire and the worms will never accomplish the annihilation of any of the lost.  The lost in Hell will prefer to cease their existence, but they cannot.  Their perpetual nightmare of torment will continue forever and ever.  It will never cease.  The lost “shall be tormented with fire and brimstone…and the smoke of their torment ascends forever and ever; and they have no rest day or night” (Revelation 14:10-11).  The occupants of Hell will never know relief or rest from their torment.  Hell is such a horrible place.  Hell is not a fictitious place, it is real.  
     There will be no reprieve or appeal to a higher court, because we will have been judged by the highest.  The Lord is trying to get our attention and to give us fair warning.  He is pleading with us not to go there because He has already paid our price and taken our punishment.  But we make the choice.  The choice is ours.  We will bear the responsibility and the consequences.
     One of the many warnings Jesus gives us is the true account of the rich man and Lazarus.  “There was a certain rich man” and “there was a certain beggar named Lazarus”.  [The rich man was lost],“And being in torments in Hades, he lifted up his eyes and saw Abraham afar off, and Lazarus in his bosom.  Then he cried and said, Father Abraham, have mercy on me, and send Lazarus that he may dip the tip of his finger in water and cool my tongue; for I am tormented in this flame.  But Abraham said, son remember…and besides all this, between us and you there is a great gulf fixed, so that those who want to pass from here to you cannot, nor can those from there pass to us” (Luke 16:19-20, 23-26).  Notice it says there was a certain rich man and a certain beggar named Lazarus.  This is not a fictitious fairy tale.  In Hell people will be in continual unceasing torment and pain in which all will be constantly pleading for mercy.  With their unquenchable thirst they will beg for even one drop of water, but they will not receive it.  How much relief and how long would one drop of water last on the tongue of those who are being eternally tormented in the burning fires of Hell?  It would not last even one second.  We must wake up and heed our Lord’s warning.  Their desperate and hopeless state is permanent where they will remain eternally.  They are condemned there forever.  In Hell people are conscious and will see, feel, wail, and remember as they endure the continual intense pain and suffering.
     The many who end up in eternal punishment will not be there alone.  They will have company. Revelation 20:10 says, "The devil, who deceived them, was  cast into the lake of fire and brimstone where the beast and the false  prophet are.  And they will be tormented day and night forever and  ever".  Not very good company to be in.  Notice that the torment goes on "day and night forever and ever".       
     There are many people who scoff at the idea of eternal punishment, but they are scoffing at what God says.  The fire will burn forever and those who are lost will be there in the fire for eternity whether they want to believe it or not.  In eternity their scoffing will quickly change to weeping and wailing and gnashing of teeth.  We must take what our Lord says in the Bible seriously. Hell is real!  There is no way for the horrors of Hell to be adequately described in human language.  Many people do not realize the danger of eternally losing their souls.  This is very serious!
     Those lost in Hell will be those “whom is reserved the blackness of darkness forever” (2 Peter 2:17).  Those in Hell will attempt to find God, “Then they will call on Me, but I will not answer; they will seek Me diligently, but they will not find Me” (Proverbs 1:28).  They will not be able to forget their rejection of God.  There will be no atheists in Hell, because all those in Hell will believe that there really is a God, but it will be too late then.   
     “The Lord knows how to…reserve the unjust under punishment for the Day of Judgment” (2 Peter 2:9).  Hell must be avoided at all costs.  No one can begin to exaggerate how horrible Hell is going to be.  Its misery and anguish is beyond description.  It will never, never, never, ever end.  
    We are being warned, “It is a fearful thing to fall into the hands of the living God” (Hebrews 10:31) and “Knowing, therefore, the terror of the Lord we persuade men” (2 Corinthians 5:11).  We must make sure we don’t end up in Hell, and we must warn other people who will listen.  We “must be even more diligent to make your calling and election sure” (2 Peter 1:10).  Jesus has promised, “Be faithful until death and I will give you the crown of life” (Revelation 2:10).  Anyone who ends up in Hell will only have himself to blame.
     In Hell there will be billions of people crying out in indescribable pain and agony for which there will be no relief or hope that things will ever get better.  There will be haunting memories of all the opportunities of salvation that they passed up.  Eternity is forever and has no end.  There will be no opportunity for second chances.  Hell is eternal, final, and irrevocable. 
     We read in Revelation 14:11, "And the smoke of their torment ascends forever and ever, and they have no rest day or night."  But reading further we see in Revelation 20:15, "And anyone not found written in the Book of Life was cast into the lake of fire".   It is imperative that our name be found in the Book of Life.  Is your name in that book?  Do you know for sure, or are you making a wishful assumption?  It will be too late on the Day of Judgment to find out that your name is not there.
Heaven
     Now let us turn our attention to something more pleasant, Heaven.  Our Lord says in John 14:2-3, "In My Father’s house are many mansions; if it were not so, I would have told you.  I go to prepare a place for you.  And if I go and prepare a place for you, I will come again and receive you unto Myself; that where I am, there you may be also".  Heaven will be a very wonderful place.  For the few who go there it will be beyond their wildest dreams and they will be totally surprised and amazed.  As we read in 1 Corinthians 2:9, "Eye has not seen, nor ear heard, nor have entered into the heart of man the things which God has prepared for those who love Him."  There is no way that the glories of Heaven can be adequately described to us mortal beings.  The only way will be to see it.
     Heaven will be the very opposite of eternal punishment.  Revelation 21:4 says, "And God will wipe away every tear from their eyes; there shall be no more death, nor sorrow, nor crying.  There shall be no more pain, for the former things have passed away".  There will be no weeping, and no wailing, and no gnashing of teeth as will be happening in eternal torment.  But there will forever and ever be nothing but joy, and peace, and happiness, beyond description.  What a wonderful place Heaven will be.  But again, the choice is ours.  We cannot escape the consequences if we make the wrong choice.  We will not accidentally end up in Heaven.  Heaven is a prepared place for prepared people.  Our Lord says in Matthew 6:33, "But seek first the kingdom of God, and His righteousness."  Going to Heaven has got to be our number one goal in this life.  We must want to go to Heaven more than anything else.

Saturday, February 4, 2012

ရင့်ကျက်သောအသက်တာ


                                                      ကားတိုင်မှ သရဖူ သို့ 
ကယ်တင်ခြင်းဆိုသည်မှာဘုရားသခင်သည်လူသားများအတွက်အကြံတော်၏အစသာရှိသေးသည်။ကယ်တင်ခြင်းသို့ 
ရောက်ပြီးမှ၊ဝိညာဉ်တော် ကြီးထွားရှင်သန်မှုလမ်းစဉ် အဆင့်ဆင့် အတိုင်း ကားတိုင်မှ သရဖူသို့ တိုင်အောင်၊ဆက်လက်ချီတက်ရန် ယုံကြည်သူများအတွက်၊ ရည်မှန်းချက်ရှိတော်မူ၏။အဆင့်တိုင်းတွင် ယုံကြည်သူသည်စုံစမ်းခြင်းအမျိုးမျိုးတွေ့ 
ကြုံရမည် ဖြစ်ပြီး၊ ၎င်းပြသနာ အသီးသီးတို့ ကို ယုံကြည်ခြင်းဖြင့်သာ ကျော်လွှာနိုင်မည်ဖြစ်သည်။(ရောမ ၁း ၁၇)မှာ ယုံကြည်သူသည် ယုံကြည်ခြင်းမှ ယုံကြည်ခြင်းသို့ (  from faith to faith)ရှင်သန်ကြီးထွားရမည်ဟု ပေါလုက သွန်သင်ထားသည်။ ယုံကြည်ခြင်း ဟူသော ဟေဗြဲစကားလုံးငါးလုံးက ဓမ္မသစ်လာ ရှင်သန်ကြီးထွားခြင်းအဆင့်ငါးဆင့်ကို သရုပ်ဖေါ်လျက်ရှိ၏။
၁။ ကလေးသူငယ်အဆင့် (၁ပေ ၂း ၂) ယုံကြည်သူအားလုံးဘုရားသခင်၏ မိသားစုဝင်အဖြစ် ကလေးသူငယ်အဆင့်ဖြင့်ဝင်ရောက်လာကြပြီး သခင်ခရစ်တော်၌ ယုံကြည်ခြင်းကို အလေ့အကျင့်လုပ်ရင်း ရှင်သန်ကြီးထွားလာကြရသည်။ အမှောင်ခန်းဖြစ်သော (မိခင်ဝမ်ထဲ)မှ အလင်းရောင်ရှိရာ (ဤလောကသို့ ) ခက်ခဲစွာ တွန်းပို့ မွေးဖွားခြင်းခံကြရသည်။ ကလေးသူငယ်များအတွက် အဓိကလိုအပ်သော အရာသည် အစာအဟာရပင်ဖြစ်သည်။ အလားတူ ဝိညာဉ်ကလေးအတွက် အဓိက
လိုအပ်ချက်သည် ကြီးထွားရှင်သန်ခြင်းဖြစ်သည်။ တစ်နှစ်သား ကလေးငယ်သည် စားခြင်း၊ငိုခြင်း၊အိပ်ခြင်းနှင့် လက်ဆော့ခြင်းမှ အပ၊ အခြားလုပ်နိုင်သော အရာမရှိသေးချေ။ မိမိဝတ်ဖို့ စားဖို့ မပြင်ဆင်တတ်ခြင်းကြောင့် မိဘများစိတ်ဓါတ်ကျလေ့မရှိ။အလားတူ ဝိညာဉ်ရေးရာ ကလေးများသည်လည်း မိမိအတွက်မိမိ ဘာမျှ လုပ်နိုင်ခြင်းမရှိကြသေးသဖြင့် ပြုစုစောင့်ရှောက်ခြင်း ခွန်အားပေးခြင် နှင့် လမ်းညွန်ခြင်းလိုအပ်ကြပေသည်။ဝိညာဉ်ရေးရာ၌ ကလေးဆန်ခြင်းသည် (ကမ္ဘာ၁၅း ၆
လာ amen ခေါ် မှီခိုအားထားသော ယုံကြည်ခြင်း ကသရုပ်ဖေါ်လျက်ရှိ၏။
၂။ မီးကောင်ပေါက်စအရွယ်အဆင့်။ (၁ယော ၂း ၁၃-၁၄) မီးကောင်ပေါက်စအရွယ်အဆင့်ရှိသော ယုံကြည်သူများကို ရှင်ပေါလုက ငယ်ရွယ်သော ခွန်အားရှိသော စိတ်အားထက်သန်သောသူများဟု ဖေါ်ညွန်းထားသည်။ဤအဆင့်ရှိယုံကြည်သူများသည် သမ္မာတရားဆိုင်ရာယုံကြည်ခြင်းဆိုင်ရာမူအချို့ ကို တော်တန်ရုံနားလည်သဘောပေါက်ကြပြီဖြစ်သည့်အပြင်၊ အ
သက်တာမှာလည်း လက်တွေ့ အကောင်အထည် စတင်ဖေါ်ထုတ်လျက်ရှိနေပါပြီ။ သို့ သော်အခြား(မယုံကြည်သူ) မီးကောင်ပေါက်စအရွယ်များကဲ့သို့ စိတ်မောက်မာလျက် အုပ်စိုးသောသူများ (မိဘများအပါအဝင်) အားတော်လှန်ပုန်ကန်လိုသော စိတ်ရှိတတ်ကြသည်။ ၎င်းပြင် မိမိသဘောဖြင့် မိမိလှုပ်ရှားလိုသော စိတ်ဆန္ဒထက်သန်သောအခါလည်းရှိ၍ ပြသနာ
ကြုံတတ်ကြသည်။ ၎င်းတို့ ၌ ရှိသော အသိပညာ( အနည်းငယ်) ကိုအလိမ္မာထင်တတ်ကြသောအခါလည်းရှိ၏။သို့ သော်
အတွေ့ အကြုံကိုမူမရှိကြသေးချေ။ သူတစ်ပါး၏အသက်တာမှာ သမ္မာတရားကို လက်တွေ့ အကောင်အထည်ဖေါ်လိုသောဆန္ဒပြင်းပြကြသည်။ မီးကောင်ပေါက်စအရွယ်ဆိုသည်မှာ ပြဿနာပေါများသည့်အစွမ်းဖြစ်ပါသော်လည်း အလုပ်တွင် စိတ်
မပါခြင်းကို မူ မရှိလှကြပေ။၎င်းတို့ ၏ ခွန်အားကို ပုံမှန်အသုံးပြုစေနိုင်ရေးအတွက် ဇွဲရှိရှိသင်ကြားပို့ ချရန် လိုအပ်သည်။မီးကောင်ပေါက်အရွယ်အဆင့်ကို ဖြတ်သန်းမသွားဘဲ မည်သူမျှ ရင့်ကျက်သော အသက်တာမရကြချေ။ ဝိညာဉ်ရေးရာမှာ မီးကောင်ပေါက်စအရွယ်အဆင့်ကို (ဆာလံ ၃၇း ၃ )မှာ batach ခေါ်လုံးပန်းသော ယုံကြည်ခြင်း ကသရုပ်ဖေါ်လျက်ရှိ၏။
၃။ရင့်ကျက်သောအသက်တာ။ (ဟေဗြဲ ၅း ၁၄ ၊ ၆း ၁) ရင့်ကျက်သော ယုံကြည်သူသည် အဆင့်မြင့်နှုတ်ကပတ်တော်မူဝါ
ဒဆိုင်ရာ စားဖွယ်ဟင်းလျာများကို ပြင်ဆင်တတ်နေပါပြီ။ ဤအဆင့်ရောက် ယုံကြည်သူများသည် မိမိခရစ်ယာန်အသက်တာအတွက် သမ္မာကျမ်းစာကို တော်တန်ရုံအသုံးချတတ်နေပါပြီ။ ပြဿနာကြုံသောအခါ၌လည်း ဖြေရှင်းတတ်နေပါပြီ။တစ်
ပါးသူ၏ပြဿနာကို ဖြေရှင်းပေးပါရန်၊ အသင့်မရှိသည်တိုင်အောင် မိမိပြဿနာကို မိမိဖြေရှင်းတတ်နေပါပြီ။ မိမိအသက်တာမှာ ဘုရားသခင်သည် အကြံတော်တစ်ခုရှိကြောင်း ထိုသူသည် သဘောပေါက်လျက် ထိုအကြံတော်အောင်မြင်ရေးအတွက် ဝင်ရောက်လုံးပန်းတတ်နေပါပြီ။ မိမိကိုယ်မိမိ သင်ကြားပို့ ချခြင်း၊ စည်းကမ်းလိုက်နာခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် ဝိညာဉ်ရေးရာကြွက်သားများထွားကြိုင်အောင်ပြုလုပ်ခြင်းများ လုပ်တတ်နေပါပြီ။ ဝိညာဉ်ရေးရာရင့်ကျက်မှုကို(ဆာလံ၅၇း ၁ )လာ chasah ခေါ် စိတ်ချမှုရှိသောယုံကြည်ခြင်း ကသရုပ်ဖေါ်လျက်ရှိ၏။
၎။ယုံကြည်ခြင်းသူရဲကောင်း။ (ဟေရှာ ၅၃း ၁၂ ။ ဟေဗြဲ ၁၁း) ရင့်ကျက်သောအသက်တာကိုကျော်လွန်လျက် အောင်မြင်စွာ ဝိညာဉ်ရေးရာ) စစ်တိုက်ကျွမ်းကျင်သည့် ယောင်္ကျားမိန်းမမျာကို ယုံကြည်ခြင်းသူရဲကောင်းများဟုခေါ်သည်။ မိမိအသက်တာအတွက် လိုအပ်သောတာဝန်ဝတ္တရားများသာမကဘဲ၊ အခြားသောသူများအတွက် လည်းအသက်ရှင်
တတ်ကြပြီ။ မိမိဘေးပတ်ဝန်းကျင်မှာလဲနေသောသွေးသောက်မိတ်ဆွေများကိုလည်း ထူမပြီး ၎င်းတို့ ၏ အနာများကိုကုသကာ၊ ခွန်အားပေးရင်း လိုအပ်သောအရာများကို ပံ့ပိုးနိုင်ကြပြီ။ ယုံကြည်ခြင်းသူရဲကောင်းများသည်ပင်လျှင် မှားတတ်ကြသည်။ ဆုံးရှုံးတတ်ကြသည်။ သို့ သော်ချက်ချင်းပြန်ထပြီး စစ်မြေပြင်သို့ ချက်ချင်းအရောက်သွားတတ်ကြ၏
ယုံကြည်ခြင်းသူရဲကောင်းတို့ ၏ အသက်တာသည်(ယောဘ ၁၃း ၁၃ လာ) yachat ခေါ် အနာရောဂါငြိမ်းစေနိုင်သောယုံကြည်ခြင်း ကသရုပ်ဖော်လျက်ရှိ၏။
၅။ဘုရားသခင်၏မိတ်ဆွေ။ (ယာကုပ် ၂း ၂၅) လူ့ အသက်တာမှာ အမြင့်ဆုံးသော အောင်မြင်မှုသည် ဘုရားသခင်၏မိတ်ဆွေဖြစ်ခြင်းပင်ဖြစ်ပေသည်။ယုံကြည်သူအသီးသီး၌ ဤအဆင့်ကို ရောက်ရှိနိုင်သည့်အလားအလာကောင်းရှိကြပါသော်လည်း ခရစ်ယာန်အနည်းငယ်ကသာ ဤအဆင့်ကို ရောက်နိုင်၏။ဇွဲနပဲရှိရန်နှင့် စွဲမြဲစွာ ဆုပ်ကိုင်ရန်လိုအပ်သည်။
မည်မျှပင်ခက်ခဲစေကာမူ လက်မြှောက်အရှုံးပေးခြင်းမရှိသောသူများသာ ဤအဆင့်သို့ ရောက်ကြ၏။ဘုရားသခင်၏မိတ်ဆွေဖြစ်ခြင်းသည် (ဟေရှာ ၄၀း ၃၁)လာ qawah ခေါ် စွဲမြဲသောယုံကြည်ခြင်းက သရုပ်ဖော်လျက်ရှိ၏။



              မှုတော်မြတ်၌ ......... အတား(မိုးကုတ်လီဆူလေး)